“မာရှယ်ရဲ့ အရည်အသွေးတွေ တသမတ်တည်းဖြစ်ဖို့ လိုအပ်တယ်”လို့ မော်ရင်ဟို ပြော

မန်ယူနည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒဒရစ်ကို အနိုင်ယူပြီးနောက် မာရှယ်ရဲ့ အရည်အသွေးတွေ တသမတ်တည်းဖြစ်ဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ ယနေ့မနက် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ICC ပွဲ ကျင်းပခဲ့ရာ ပွဲပြီးရလဒ် ၁-၁ သရေထွက်ပေါ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ၂-၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မာရှယ်ဟာ ထိုပွဲမှာ ပင်နယ်တီ ကန်သွင်းမှု လွဲချော်ခဲ့ပေမယ့် ပထမပိုင်းပွဲချိန်အတွင်း ရီးရဲလ်မက်ဒရစ် နောက်ခံကစားသမား ၃ ယောက်လောက်ကို ထိုးဖောက်ကာ လင်းဂတ် ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

“သူရဲ့ အရည်အသွေးတွေ ဒီထက်ပိုပြီး တသမတ်တည်းဖြစ်စေချင်တယ်။ ဒီနေ့ပွဲက သူ့အတွက် အရမ်းကောင်းပါတယ်။ ဒါကြောင့်လည်း သူ့ကို ပွဲချိန်ပြည့် ကစားခိုင်းတာ” လို့ မော်ရင်ဟိုက ပြောပါတယ်။

“ဒီလိုခြေစမ်းပွဲတွေမှာ လုပ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ ဒါဟာ မာရှယ်အတွက် ကောင်းသလို၊ သူ့အတွက် ယုံကြည်မှုတွေလည်း တိုးတက်စေတယ်”

“သူဟာ သင်ယူမြှင့်တင်နေဆဲ၊ တိုးတက်နေဆဲ လူငယ်ကစားသမားတစ်ယောက်ပါ။ သူဟာ အရင်ကထက် လေ့ကျင့်ရေး ပိုကောင်းလာပြီး အရင်ထက် အလုပ်ပိုကြိုးစားလာတယ်ဆိုတာ ကျွန်တော် ပြောနိုင်တယ်။ ဒါဟာ သူရဲ့အရည်အချင်းတွေကို တသမတ်တည်းဖြစ်အောင် ကြိုးစားနေတာလား? လို့တော့ မေးစရာရှိတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …