မိုရာတာမခေါ်ဘဲ ကိန်းကိုခေါ်သင့်တယ်လို့ မန်ယူကို ပေါလ်မာဆွန်အကြံပေး

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆွန်က မန်ယူနည်းပြ မော်ရင်ဟိုအား ပရီးမီးယားလဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း အကြံပေးလိုက်ပါတယ်။

မန်ယူအသင်းက တိုက်စစ်မှူး မိုရာတာအတွက် ပေါင် (၅၂.၄)သန်းနဲ့ စတင်ကမ်းလှမ်းခဲ့ရာ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ပေါလ်မာဆွန်က မိုရာတာဟာ မန်ယူနဲ့ အံဝင်မှာမဟုတ်ဘဲ၊ ချဲလ်ဆီးနဲ့သာ သင့်တော်တယ်လို့ အကြံပြုလိုက်ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုသာ ကမ်းလှမ်းဖို့ Sky Sports မှာ အခုလိုပြောထားပါတယ်။

“မန်ယူက ကမ္ဘာ့အကြီးမားဆုံးကလပ်တွေထဲက တစ်ခု။ သူတို့မှာ ပရီးယားလီဂ်ဖလားရဖို့ လိုအပ်တယ်”

“ချဲလ်ဆီးအသင်းက လူကာကူနဲ့ယှဉ်ရင် မိုရာတာက ပိုပြီး အံဝင်လိမ့်မယ်။ ကျွန်တော် ရိုးသားစွာ စဉ်းစားမိတာလေး ပြောရရင် ဟယ်ရီကိန်းဘက်ကို မန်ယူ လှည့်သင့်တယ်။ သူအတွက် ပေါင် သန်း (၉၀)၊ (၁၀၀)လောက်နဲ့ ကမ်းလှမ်းသင့်တယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …