“ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဘက်(၇)သင်း ရှိတယ်”လို့ ပြောလိုက်တဲ့ မော်ရင်ဟို

မန်ယူနည်းပြ မော်ရင်ဟိုကတော့ လာမယ့်နှစ် ပရီးမီးယားလိဂ်ဖလားရဖို့  လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်း အပါအ၀င် အသင်း(၇)သင်း ယှဉ်ပြိုင်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ မနှစ်က အမှတ်ပေးဇယားမှာ အဆင့် (၆) နေရာ ရှိနေခဲ့တာကြောင့် လာမယ့်နှစ် ပြိုင်ပွဲစုံ စိန်ခေါ်နိုင်ဖို့  လူကာကူ၊ မာတစ်၊ လင်ဒီလော့ဖ်တို့ကို အသင်းအင်အားတောင့်တင်းစေရန် ဒီနွေမှာ ခေါ်ယူခဲ့ပါတယ်။

ထို့နည်းတူစွာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း သန်း ၂၀၀ ကျော် သုံးစွဲခဲ့သလို၊ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့လည်း အပြိုင်အဆိုင် လူခေါ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုကတော့ ပရီးမီးယားလိဂ်ဖလားအတွက် ဒီ(၅)သင်းထဲ ယှဉ်ပြိုင်ရမှာ မဟုတ်ဘူးလို့ သိရှိနားလည်ထားပြီး အသင်း ၇ သင်းလောက် ရှိလာနိုင်တယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။

“ပရီးမီးယားလိဂ်က ခင်ဗျားတို့သိတဲ့အတိုင်းပဲ” လို့ မော်ရင်ဟိုက မနက်ဖြန် ၀က်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဖလားရဖို့ အသင်း ၇ သင်းက အပြိုင်အဆိုင်ကြိုးစားကြလိမ့်မယ်။ အသင်း ၂၀ လုံးကတော့ ပွဲတိုင်း အနိုင်ရဖို့ ယှဉ်ပြိုင်ကြမှာပဲလို့ ကျွန်တော် ပြောချင်တယ်”

“ဒီလိဂ်က တခြားလိဂ်တွေနဲ့ မတူဘူး။ ပြုင်ဘက်တိုင်းက ပွဲတိုင်း အနိုင်လိုချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြိုင်ပွဲ ၄ ပွဲမှာ ပါဝင်ကစားရမှာဆိုတော့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသွားရမှာပဲ” လို့ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …