ozil-unique-ronaldo-made-me-a-better-playe

“ကၽြန္ေတာ့္ကို ပိုေကာင္းတဲ့ကစားသမားျဖစ္ေအာင္ ေျပာင္းလဲေပးခဲ့တာ စီေရာ္နယ္ဒိုပါ” လို႔ ေျပာလိုက္တဲ့ အိုေဇးလ္

Zawgyi Version

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ အိုေဇးလ္က သူ႕ဘ၀မွာ ခရစၥတီယာႏိုေရာ္နယ္ဒို ကစားသမားမ်ဳိး ဘယ္တုန္းကမွ မေတြ႕ဖူးဘူးလို႔ ေျပာလိုက္ၿပီး ေရာ္နယ္ဒိုေၾကာင့္ သူဟာ ပိုေကာင္းတဲ့ကစားသမား ျဖစ္လာတယ္လို႔ ေျပာလိုက္ပါတယ္။

ozil

စီေရာ္နယ္ဒိုနဲ႔ အိုေဇးလ္တို႔ႏွစ္ေယာက္ဟာ ဘာေနဗ်ဴးမွာ ၃ ႏွစ္ၾကာေအာင္ လက္တြဲလာခဲ့ၿပီး လာလီဂါဖလားနဲ႔ စပိန္ဘုရင့္ဖလား ဆြတ္ခူးႏိုင္ဖို႔ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ တိုက္ပြဲ၀င္ခဲ့ၾကသူေတြ ျဖစ္ၾကပါတယ္။

အိုေဇးလ္ဟာ ၂၀၁၃ ခုႏွစ္က အာဆင္နယ္အသင္းနဲ႔ မပူးေပါင္းခင္ ရီးရဲလ္မက္ဒရစ္အသင္းမွာ ေရာ္နယ္ဒိုကို အၿမဲတမ္း ဂိုးေတြ ဖန္တီးေပးေလ့ရွိတဲ့ အေကာင္းဆံုးကြင္းလယ္ဖန္တီးရွင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။

Ronaldo and Ozil

“လူေတြက ကၽြန္ေတာ့္ကို ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ ကစားရတာ ဘယ္လိုေနလဲဆိုၿပီး ေမးၾကတယ္။ သူ႕လိုကစားသမားမ်ဳိး မေတြ႕ဖူးဘူးလို႔ ကၽြန္ေတာ္ျပန္ေျပာေလ့ရွိတယ္” လို႔ အိုေဇးလ္ဟာ အာဆင္နယ္အသင္းရဲ႕ ၀က္ဆိုဒ္မွာ ေျပာထားပါတယ္။

“သူက အလုပ္ၾကိဳးစားတယ္။ ေလ့က်င့္ေရးကြင္းကို ပထမဆံုးေရာက္တဲ့လူပဲ။ ၿပီးေတာ့ ျပန္ရင္ သူေနာက္ဆံုးပဲ”

“သူ႕ အရမ္းပေရာ္ဖက္ရွင္နယ္ပီသတယ္။ အျမဲတမ္းအႏိုင္ရခ်င္တယ္။ ေလ့က်င့္ေရးကြင္းထဲမွာေတာင္မွ သူက အႏိုင္ရမွ ေက်နပ္တာ။ သူ ဘာလုပ္သလဲဆိုတာ ကၽြန္ေတာ္ အျမဲတမ္းေလ့လာတယ္။ သူ႕ရဲ႕ကန္ခ်က္နည္းစနစ္ေတြကအစ လိုက္ၾကည့္ျဖစ္တယ္”

“သူနဲ႔ ကစားရတာ တကယ္ကို ေပ်ာ္ဖို႔ေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက ကြင္းထဲမွာ ကၽြန္ေတာ့္ကို ပိုေကာင္းေအာင္ လုပ္ေပးႏိုင္လို႔ပဲ။ ကြင္းအျပင္ဘက္မွာလည္း သူက ႀကီးျမတ္တဲ့ပုဂၢိဳလ္ပါ” လို႔ အိုေဇးလ္က ေျပာလိုက္ပါတယ္။

Unicode version

“ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားဖြစ်အောင် ပြောင်းလဲပေးခဲ့တာ စီရော်နယ်ဒိုပါ” လို့ ပြောလိုက်တဲ့ အိုဇေးလ်

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်က သူ့ဘဝမှာ ခရစ္စတီယာနိုရော်နယ်ဒို ကစားသမားမျိုး ဘယ်တုန်းကမှ မတွေ့ဖူးဘူးလို့ ပြောလိုက်ပြီး ရော်နယ်ဒိုကြောင့် သူဟာ ပိုကောင်းတဲ့ကစားသမား ဖြစ်လာတယ်လို့ ပြောလိုက်ပါတယ်။

စီရော်နယ်ဒိုနဲ့ အိုဇေးလ်တို့နှစ်ယောက်ဟာ ဘာနေဗျူးမှာ ၃ နှစ်ကြာအောင် လက်တွဲလာခဲ့ပြီး လာလီဂါဖလားနဲ့ စပိန်ဘုရင့်ဖလား ဆွတ်ခူးနိုင်ဖို့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်က အာဆင်နယ်အသင်းနဲ့ မပူးပေါင်းခင် ရီးရဲလ်မက်ဒရစ်အသင်းမှာ ရော်နယ်ဒိုကို အမြဲတမ်း ဂိုးတွေ ဖန်တီးပေးလေ့ရှိတဲ့ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

“လူတွေက ကျွန်တော့်ကို ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ကစားရတာ ဘယ်လိုနေလဲဆိုပြီး မေးကြတယ်။ သူ့လိုကစားသမားမျိုး မတွေ့ဖူးဘူးလို့ ကျွန်တော်ပြန်ပြောလေ့ရှိတယ်” လို့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ ဝက်ဆိုဒ်မှာ ပြောထားပါတယ်။

“သူက အလုပ်ကြိုးစားတယ်။ လေ့ကျင့်ရေးကွင်းကို ပထမဆုံးရောက်တဲ့လူပဲ။ ပြီးတော့ ပြန်ရင် သူနောက်ဆုံးပဲ”

“သူ့ အရမ်းပရော်ဖက်ရှင်နယ်ပီသတယ်။ အမြဲတမ်းအနိုင်ရချင်တယ်။ လေ့ကျင့်ရေးကွင်းထဲမှာတောင်မှ သူက အနိုင်ရမှ ကျေနပ်တာ။ သူ ဘာလုပ်သလဲဆိုတာ ကျွန်တော် အမြဲတမ်းလေ့လာတယ်။ သူ့ရဲ့ကန်ချက်နည်းစနစ်တွေကအစ လိုက်ကြည့်ဖြစ်တယ်”

“သူနဲ့ ကစားရတာ တကယ်ကို ပျော်ဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကွင်းထဲမှာ ကျွန်တော့်ကို ပိုကောင်းအောင် လုပ်ပေးနိုင်လို့ပဲ။ ကွင်းအပြင်ဘက်မှာလည်း သူက ကြီးမြတ်တဲ့ပုဂ္ဂိုလ်ပါ” လို့ အိုဇေးလ်က ပြောလိုက်ပါတယ်။

Check Also

အာဆင္နယ္နဲ႔ ပူးေပါင္းဖို႔ သတင္းထြက္ေနတဲ့ ဇာဟာ

အာဆင္နယ္နဲ႔ ပူးေပါင္းဖို႔ သတင္းထြက္ေနတဲ့ ဇာဟာ

မန္ယူအသင္းမွာ ေအာင္ျမင္တဲ့ ကစားသမားဘ၀ကို မပိုင္ဆိုင္ခဲ့ရဘဲ အထီးက်န္စြာ ျဖတ္သန္းခဲ့ရတဲ့ ဇာဟာဟာ လက္ရွိအခ်ိန္မွာ ခရစၥတယ္ပဲေလ့စ္အသင္းအတြက္အေရးပါတဲ့ ကစားသမားျဖစ္ေနခဲ့ပါတယ္။ ထို႔အတူ ကလပ္အေတာ္အမ်ားကလည္း သူ႕ကို ေခၚယူဖို႔ စိတ္၀င္စားေနၾကပါတယ္။ …