nacho bale ronaldo newsday myanmar

“ေရာ္နယ္ဒို လမ္းစဥ္အတိုင္း မလိုက္နဲ႔” လို႔ ဂါးရက္ေဘးလ္ကို ေျပာလိုက္တဲ့ နာခ်ဳိ

ဒီေန႔ ရီးရဲလ္မက္ဒရစ္အသင္း ဂီတာေဖးအသင္းကို ၂-၀ နဲ႔ အႏိုင္ရၿပီးေနာက္ တိုက္စစ္မွဴး ဂါးရက္ေဘးလ္အေနနဲ႔ အသင္းမွ ထြက္ခြာသြားတဲ့ ေရာ္နယ္္ဒို လမ္းစဥ္အတိုင္း လိုက္စရာ မလိုဘူးလို႔ ေျပာလိုက္ပါတယ္။

nacho bale ronaldo newsday myanmar

ေပၚတူဂီတိုက္စစ္မွဴး ေရာ္နယ္ဒို ဂ်ဴဗင္တပ္အသင္းနဲ႔ ပူးေပါင္းသြားၿပီးေနာက္ ေဘးလ္ဟာ ေရာ္နယ္ဒို ေလာင္းရိပ္မွ လြတ္ကင္းသြားခဲ့သလို အသင္းရဲ႕ တာ၀န္ေတြအားလံုးကလည္း ေဘးလ္ရဲ႕ ပခံုးေပၚ က်ေရာက္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေဘးလ္ဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ေယာက္ ျဖစ္တယ္ဆိုတာကို သက္ေသျပဖို႔ အခ်ိန္တန္ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ ခံစစ္မွဴး နာခ်ဳိကေတာ့ ေဘးလ္ဟာ ယခင္ကလည္း အသင္းမွာ ေအာင္ျမင္မႈ ရထားၿပီးၿဖစ္တဲ့အတြက္ ဘယ္သူ႕ကိုမွ သက္ေသျပစရာမလိုေၾကာင္း အခုလို ေျပာပါတယ္။

nacho bale ronaldo newsday myanmar

“ေဘးလ္အေနနဲ႔ ေရာ္နယ္ဒို လမ္းစဥ္အတိုင္း လိုက္စရာမလိုဘူး။ ေရာ္နယ္ဒိုဟာ ဒီမွာ အခ်ိန္ အတိုင္းအတာတစ္ခုအထိ မွတ္တိုင္စိုက္ထူႏိုင္ခဲ့တယ္” လို႔ နာခ်ဳိက ကလပ္၀က္ဆိုဒ္မွ ေျပာပါတယ္။

“ေဘးလ္ဟာ ကၽြန္ေတာ္တို႔အတြက္ အရမ္းအေရးပါတဲ့ ကစားသမားတစ္ေယာက္ပါ။ သူ ဒီမွာ ေအာင္ျမင္မႈေတြအမ်ားႀကီး ရရွိထားတယ္။ ေနာက္ၿပီး သူဟာ ဘယ္လိုအေၾကာင္းအရာမ်ဳိးကို ျဖစ္ေစ ဘယ္သူ႕ကိုမွ သက္ေသျပစရာ မလိုဘူး”

nacho bale ronaldo newsday myanmar

“သူ႕မွာ အရာအားလံုးအတြက္ ယံုၾကည္မႈ ရွိတယ္။ ဒါ့ေၾကာင့္ သူ႕အေနနဲ႔ ေကာင္းေကာင္း လုပ္ႏိုင္လိမ့္မယ္။ ပရိသတ္ေတြက ေဘးလ္နဲ႔အတူ ရွိေနတယ္။ ေနာက္ၿပီး သူ ရီးရဲလ္မက္ဒရစ္မွာ အရမ္းေပ်ာ္ပါတယ္” လို႔ နာခ်ဳိက ေျပာလိုက္ပါတယ္။

Unicode version

“ရော်နယ်ဒို လမ်းစဉ်အတိုင်း မလိုက်နဲ့” လို့ ဂါးရက်ဘေးလ်ကို ပြောလိုက်တဲ့ နာချို

ဒီနေ့ ရီးရဲလ်မက်ဒရစ်အသင်း ဂီတာဖေးအသင်းကို ၂-၀ နဲ့ အနိုင်ရပြီးနောက် တိုက်စစ်မှူး ဂါးရက်ဘေးလ်အနေနဲ့ အသင်းမှ ထွက်ခွာသွားတဲ့ ရော်နယ်ဒို လမ်းစဉ်အတိုင်း လိုက်စရာ မလိုဘူးလို့ ပြောလိုက်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို ဂျူဗင်တပ်အသင်းနဲ့ ပူးပေါင်းသွားပြီးနောက် ဘေးလ်ဟာ ရော်နယ်ဒို လောင်းရိပ်မှ လွတ်ကင်းသွားခဲ့သလို အသင်းရဲ့ တာဝန်တွေအားလုံးကလည်း ဘေးလ်ရဲ့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဘေးလ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ခံစစ်မှူး နာချိုကတော့ ဘေးလ်ဟာ ယခင်ကလည်း အသင်းမှာ အောင်မြင်မှု ရထားပြီးဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ သက်သေပြစရာမလိုကြောင်း အခုလို ပြောပါတယ်။

“ဘေးလ်အနေနဲ့ ရော်နယ်ဒို လမ်းစဉ်အတိုင်း လိုက်စရာမလိုဘူး။ ရော်နယ်ဒိုဟာ ဒီမှာ အချိန် အတိုင်းအတာတစ်ခုအထိ မှတ်တိုင်စိုက်ထူနိုင်ခဲ့တယ်” လို့ နာချိုက ကလပ်ဝက်ဆိုဒ်မှ ပြောပါတယ်။

“ဘေးလ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ သူ ဒီမှာ အောင်မြင်မှုတွေအများကြီး ရရှိထားတယ်။ နောက်ပြီး သူဟာ ဘယ်လိုအကြောင်းအရာမျိုးကို ဖြစ်စေ ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုဘူး”

“သူ့မှာ အရာအားလုံးအတွက် ယုံကြည်မှု ရှိတယ်။ ဒါ့ကြောင့် သူ့အနေနဲ့ ကောင်းကောင်း လုပ်နိုင်လိမ့်မယ်။ ပရိသတ်တွေက ဘေးလ်နဲ့အတူ ရှိနေတယ်။ နောက်ပြီး သူ ရီးရဲလ်မက်ဒရစ်မှာ အရမ်းပျော်ပါတယ်” လို့ နာချိုက ပြောလိုက်ပါတယ်။

Check Also

real-madrid-nothing-impossible-solari-refuses-give-title-race

ရီးရဲလ္မက္ဒရစ္အတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္တဲ့ ဆိုလာရီ

ရီးရဲလ္မက္ဒရစ္အသင္းဟာ မေန႔က ဆီဗီးလားအသင္းကို ၂-၀ အႏိုင္ရၿပီးေနာက္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၃ ေနရာသို႔ ေရာက္လာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပ ဆန္တီယာဂီုဆိုလာရီကေတာ့ သူတို႔အသင္းအတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ …