တိုက်စစ်နေရာမှာ ကစားဖူးတယ်လို့ ပြောလိုက်တဲ့ ဘိုနူချီ

အေစီမီလန်အသင်းနဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ်ခံစစ်မှူးဟောင်း ဘိုနူချီဟာ ယခင်က တိုက်စစ်နေရာမှာလည်း ကစားခဲ့ဖူးတယ်လို့ ပြောလိုက်ပြီး သူရင်ဆိုင်ခဲ့သမျှ ကစားသမားတွေထဲမှာ စီရော်နယ်ဒိုက အကောင်းဆုံးလို့ ပြောလိုက်ပါတယ်။

“ကျွန်တော် ၁၆ နှစ်သားကစပြီး ခံစစ်ကစားသမားအဖြစ် ကစားခဲ့တယ်။ အဲဒီအရင်က ကွင်းလယ်ခံစစ်အဖြစ် ကစားတယ်။ တချို့ပွဲတွေဆို တိုက်စစ်အနေနဲ့တောင် ကစားခဲ့တယ်” လို့ ဘိုနူချီက ပြောပါတယ်။

“ဒါပေမယ့် လူငယ်အသင်းနည်းပြ ကားလို့ပယ်ရိုနီက ဘယ်နေရာမှာ ကစားချင်လဲ? လို့ ကျွန်တော့်ကို မေးတယ်။ အဲဒါနဲ့ပဲ ဗဟိုခံစစ်မှူး ဖြစ်လာခဲ့တယ်” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ဘိုနူချီဟာ သူရင်ဆိုင်ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ပြောလိုက်ပြီး၊ သူ တွဲဖက်ကစားခဲ့တဲ့ ကစားသမားတွေထဲမှာတော့ ပီယာလိုက အကောင်းဆုံးပါလို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …