“PSG နဲ့ ပူးပေါင်းဖို့ နေမာ တိုက်တွန်းခဲ့တာ” လို့ အဲဗက်စ် ထုတ်ဖော်ပြော

PSG နောက်ခံကစားသမား ဒန်နီအဲဗက်စ်ဟာ နေမာက သူ့ကို ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို ရွေးချယ်မယ့်အစား PSG နဲ့သာ ပူးပေါင်းလိုက်ပါလို့ အကြံပြုခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၃၄ နှစ်ရှိတဲ့ ဂျူဗင်တပ်ကစားသမားဟောင်းဟာ ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် နည်းပြဟောင်း ဂွာဒီယိုလာနဲ့ ပြန်လည်ပူးပေါင်းလိမ့်မယ်လို့ သတင်းကြီးခဲ့ပေမယ့် PSG အသင်းက မန်စီးတီးအသင်း ကမ်လှမ်းထားတဲ့ လုပ်ခလစာထက် ၂ဆပေးပြီး ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

“နေမာနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေးရာကိစ္စတွေ ဆွေးနွေးဖြစ်ကြတယ်” လို့ ဒန်နီအဲဗက်စ်က ပြောပါတယ်။

“ကျွန်တော် သူ့ကို ဂျူဗင်တပ်ကနေ ထွက်ချင်တယ်လို့ ပြောတော့ PSG နဲ့ ပူးပေါင်းဖို့ အကြံပြုခဲ့တယ်။ နောက်ပြီး သူကလည်း ဒီကိုလာဖို့ စဉ်းစားနေခဲ့တယ်”

“ဒါနဲ့ ကျွန်တော် မိသားစုတွေနဲ့ တိုင်ပင်ခဲ့တယ်။ ကျွန်တော့်မိန်းမက အဲဒီမြို့မှာ ရှိနေတာဆိုတော့ PSG ကိုပဲ ရွေးချယ်လိုက်တယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …