ကစားသမား(၂)ယောက်လောက် ထပ်ခေါ်ရအုံးမယ်လို့ မော်ရင်ဟိုပြော

မော်ရင်ဟိုက မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီအတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ ကစားသမား (၂)ယောက်လောက် ထပ်ခေါ်စေချင်သေးတယ်လို့ ပြောလိုက်ပါတယ်။

“၀ုဒ်ဝက်လို အမှုဆောင်အရာရှိ တာဝန်မျိုး ကျွန်တော်မလိုချင်ဘူး။ ဘာလို့လဲဆိုတော့ ဆွေးနွေးညှိနှိုင်းရတာ အရမ်းခက်ခဲလို့” ဆိုပြီး မော်ရင်ဟိုက ပြောပါတယ်။

“လူကာကူနဲ့ လင်ဒီလော့ဖ်တို့ ခေါ်ပြီးလို့ ဒီနွေမှာ လူဝယ်တာ ၅၀ ရာခိုင်နှုန်းလောက် ပြီးပြီလို့ ပြောလို့ရတယ်။ ဒါပမေယ့် သူတို့နှစ်ယောက်တည်းနဲ့ ကျွန်တော်တို့ မပျော်နိုင်သေးဘူး။ နောက်ထပ်၂ယောက် မဟုတ်ရင်တောင် ရွေးချယ်လို့ရအောင် တစ်ယောက်ထက်ပိုပြီး လိုအပ်နေသေးတယ်”

“အသင်းလူစာရင်းကို ဖြည့်တင်းနိုင်မယ့် ကစားသမားတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါပေမယ့် ရိုဂျို၊ ယန်း၊ လုခ်ရှောနဲ့ ဇလာတန်တို့က နောက်လလောက်အထိ မကစားနိုင်ကြသေးဘူး။ ဒါကြောင့် အနည်းဆုံးတစ်ယောက်တော့ ခေါ်စေချင်တယ်။ ဒီကစားသမားက မာတစ်ဖြစ်မလား၊ တခြားကစားသမားလားလို့တော့ ကျွန်တော် မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒါက အမှန်ဖြစ်လိမ့်မယ်မထင်ဘူး” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …