မန်စီးတီးကို အမြဲတမ်း နိုင်ချင်တယ်လို့ ပြောလိုက်တဲ့ ပေါ့ဘာ

မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာက ယနေ့ ယှဉ်ပြိုင်ခဲ့တဲ့ ICC ပွဲဟာ ချစ်ကြည်ရေးပွဲ ဆိုပေမယ့် မန်ချက်စတာဒါဘီပွဲလို့ သတ်မှတ်ထားပြီး မန်စီးတီးကို အမြဲတမ်း အနိုင်လိုချင်တယ်လို့ ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ မန်စီးတီးအသင်းကို လူကာကူနဲ့ ရှက်ရှ်ဖို့ဒ်တို့ သွင်းဂိုးတွေနဲ့  ၂-၀ ရလဒ်ဖြင့် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

“ဒီပွဲကို ဒါဘီပွဲလို့ပဲ ကျွန်တော်သိတယ်” လို့ ပေါ့ဘာက ကလပ်ဝက်ဆိုဒ်မှာ ပြောထားပါတယ်။

“ဒီပွဲက ချစ်ကြည်ရေးပွဲ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မန်စီးတီးကို အမြဲတမ်း အနိုင်လိုချင်တယ်။ ဒါကလည်း စမ်းသပ်မှုအတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတာ အားလုံးကို ပြသလိုက်တာပဲ”

“ဒီနေ့ပွဲက တတိယမြောက်ပွဲဖြစ်ပြီး အောင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အနိုင်ရလိုတဲ့ စိတ်ဓာတ်ကိုတော့ ထိန်းသိမ်းသွားရမယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …