phil-neville - man utd

“ဟာရဲရားနဲ႔ ဖရက္ထက္ ပိုေကာင္းတဲ့ ႏွစ္ေယာက္ ရွိတယ္” လို႔ ထုတ္ေဖာ္ေျပာလိုက္တဲ့ နဗီးလ္

Zawgyi Version

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကစားသမားေဟာင္း ဖီးနဗီးလ္က မန္ယူအသင္းမွာ ယခုလက္ရွိ တြဲသံုးေနတဲ့ ဟာရဲရားနဲ႔ ဖရက္ထက္ပိုၿပီး အသင္းရဲ႕ ကြင္းလယ္စစ္ေၾကာကို ေတာင့္တင္းခိုင္မာေစတဲ့ ကစားသမားႏွစ္ေယာက္ ရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ ၃ ပြဲ ကစားၿပီးခ်ိန္မွာ ၇ ဂိုး ေပးလိုက္ရပါတယ္။ ဒါဟာ အသင္းရဲ႕ ကြင္းလယ္၊ တိုက္စစ္၊ ခံစစ္ ဟန္ခ်က္မညီဘဲ အားနည္းခ်က္ေတြ ရွိေနေသးတယ္ဆိုတာ သက္ေသျပလိုက္တာပါပဲ။

မန္ယူအသင္းကို ဟာရဲရားနဲ႔ ဖရက္ထက္ ပိုမာေက်ာေစတဲ့ ကစားသမားႏွစ္ေယာက္ ရွိတယ္လို႔ ထုတ္ေဖာ္ေျပာလိုက္တဲ့ နဗီးလ္

ဒါေပမယ့္ ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ ပြဲမွာ နည္းျပ ေမာ္ရင္ဟိုက ဖယ္လိုင္နီနဲ႔ မာတစ္ကို ေနာက္တန္း ၄ ေယာက္ရဲ႕ေရွ႕မွာထားၿပီး တြဲသံုးခဲ့တဲ့အခ်က္ဟာ အသင္းရဲ႕ လိုအပ္မႈကို ျမင္သာေစခဲ့ပါတယ္။ ဘန္ေလကို ၂-၀ နဲ႔ အႏိုင္ရလိုက္တာဟာ ဖယ္လိုင္နီနဲ႔ မာတစ္အတြဲရဲ႕ အေရးပါမႈက အရွင္းသား ပါ၀င္ေနၿပီး ပထမပိုင္းမွာတင္ ၂ ဂိုးျပတ္ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

မန္ယူအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၆ ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့တဲ့ နဗီးလ္ကေတာ့  ဖယ္လိုင္နီနဲ႔ မာတစ္အတြဲဟာ အသင္းကို ပိုမိုလံုျခံဳေစတယ္လို႔ ယံုၾကည္စြာေျပာလိုက္ၿပီး ေပါ့ဘာကိုပါ တိုက္စစ္အထိ လိုက္ပါႏိုင္ေအာင္ ကူညီေပးေၾကာင္း အခုလို ေျပာပါတယ္။

“သူတို႔က ဟာရဲရားနဲ႔ ဖရက္ကိုပဲ တြဲသံုးခ်င္ေနၾကတယ္။ ကၽြန္ေတာ့္အျမင္ေတာ့ ဖယ္လိုင္နီနဲ႔ မာတစ္ ဒီႏွစ္ေယာက္က ပိုၿပီး အသင္းကို မာေက်ာက်စ္လ်စ္ေစတယ္” လို႔ နဗီးလ္က ေျပာပါတယ္။

“ေပါ့ဘာက ပင္နယ္တီဧရီယာအတြင္း ၀င္ေရာက္ၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားေနခ်ိန္မွာ မာတစ္နဲ႔ ဖယ္လိုင္နီက ေနာက္ကေန ကာကြယ္ေပးေနတယ္ ” လို႔ နဗီးလ္က ေျပာလိုက္ပါတယ္။

Unicode version

“ဟာရဲရားနဲ့ ဖရက်ထက် ပိုကောင်းတဲ့ ကစားသမားနှစ်ယောက် ရှိတယ်” လို့ ထုတ်ဖော်ပြောလိုက်တဲ့ နဗီးလ်

မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားဟောင်း ဖီးနဗီးလ်က မန်ယူအသင်းမှာ ယခုလက်ရှိ တွဲသုံးနေတဲ့ ဟာရဲရားနဲ့ ဖရက်ထက်ပိုပြီး အသင်းရဲ့ ကွင်းလယ်စစ်ကြောကို တောင့်တင်းခိုင်မာစေတဲ့ ကစားသမားနှစ်ယောက် ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုး ပေးလိုက်ရပါတယ်။ ဒါဟာ အသင်းရဲ့ ကွင်းလယ်၊ တိုက်စစ်၊ ခံစစ် ဟန်ချက်မညီဘဲ အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ နည်းပြ မော်ရင်ဟိုက ဖယ်လိုင်နီနဲ့ မာတစ်ကို နောက်တန်း ၄ ယောက်ရဲ့ရှေ့မှာထားပြီး တွဲသုံးခဲ့တဲ့အချက်ဟာ အသင်းရဲ့ လိုအပ်မှုကို မြင်သာစေခဲ့ပါတယ်။ ဘန်လေကို ၂-၀ နဲ့ အနိုင်ရလိုက်တာဟာ ဖယ်လိုင်နီနဲ့ မာတစ်အတွဲရဲ့ အရေးပါမှုက အရှင်းသား ပါဝင်နေပြီး ပထမပိုင်းမှာတင် ၂ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ နဗီးလ်ကတော့  ဖယ်လိုင်နီနဲ့ မာတစ်အတွဲဟာ အသင်းကို ပိုမိုလုံခြုံစေတယ်လို့ ယုံကြည်စွာပြောလိုက်ပြီး ပေါ့ဘာကိုပါ တိုက်စစ်အထိ လိုက်ပါနိုင်အောင် ကူညီပေးကြောင်း အခုလို ပြောပါတယ်။

“သူတို့က ဟာရဲရားနဲ့ ဖရက်ကိုပဲ တွဲသုံးချင်နေကြတယ်။ ကျွန်တော့်အမြင်တော့ ဖယ်လိုင်နီနဲ့ မာတစ် ဒီနှစ်ယောက်က ပိုပြီး အသင်းကို မာကျောကျစ်လျစ်စေတယ်” လို့ နဗီးလ်က ပြောပါတယ်။

“ပေါ့ဘာက ပင်နယ်တီဧရီယာအတွင်း ဝင်ရောက်ပြီး ဂိုးသွင်းဖို့ ကြိုးစားနေချိန်မှာ မာတစ်နဲ့ ဖယ်လိုင်နီက နောက်ကနေ ကာကွယ်ပေးနေတယ် ” လို့ နဗီးလ်က ပြောလိုက်ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …