မန္ယူအသင္း ၁၀ ပြဲဆက္ အႏိုင္ရေအာင္ လုပ္ေပးခ်င္ေနတဲ့ ဆိုးလ္ရွား

ဘရိုက္တန္အသင္းကို ၂-၁ နဲ႔ အႏိုင္ရေအာင္ လုပ္ျပႏိုင္ခဲ့တဲ့ မန္ယူနည္းျပ ဆုိးလ္ရွားဟာ နည္းျပသစ္တစ္ေယာက္အတြက္ ႏိုင္ပြဲဆက္အမ်ားဆံုး မွတ္တမ္းတစ္ခုကို အမီလိုက္ႏိုင္ခဲ့ၿပီးေနာက္ အသင္းကို ၁၀ ပြဲဆက္ ႏိုင္ေအာင္ လုပ္ေပးခ်င္တယ္လို႔ ေျပာလိုက္ပါတယ္။

ဆိုးလ္ရွားဟာ မန္ယူအသင္းကို စတင္ကိုင္တြယ္ယူစဥ္ကတည္းက ရံႈးပြဲ၊ သေရပြဲဆိုတာ မရွိေသးဘဲ ၇ ပြဲဆက္ အႏိုင္ရခဲ့ပါတယ္။ ဒါဟာ အန္စေလာ့တီနဲ႔ ပပ္ဂြာဒီယိုလာတို႔ရဲ႕ မွတ္တမ္းကို အမီလိုက္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ကေတာ့ ဒီအခ်ိန္မွာ စိန္ေခၚမႈေတြနဲ႔ အသားက်ေနၿပီ။ ၁၀ ပြဲဆက္ အႏိုင္ရဖို႔ဆိုတာ ဘာလို႔မျဖစ္ႏိုင္ရမွာလဲ” ဆိုၿပီး ဆိုးလ္ရွားက ေျပာပါတယ္။

“ၿပိဳင္ပြဲတစ္ခု စတင္ေတာ့မယ္ဆို၇င္ ဘယ္ၿပိဳင္ပြဲမဆို အႏိုင္ရဖို႔ ႀကိဳတင္ျပင္ဆင္သင့္ပါတယ္။ ဒီကလပ္မွာ အရင္ႏွစ္ေပါင္းမ်ားစြာ ခက္ခဲမႈေပါင္းမ်ားစြာ ရွိခဲ့ပါတယ္။ ဒီခက္ခဲမႈေတြက ကၽြန္ေတာ္တို႔အတြက္ စိန္ေခၚမႈေတြ ျဖစ္လာတယ္။ ပြဲတိုင္းကို အႏိုင္ရေအာင္ ကစားခ်င္တယ္” လို႔ ဆိုးလ္ရွားက ေျပာပါတယ္။

ဆက္လက္ၿပီး ဆိုးလ္ရွားက တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးတိုက္စစ္မွဴး ျဖစ္ေနၿပီလို႔ ေျပာလိုက္ၿပီး အသင္းရဲ႕ အဓိကပစ္မွတ္ကလည္း ထိပ္ဆံုး ၄ သင္းစရင္းထဲမွာ ရွိေနဖို႔ပဲဆိုၿပီး ေျပာၾကားသြားခဲ့ပါတယ္။

Unicode version

မန်ယူအသင်း ၁၀ ပွဲဆက် အနိုင်ရအောင် လုပ်ပေးချင်နေတဲ့ ဆိုးလ်ရှား

ဘရိုက်တန်အသင်းကို ၂-၁ နဲ့ အနိုင်ရအောင် လုပ်ပြနိုင်ခဲ့တဲ့ မန်ယူနည်းပြ ဆိုးလ်ရှားဟာ နည်းပြသစ်တစ်ယောက်အတွက် နိုင်ပွဲဆက်အများဆုံး မှတ်တမ်းတစ်ခုကို အမီလိုက်နိုင်ခဲ့ပြီးနောက် အသင်းကို ၁၀ ပွဲဆက် နိုင်အောင် လုပ်ပေးချင်တယ်လို့ ပြောလိုက်ပါတယ်။

ဆိုးလ်ရှားဟာ မန်ယူအသင်းကို စတင်ကိုင်တွယ်ယူစဉ်ကတည်းက ရှုံးပွဲ၊ သရေပွဲဆိုတာ မရှိသေးဘဲ ၇ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ဒါဟာ အန်စလော့တီနဲ့ ပပ်ဂွာဒီယိုလာတို့ရဲ့ မှတ်တမ်းကို အမီလိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ ဒီအချိန်မှာ စိန်ခေါ်မှုတွေနဲ့ အသားကျနေပြီ။ ၁၀ ပွဲဆက် အနိုင်ရဖို့ဆိုတာ ဘာလို့မဖြစ်နိုင်ရမှာလဲ” ဆိုပြီး ဆိုးလ်ရှားက ပြောပါတယ်။

“ပြိုင်ပွဲတစ်ခု စတင်တော့မယ်ဆို၇င် ဘယ်ပြိုင်ပွဲမဆို အနိုင်ရဖို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဒီကလပ်မှာ အရင်နှစ်ပေါင်းများစွာ ခက်ခဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ဒီခက်ခဲမှုတွေက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ ပွဲတိုင်းကို အနိုင်ရအောင် ကစားချင်တယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဆက်လက်ပြီး ဆိုးလ်ရှားက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေပြီလို့ ပြောလိုက်ပြီး အသင်းရဲ့ အဓိကပစ်မှတ်ကလည်း ထိပ်ဆုံး ၄ သင်းစရင်းထဲမှာ ရှိနေဖို့ပဲဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …