“နေမာ PSG မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်တယ်”လို့ အမ်မရီ ပြော

နေမာဟာ PSG မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်တယ်လို့ သူ၏ နည်းပြဖြစ်သူ အမ်မရီက ပြောလိုက်ပါတယ်။

ဒီလအစောပိုင်းက ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် PSG အသင်းထံ ရောက်ရှိလာတဲ့ နေမာဟာ အသင်းသစ်မှာ ကစားသမားအသစ်တွေနဲ့ အသားကျနေပြီး ပထမဆုံး ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

PSG နည်းပြ အမ်မရီကတော့ နေမာဟာ အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်နေပြီးသားလို့ ယုံကြည်နေပြီး Ballon d’Or ပိုင်ဆိုင်နိုင်ဖို့အတွက် သူတို့ ကူညီပေးနိုင်ကြောင်း အခုလို ပြောပါတယ်။

“နေမာက ဂရိတ်ကစားသမားတစ်ယောက်ပါ။ သူက ကမ္ဘာ့အကောင်းဆုံးတွေထဲမှ တစ်ယောက်” လို့ အမ်မရီက ပြောပါတယ်။

“သူဟာ အ၀တ်လဲခန်းထဲမှာ အသင်းသားတွေနဲ့ လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံတတ်တာကြောင့် အခြားကစားသမားတွေကလည်း အသင်းမှာ နေမာလို ကစားသမားမျိုး ရှိနေလို့ အရမ်းကို ပျော်နေကြတယ်”

“ကျွန်တော်တို့ နေမာနဲ့ အလုပ်အတူတူ တွဲလုပ်ပြီး အသင်းကို မြှင့်တင်ချင်တယ်။ နောက်ပြီး သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာအောင် ကူညီပေးချင်တယ်” လို့ ပြောပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …