mourinho-dalot-can-play-man-united-more-10-years-newsday-myanmar copy

“ဒါးေလာ့က ယူႏိုက္တက္မွာ ၁၀ ႏွစ္ထက္ပိုၿပီး ကစားႏိုင္တယ္” – ေမာ္ရင္ဟို

မန္ယူအသင္း ယန္းဘြိဳင္းစ္အသင္းကို ၃-၀ နဲ႔ အႏိုင္ရတဲ့ပြဲမွာ ပထမဆံုးပြဲထြက္ပါ၀င္ကစားခဲ့တဲ့ ဒီေယဂိုဒါးေလာ့ဟာ အိုးထရက္ဖုိ႔ဒ္မွာ ၁၀ ႏွစ္ထက္မနည္း ကစားႏိုင္တယ္လို႔ နည္းျပ ေမာ္ရင္ဟိုက ခ်ီးက်ဴး ေျပာလိုက္ပါတယ္။

အသက္ ၁၉ ႏွစ္ အရြယ္ရွိတဲ့ အဆိုပါေပၚတူဂီ ညာေနာက္ခံကစားသမားေလးဟာ ေပၚတိုအသင္းကေန ရာသီမစခင္မွာ အိုးထရက္ဖို႔ဒ္သို႔ ေရာက္လာခဲ့သူျဖစ္ပါတယ္။

diogodalot-cropped-newsday-myanmar

“ဒါးေလာ့နဲ႔ လုေရွာ ဒီပြဲမွာ ေတာ္ေတာ္ေလးေကာင္းတယ္။ ဒါးေလာ့က လုေရွာနဲ႔ေတာင္ တန္းတူကစားႏိုင္တယ္” လို႔ ေမာ္ရင္ဟိုက ပြဲၿပီးမွာ ေျပာပါတယ္။

“ကၽြန္ေတာ္တို႔ရဲ႕ အႏၱရာယ္ေတြက သူတို႔ႏွစ္ေယာက္ဆီကပဲ ထြက္လာတယ္။ သူတို႔ရဲ႕ လႈပ္ရွားမႈေတြဟာ အရမ္းကိုေက်နပ္စရာေကာင္းပါတယ္။ သူတုိ႔ဟာ ေဘာလံုးကို ျဖတ္တင္ေပးႏိုင္သလို ဖန္တီးႏိုင္စြမ္းလည္း ရွိတယ္။ သူတို႔ဟာ မန္ယူအသင္းရဲ႕ အရမ္းအႏၱရာယ္ေပးႏိုင္တဲ့သူေတြထဲမွာ ပါ၀င္ေနသလို ခံစစ္ပိုင္းလည္း အရမ္းေကာင္းတယ္။ ဒါ့ေၾကာင့္ သူတို႔ႏွစ္ေယာက္ သိပ္ေကာင္းတယ္လို႔ ကၽြန္ေတာ္ေျပာခ်င္တယ္”

diego dalot

“ဒါေပမယ့္ အမွန္တကယ္က လုေရွာ ဒီမွာေနတာၾကာၿပီ။ သူက ရာသီအစကတည္းက ကစားေနတာ။ ဒီေယဂိုအတြက္ေတာ့ ဒါက ပထမဆံုးပြဲပဲ။ ဒီေယဂိုဟာ အလားအလာေကာင္းတဲ့ ကစားသမားတစ္ေယာက္ဆိုတာ လူတိုင္းျမင္ႏိုင္မွာပါ။ အသက္ ၁၉ ႏွစ္သာ ရွိေသးတဲ့ ဒီကေလးဟာ ယူႏိုက္တက္အတြက္ ၁၀ ႏွစ္ထက္မနည္း ကစားႏိုင္လိမ့္မယ္” လို႔ ေမာ္ရင္ဟိုက ေျပာလိုက္ပါတယ္။

mourinho

Unicode version

“ဒါးလော့က ယူနိုက်တက်မှာ ၁၀ နှစ်ထက်ပိုပြီး ကစားနိုင်တယ်” လို့ ချီးကျူးသွားတဲ့ မော်ရင်ဟို

မန်ယူအသင်း ယန်းဘွိုင်းစ်အသင်းကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပထမဆုံးပွဲထွက်ပါဝင်ကစားခဲ့တဲ့ ဒီယေဂိုဒါးလော့ဟာ အိုးထရက်ဖို့ဒ်မှာ ၁၀ နှစ်ထက်မနည်း ကစားနိုင်တယ်လို့ နည်းပြ မော်ရင်ဟိုက ချီးကျူး ပြောလိုက်ပါတယ်။

အသက် ၁၉ နှစ် အရွယ်ရှိတဲ့ အဆိုပါပေါ်တူဂီ ညာနောက်ခံကစားသမားလေးဟာ ပေါ်တိုအသင်းကနေ ရာသီမစခင်မှာ အိုးထရက်ဖို့ဒ်သို့ ရောက်လာခဲ့သူဖြစ်ပါတယ်။

“ဒါးလော့နဲ့ လုရှော ဒီပွဲမှာ တော်တော်လေးကောင်းတယ်။ ဒါးလော့က လုရှောနဲ့တောင် တန်းတူကစားနိုင်တယ်” လို့ မော်ရင်ဟိုက ပွဲပြီးမှာ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ အန္တရာယ်တွေက သူတို့နှစ်ယောက်ဆီကပဲ ထွက်လာတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ အရမ်းကိုကျေနပ်စရာကောင်းပါတယ်။ သူတို့ဟာ ဘောလုံးကို ဖြတ်တင်ပေးနိုင်သလို ဖန်တီးနိုင်စွမ်းလည်း ရှိတယ်။ သူတို့ဟာ မန်ယူအသင်းရဲ့ အရမ်းအန္တရာယ်ပေးနိုင်တဲ့သူတွေထဲမှာ ပါဝင်နေသလို ခံစစ်ပိုင်းလည်း အရမ်းကောင်းတယ်။ ဒါ့ကြောင့် သူတို့နှစ်ယောက် သိပ်ကောင်းတယ်လို့ ကျွန်တော်ပြောချင်တယ်”

“ဒါပေမယ့် အမှန်တကယ်က လုရှော ဒီမှာနေတာကြာပြီ။ သူက ရာသီအစကတည်းက ကစားနေတာ။ ဒီယေဂိုအတွက်တော့ ဒါက ပထမဆုံးပွဲပဲ။ ဒီယေဂိုဟာ အလားအလာကောင်းတဲ့ ကစားသမားတစ်ယောက်ဆိုတာ လူတိုင်းမြင်နိုင်မှာပါ။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ဒီကလေးဟာ ယူနိုက်တက်အတွက် ၁၀ နှစ်ထက်မနည်း ကစားနိုင်လိမ့်မယ်” လို့ မော်ရင်ဟိုက ပြောလိုက်ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …