ဘာစီလိုနာနဲ့ စပိန်စူပါဖလားပြိုင်ပွဲ ပထမအကျော့ မိုဒရစ်လွဲချော်မည်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား လူကာမိုဒရစ်ဟာ လာမယ့် တနင်္ဂနွေနေ့တွင် နူးကမ့်မှာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်စူပါဖလား ပ-အကျော့မှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အဆိုပါခရိုရေးရှားသားက လွန်ခဲ့တဲ့ ၃ နှစ်အကြာ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ကြတဲ့ ထိုပြိုင်ပွဲမှာ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံလိုက်တာကြောင့် ယခုလို ပွဲပယ်မိခဲ့ခြင်း ဖြစ်ပါတယ်။ ထိုပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ကျော့ပေါင်း ၂-၁ ရလဒ်ဖြင့် အက်သလက်တီကိုမက်ဒရစ်ကို အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

မိုဒရစ်ဟာ ထိုပြိုင်ပွဲရဲ့ ပထမအကျော့မှာ ပါဝင်ခွင့်ရပေမယ့် ၃ရက်အကြာ သြဂုတ်လ ၁၆ရက်နေ့ ဘာနေဗျူးမှာ ကျင်းပမယ့် ဒုတိယအကျော့မှာတော့ ပါဝင်ယှဉ်ပြိုင်ခွင့် ရလိမ့်မယ်လို့ သိရပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …