modric the best prize newsday myanmar

“ေရႊေဘာလံုးဆု ဆြတ္ခူးခ်င္ပါတယ္” လို႔ ၀န္ခံသြားတဲ့ လူကာမိုဒရစ္

Zawgyi Version

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ကစားသမား လူကာမိုဒရစ္က သူဟာ အသင္းေအာင္ျမင္ေရးကို ေရွ႕ရႈတယ္ဆိုေပမယ့္ ရီးရဲလ္မက္ဒရစ္ ပရိသတ္ေတြ ရေစခ်င္တဲ့ ကမာၻ႕အေကာင္းဆံုး ကစားသမားဆု Ballon d’Or ကိုလည္း အမွန္တကယ္ရခ်င္ပါတယ္လို႔ ၀န္ခံသြားခဲ့ပါတယ္။

Modric-award-web-newsdaymyanmar

မိုဒရစ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ၃ ႏွစ္ ဆက္တိုက္ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့သလို ခရီုေအးရွားအသင္းကိုလည္း ကမာၻ႕ဖလားဗိုလ္လုပြဲအဆင့္ထိ ပို႕ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္အတြက္ ဥေရာပအေကာင္းဆံုးကစားသမားဆု UEFA’s Player of the Year ကို ရရွိခဲ့သလို ဖီဖာမွ ေပးအပ္မယ့္ The Best ဆုအတြက္လည္း ေရာ္နယ္ဒို၊ မိုဟာမက္ဆာလက္တို႔နဲ႔အတူ ဆန္ကာတင္ ၃ ဦးထဲမွာ ပါ၀င္ခဲ့ပါတယ္။

ယခု အသက္ ၃၃ ႏွစ္ရွိတဲ့ မိုဒရစ္က ရိုးမားအသင္းကို ၃-၀ ရလဒ္နဲ႔ ရီးရဲလ္မက္ဒရစ္ အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲအၿပီးမွာ Ballon d’Or ဆု နဲ႔ ပတ္သက္ၿပီး အခုလို ေျပာသြားခဲ့ပါတယ္။

” ဘာေနဗ်ဴးကြင္းႀကီးထဲမွာ Ballon d’Or ဆုနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ သီခ်င္းသီဆိုသံေတြကို ၾကားရေတာ့ အရမ္းအရမ္းေပ်ာ္တယ္” လို႔ မိုဒရစ္က ေျပာပါတယ္။

“ေနာက္ၿပီး အသင္းေဖာ္ေတြကလည္း ကၽြန္ေတာ့္ကို ရေစခ်င္ၾကတယ္။ ခ်ီးမြမ္းၾကတယ္။ တကယ္ေတာ့ ကၽြန္ေတာ္လည္း ဒီဆုကို ရခ်င္ပါတယ္။ ဒါေပမယ့္ ဒီဆုကို ရကိုရေစမယ္ဆိုတဲ့စိတ္ေတာ့ အျမဲတမ္းမရွိပါဘူး။ သီးသန္႔ဆုတံဆိပ္ေတြက အရမ္းကို ႀကီးက်ယ္ပါတယ္။ ဒါေပမယ့္ ဒါေတြမရလို႔လည္း ဘာမွေျပာင္းလဲသြားမွာ မဟုတ္ပါဘူး”

“ကမာၻ႕ဖလားၿပိဳင္ပြဲၿပီးေနာက္ ကၽြန္ေတာ္ဟာ စိတ္ဓာတ္ခြန္အားေတြ ျပည့္၀ေနၿပီး ဒီထက္ပိုေကာင္းေအာင္ ႀကိဳးစားခ်င္လာတယ္။ မႏွစ္ကေျခစြမ္းေတြလိုမ်ဳိး ျပန္လည္ျပသႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္” လို႔ မိုဒရစ္က ေျပာလိုက္ပါတယ္။

Unicode version

“ရွှေဘောလုံးဆု ဆွတ်ခူးချင်ပါတယ်” လို့ ဝန်ခံသွားတဲ့ လူကာမိုဒရစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား လူကာမိုဒရစ်က သူဟာ အသင်းအောင်မြင်ရေးကို ရှေ့ရှုတယ်ဆိုပေမယ့် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ရစေချင်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု Ballon d’Or ကိုလည်း အမှန်တကယ်ရချင်ပါတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၃ နှစ် ဆက်တိုက် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့သလို ခရီုအေးရှားအသင်းကိုလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်နိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်အတွက် ဥရောပအကောင်းဆုံးကစားသမားဆု UEFA’s Player of the Year ကို ရရှိခဲ့သလို ဖီဖာမှ ပေးအပ်မယ့် The Best ဆုအတွက်လည်း ရော်နယ်ဒို၊ မိုဟာမက်ဆာလက်တို့နဲ့အတူ ဆန်ကာတင် ၃ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။

ယခု အသက် ၃၃ နှစ်ရှိတဲ့ မိုဒရစ်က ရိုးမားအသင်းကို ၃-၀ ရလဒ်နဲ့ ရီးရဲလ်မက်ဒရစ် အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအပြီးမှာ Ballon d’Or ဆု နဲ့ ပတ်သက်ပြီး အခုလို ပြောသွားခဲ့ပါတယ်။

Luka Modric of Real Madrid celebrates with his 2017/18 UEFA Men's

” ဘာနေဗျူးကွင်းကြီးထဲမှာ Ballon d’Or ဆုနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ သီချင်းသီဆိုသံတွေကို ကြားရတော့ အရမ်းအရမ်းပျော်တယ်” လို့ မိုဒရစ်က ပြောပါတယ်။

“နောက်ပြီး အသင်းဖော်တွေကလည်း ကျွန်တော့်ကို ရစေချင်ကြတယ်။ ချီးမွမ်းကြတယ်။ တကယ်တော့ ကျွန်တော်လည်း ဒီဆုကို ရချင်ပါတယ်။ ဒါပေမယ့် ဒီဆုကို ရကိုရစေမယ်ဆိုတဲ့စိတ်တော့ အမြဲတမ်းမရှိပါဘူး။ သီးသန့်ဆုတံဆိပ်တွေက အရမ်းကို ကြီးကျယ်ပါတယ်။ ဒါပေမယ့် ဒါတွေမရလို့လည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး”

“ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ကျွန်တော်ဟာ စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝနေပြီး ဒီထက်ပိုကောင်းအောင် ကြိုးစားချင်လာတယ်။ မနှစ်ကခြေစွမ်းတွေလိုမျိုး ပြန်လည်ပြသနိုင်ဖို့ မျှော်လင့်ထားတယ်” လို့ မိုဒရစ်က ပြောလိုက်ပါတယ်။

Check Also

ေနမာကို ေခၚယူမယ့္ကိစၥ ေသြးေအးသြားတဲ့ ရီးရဲလ္မက္ဒရစ္

ေနမာကို ေခၚယူမယ့္ကိစၥ ေသြးေအးသြားတဲ့ ရီးရဲလ္မက္ဒရစ္

စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္အသင္းဟာ PSG တိုက္စစ္ကစားသမား ေနမာကို ေခၚယူဖို႔ စိတ္၀င္စားမႈအား ေလ်ာ့က်သြားတယ္လို႔ DailyMail က ထုတ္ေဖာ္ေရးသားလိုက္ပါတယ္။ လာမယ့္ေႏြရာသီမွာ ဘာေပကို ေခၚယူဖို႔ ရည္ရြယ္ထားတာေၾကာင့္ …