“ရွန်းနီနဲ့ လူကာကူ အကြားနှိုင်းယှဉ်စရာမရှိဘူး” လို့ မော်ရင်ဟိုပြော

မန်ယူနည်းပြ မော်ရင်ဟိုက ယနေ့ LA Galaxy အသင်းနဲ့ ပွဲမှာ တိုက်စစ်မှူးသစ် လူကာကူ ကစားပုံကို သဘောကျနေပြီး ရွန်းနီနဲ့ လူကာကူကို နှိုင်းယှဉ်မှုတွေ မပြုလုပ်ဖို့ သတိပေးပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီလထဲမှာ လူကာကူကို အဲဗာတန်အသင်းမှ ကြေးကြီးကြီးပေးပြီး ခေါ်ယူခဲ့ပြီး ၁၃ နှစ်အကြာ အိုးထရက်ဖို့ဒ်မှာ ကစားပေးခဲ့တဲ့ ကလပ်ရဲ့ အချိန်တိုင်းဂိုးသွင်းရှင် ရွန်းနီကိုတော့ အသင်းဟောင်း အဲဗာတန်ထံ ပြန်ပို့လိုက်ပါတယ်။

ယနေ့ Galaxy ကို ၅-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ လူကာကူဟာ ပွဲဦးထွက်ဂိုး မရှာဖွေနိုင်ခဲ့ပေမယ့် ရွန်းနီနဲ့ မတူညီတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ရကြောင်း မော်ရင်ဟိုက အခုလို ပြောပါတယ်။

“ရွန်းနီနဲ့ လူကာကူကို နှိုင်းယှဉ်လို့ မရဘူး။ ရွန်းနီက ကျွန်တော်တို့အတွက် တိုက်စစ်မှူး စစ်စစ်မဟုတ်ဘူး။ လူကာကူက ပြိုင်ဘက်တွေ ပိုပြီးပစ်မှတ်ထားစောင့်ကြည့်ရတဲ့ ကစားသမားမျိုးဖြစ်တယ်”

“လူကာကူက မြန်တယ်။ ဒီနေ့ သူကစားသွားတာ ကောင်းပါတယ်။ သူဟာ အသင်းအဖွဲ့အလိုက် ကစားတတ်တဲ့  ကစားသမားမျိုးဆိုတာလည်း ပြသနိုင်ခဲ့တယ်။ သူဟာ အသင်းရဲ့ တိုးတက်မှုကိုသာ စိုးရိမ်ခဲ့ပြီး သူ့ကိုယ်သူ စိုးရိမ်ခြင်းမရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဒီပွဲမှာ မန်ယူလူငယ်အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်က ၂ ဂိုး သွင်းယူပြီး မစ်ခီတာရမ်၊ ဖယ်လိုင်နီ နဲ့ မာရှယ်တို့က (၁)ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …