၂၀၁၇ မလေးရှားဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုတက်လှမ်းနိုင်ဖို့ သေချာနေ

ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ မလေးရှားဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲမှုအရ မြန်မာအသင်းဟာ အုပ်စုအဆင့် တက်လှမ်းနိုင်ဖို့ သေချာနေပါတယ်။

မြန်မာအသင်းဟာ အုပ်စု (A) မှာ မလေးရှား၊ စင်္ကာပူ၊ လာအို၊ ဘရူနိုင်း တို့နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် ဖီဖာမှ ဇူလိုင်လအတွက် ထုတ်ပြန်လိုက်တဲ့ နိုင်ငံဘောလုံးအသင်းများ၏ အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းဟာ အဆင့် ၁၅၇ ဖြင့် ယခုအုပ်စုအဆင့်မှာ ရင်ဆိုင်ကစားရမယ့် ၄င်းအသင်းတို့ထက် သာလွန်နေခဲ့ပါတယ်။ ထို့ကြောင့် မြန်မာအသင်းဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ချေများနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က ဆီးဂိမ်းဗိုလ်စွဲခဲ့တဲ့ ထိုင်းအသင်းကတော့ အုပ်စု (B) မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ တီမော၊ ဖိလစ်ပိုင်အသင်းတို့နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို သြဂုတ်လ (၁၄)ရက်မှ (၂၉)ရက်အထိ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …