modric the best prize newsday myanmar


Zawgyi Code


 Croatia’s midfielder Luka Modric looks crestfallen



Spain v Croatia - UEFA Nations League A



Unicode version

“အကောင်းဆုံးဆု ပိုင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး မရှိဘူး” လို့ ပြောလိုက်တဲ့ မိုဒရစ်

လူကာမိုဒရစ်ဟာ ယနေ့ ယှဉ်ပြိုင်ခဲ့တဲ့ စပိန်နဲ့ နိုင်ငံလက်ရွေးစင်ပွဲမှာ ကောင်းစွာခြေစွမ်းမပြနိုင်ပြီးနောက် သူဟာ FIFA မှ ပေးအပ်မယ့် အကောင်းဆုံးဆုကို ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး မရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီးနောက် နိုင်ငံအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်နိုင်ခဲ့တာကြောင့် စီရော်နယ်ဒို၊ မိုဟာမက်ဆာလက်တို့နဲ့အတူ ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Modric-award-web-newsdaymyanmar

ဒါဟာ သူ့အတွက် ဆုတံဆိပ်တွေ ပိုင်ဆိုင်နိုင်မယ့် အခွင့်ကောင်းတစ်ခု ဖြစ်ပေမယ့် မိုဒရစ်ကတော့ ဆုတံဆိပ်တွေ လိုချင်လို့ ကစားရခြင်း မဟုတ်ကြောင်း အခုလို ပြောပါတယ်။

“ကျွန်တော့်အတွက်တော့ အရေးအကြီးဆုံးအရာက အသင်းလိုက် အောင်မြင်မှုပဲ။ ဆုတံဆိပ်တွေ ပိုင်ဆိုင်နိုင်ရေးက ကျွန်တော်အလိုချင်ဆုံးအရာမဟုတ်ဘူး” လို့ မိုဒရစ်က ခရိုအေးရှားအသင်း စပိန်ကို ၆-၀ နဲ့ ရှုံးနိမ့်ပြီးမှာ ပြောပါတယ်။

“ဒီဆုကို မရလို့လည်း ကျွန်တော်တို့အတွက် ဘာမှဖြစ်သွားမှာမဟုတ်ဘူး” လို့ မိုဒရစ်က ပြောလိုက်ပါတယ်။

Check Also

skysports-jose-mourinho-man-united_4478147

မော်ရင်ဟိုကို လာလီဂါက ပြန်လည်ကြိုဆိုနေမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြော

Zawgyi Version ယခင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ မော်ရင်ဟိုအနေနဲ့ လာလီဂါသို့ တစ်ကျော့ပြန်လာခဲ့မယ်ဆိုရင် သိပ်ကောင်းတဲ့ပြပွဲတစ်ခု ဖြစ်လာမှာပဲလို့ လာလီဂါဥက္ကဋ္ဌ Javier Tebasက ပြောလိုက်ပါတယ်။ မော်ရင်ဟိုဟာ …