messi will attend fifa the best award

FIFA’s The Best ဆုေပးပြဲအခမ္းအနားကို မက္ဆီ တက္ေရာက္မည္

Zawgyi Version

ဘာစီလိုနာ စူပါစတား လီယြန္နယ္မက္ဆီအေနနဲ႔ ဒီႏွစ္မွာ ဆုႀကီးႀကီးမားမား မရႏိုင္ဘူးလို႔ ႀကိဳတင္သိရွိထားၾကေပမယ့္ လာမယ့္ တနလၤာေန႔ လန္ဒန္မွာ က်င္းပမယ့္ FIFA’s The Best ဆုေပးပြဲအခမ္းအနားသို႔ တက္ေရာက္လာလိမ့္မယ္လို႔ သိရပါတယ္။

messi-newsday-myanmar-champion-league-1

မက္ဆီဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ဘာစီလိုနာအသင္းနဲ႔အတူ လာလီဂါဖလားနဲ႔ စပိန္ဘုရင့္ဖလားတို႔ကို ဆြတ္ခူးႏိုင္တဲ့အျပင္ တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆံုး သြင္းယူႏိုင္ခဲ့ေပမယ့္ The Best ဆုအတြက္ ဆန္ကာတင္စာရင္းမွာ ပါ၀င္ခဲ့ျခင္း မရွိခဲ့ပါဘူး။ ခရစၥတီယာႏိုေရာ္နယ္ဒို၊ လူကာမိုဒရစ္နဲ႔ မိုဟာမက္ဆာလက္တို႔ကို ဆန္ကာတင္ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ Ballon d’Or ဆု ၅ ႀကိမ္ ပိုင္ဆိုင္ထားတဲ့ မက္ဆီကေတာ့ အဆိုပါဆုေပးပြဲအခမ္းအနားကို တက္ေရာက္လာမွာပါ။ မက္ဆီဟာ FIFA XI စာရင္းထဲမွာ ပါ၀င္ႏိုင္ေသးသလို ကမာၻ႕ဖလားၿပိဳင္ပြဲမွာ ႏိုက္ဂ်ီးရီးယားအသင္းကို သြင္းယူခဲ့တဲ့ ဂိုးနဲ႔ ၂၀၁၈ ခုႏွစ္အတြင္း အေကာင္းဆံုးသြင္းဂိုးရွင္ဆုကို ရႏိုင္ပါေသးတယ္။

Lionel Messi scores 100th goal of Worldcup

အခုလို တက္ေရာက္လာရျခင္းဟာ ထိပ္တန္းစာရင္း၀င္ (၃) ဦး[ေရာ္နယ္ဒို၊ မိုဒရစ္၊ ဆာလက္]ကို ေလးစားတဲ့အေနနဲ႔ ျဖစ္သလို ဘာစီလိုနာရဲ႕ အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ လာရျခင္း ျဖစ္ႏိုင္ပါတယ္။

messi goal vs psv

မက္ဆီဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက ႏိုင္ငံလက္ေရြးစင္ပြဲေတြ က်င္းပခ်ိန္မွာ ႏိုင္ငံအသင္းထံ ျပန္မသြားဘဲ မိသားစုနဲ႔ အခ်ိန္ကုန္ေစခဲ့တာ ျဖစ္ပါတယ္။ အာဂ်င္တီးနားနည္းျပသစ္ စေကာ္လာရီကေတာ့ ဒီဆုေပးပြဲမွာ မက္ဆီကို ရွာေဖြၿပီး ႏို၀င္ဘာလထဲမွာ က်င္းပမယ့္ ႏိုင္ငံပြဲစဥ္ေတြမွာ ပါ၀င္ဖို႔ ေဆြးေႏြးသြားဖြယ္ ရွိေနပါတယ္။

messi - argentina football - newsday myanmar

ဒါေပမယ့္ မက္ဆီဟာ ၂၀၁၈ ကမာၻ႕ဖလားမွာ ရရွိခဲ့တဲ့ စိတ္ဒဏ္ရာေၾကာင့္ ဘရာဇီႏိုင္ငံမွာ လက္ခံက်င္းပမယ့္ ကိုပါအေမရိကဖလားၿပိဳပြဲတိုင္ေအာင္ ၂၀၁၉ ခုႏွစ္အထိ ႏိုင္ငံအသင္းအေနနဲ႔ ျပန္လည္ပူးေပါင္းႏိုင္ေျခမရွိဘူးလို႔ သိရပါတယ္။

၂၀၁၈-၁၉ ေဘာလံုးရာသီအတြင္း မက္ဆီ၊ ေရာ္နယ္ဒို၊ ဆာလက္နဲ႔ မိုဒရစ္တို႔ရဲ႕ စြမ္းေဆာင္မႈမ်ား

messi vs ronaldo vs salah vs modric

 

Unicode version

တနင်္လာနေ့ လန်ဒန်မှာကျင်းပမယ့် FIFA’s The Best ဆုပေးပွဲအခမ်းအနားကို မက်ဆီ တက်ရောက်မည်

ဘာစီလိုနာ စူပါစတား လီယွန်နယ်မက်ဆီအနေနဲ့ ဒီနှစ်မှာ ဆုကြီးကြီးမားမား မရနိုင်ဘူးလို့ ကြိုတင်သိရှိထားကြပေမယ့် လာမယ့် တနင်္လာနေ့ လန်ဒန်မှာ ကျင်းပမယ့် FIFA’s The Best ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာလိမ့်မယ်လို့ သိရပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလားနဲ့ စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးနိုင်တဲ့အပြင် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး သွင်းယူနိုင်ခဲ့ပေမယ့် The Best ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ခရစ္စတီယာနိုရော်နယ်ဒို၊ လူကာမိုဒရစ်နဲ့ မိုဟာမက်ဆာလက်တို့ကို ဆန်ကာတင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် Ballon d’Or ဆု ၅ ကြိမ် ပိုင်ဆိုင်ထားတဲ့ မက်ဆီကတော့ အဆိုပါဆုပေးပွဲအခမ်းအနားကို တက်ရောက်လာမှာပါ။ မက်ဆီဟာ FIFA XI စာရင်းထဲမှာ ပါဝင်နိုင်သေးသလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုက်ဂျီးရီးယားအသင်းကို သွင်းယူခဲ့တဲ့ ဂိုးနဲ့ ၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံးသွင်းဂိုးရှင်ဆုကို ရနိုင်ပါသေးတယ်။

အခုလို တက်ရောက်လာရခြင်းဟာ ထိပ်တန်းစာရင်းဝင် (၃) ဦး[ရော်နယ်ဒို၊ မိုဒရစ်၊ ဆာလက်]ကို လေးစားတဲ့အနေနဲ့ ဖြစ်သလို ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လာရခြင်း ဖြစ်နိုင်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက နိုင်ငံလက်ရွေးစင်ပွဲတွေ ကျင်းပချိန်မှာ နိုင်ငံအသင်းထံ ပြန်မသွားဘဲ မိသားစုနဲ့ အချိန်ကုန်စေခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားနည်းပြသစ် စကော်လာရီကတော့ ဒီဆုပေးပွဲမှာ မက်ဆီကို ရှာဖွေပြီး နိုဝင်ဘာလထဲမှာ ကျင်းပမယ့် နိုင်ငံပွဲစဉ်တွေမှာ ပါဝင်ဖို့ ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။

ဒါပေမယ့် မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် ဘရာဇီနိုင်ငံမှာ လက်ခံကျင်းပမယ့် ကိုပါအမေရိကဖလားပြိုပွဲတိုင်အောင် ၂၀၁၉ ခုနှစ်အထိ နိုင်ငံအသင်းအနေနဲ့ ပြန်လည်ပူးပေါင်းနိုင်ခြေမရှိဘူးလို့ သိရပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီအတွင်း မက်ဆီ၊ ရော်နယ်ဒို၊ ဆာလက်နဲ့ မိုဒရစ်တို့ရဲ့ စွမ်းဆောင်မှုများ

messi vs ronaldo vs salah vs modric

Check Also

အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္ေခတ္ပဲ

“ဘာစီလိုနာကို ႏိုင္ပြဲေတြရေအာင္ လုပ္ေပးသူက မက္ဆီ မဟုတ္ဘူး၊ ကၽြန္ေတာ္ပါ” – အီတူး

ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္း အီတူးကေတာ့ နည္းျပ ပပ္ဂြာဒီယိုလာရဲ႕ နည္းစနစ္ ခ်ဳပ္ကိုင္မႈေတြကို အျပစ္တင္ ရံႈ႕ခ်လိုက္ၿပီး ဘာစီလိုနာကို အႏိုင္ရေအာင္ စြမ္းေပးခဲ့သူက မက္ဆီမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ အီတူးဟာ …