“ဘေးလ်က ဘယ်တုန်းကမှ ပစ်မှတ်ကစားသမား မဟုတ်ခဲ့ဘူး”လို့ ပြောလိုက်တဲ့ မော်ရင်ဟို

မန်ယူအသင်းဟာ ဒီနွေမှာ ဂါးရက်ဘေးလ်ကို တဖန်စိတ်ဝင်စားလာပြီး ဆက်သွယ်မှုတွေ ရှိနေပေမယ့် မော်ရင်ဟိုကတော့ သူ့အတွက် ဂါးရက်ဘေးလ်က ပစ်မှတ်ကစားသမားမဟုတ်ခဲ့သလို၊  ဘယ်လိုကမ်းလှမ်းမှုမျိုးမှ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

၂၀၁၃ ခုနှစ်ကလည်း မန်ယူအသင်းဟာ ဂါးရက်ဘေးလ်ကို ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၈၅သန်းဖြင့် ကြားဖြတ်ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ စီရော်နယ်ဒိုနဲ ပတ်သတ်ပြီး အချိန်ကုန်မခံဘူးလို့ LA Galaxy ကို ၅-၂ နဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲအပြီးမှာ ပြောခဲ့သလို၊ ယခု ဂါးရက်ဘေးလ်ကိုလည်း ပစ်မှတ်ကစားသမားအဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ကြောင်း ပြောပါတယ်။

“ဟုတ်ပါတယ်။ ရော်နယ်ဒိုနဲ့ အတူတူပါပဲ” လို့ မော်ရင်ဟိုက ယနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ICC ပွဲအကြိုမှာ ပြောပါတယ်။

“ဘေးလ်က မက်ဒရစ်လို စိန်ခေါ်မှုတွေရှိမယ့် ကလပ်မျိုးကို သဘောကျတယ်ဆိုတာ ရှင်းပါတယ်။ အခု သူ ကလပ်တစ်ခုမှာ တော်တော်လေး အခြေအနေကောင်းနေတယ်”

“သူ မက်ဒရစ်မှ မထွက်ဘူးဆိုတာ ကျွန်တော်သိဘူး။ ဒါကြောင့် သူ့အတွက်နဲ့ ဘာလို့အချိန်ကုန်ခံ၊ လူပင်ပန်းခံနေတော့မှာလဲ? သူက ကျွန်တော့်ပစ်မှတ်ကစားသမားလည်း မဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …