“ကန်တိုနာနဲ့ ဂစ်တို့လောက် ပေါ့ဘာ မကောင်းဘူး”လို့ ပြောလိုက်တဲ့ မိုရက်

ပေါ့ဘာဟာ ဂန္ဒ၀င်ကစားသမားတွေ ဖြစ်ကြတဲ့ အဲရစ်ကန်တိုနာ၊ ရိုင်ယန်ဂစ်တို့လို အထူးကောင်းမွန်တဲ့ မန်ယူကစားမျိုး မဟုတ်ဘူးလို့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုရက်စ်က ပြောလိုက်ပါတယ်။

“ပေါ့ဘာက ထိပ်တန်းကစားသမားတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူက မန်ချက်စတာယူနိုက်တက်အတွက် လုံးဝပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ်မယ်လို့ မထင်ဘူး” လို့ မိုရက်က ESPN မှာ ပြောပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး အေဂျက်စ်နဲ့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲမှာ အရေးပါတဲ့ သွင်းဂိုး သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မိုရက်စ်ကတော့ ပေါ့ဘာဟာ မန်ယူအသင်းအတွက် ကွဲပြားခြားနားအောင် လုပ်နိုင်လိမ့်မယ် မထင်ကြောင်း အခုလို ဆက်ပြောပါတယ်။

“အရင်နှစ်တွေတုန်းက မန်ယူအသင်းဟာ ကန်တိုနာ၊ ရိုင်ယန်ဂစ်တို့လို အထူးကောင်းမွန်တဲ့ကစားသမားတွေ ပိုင်ဆိုင်ခဲ့တယ်။ ပေါ့ဘာက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ဘူး။ သူက ကစားသမားကောင်းတစ်ယောက်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကွဲပြားခြားနားအောင် လုပ်နိုင်ပါ့မလား” လို့ မေးခွန်းထုတ်လိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …