မက္ဆီကို ရပ္တန္႔ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္တဲ့ ဆိုးရွား
မက္ဆီကို ရပ္တန္႔ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္တဲ့ ဆိုးရွား

မက္ဆီကို ရပ္တန္႔ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္တဲ့ ဆိုးရွား

မန္ခ်က္စတာယူႏိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဘာစီလိုနာ သူရဲေကာင္း မက္ဆီကို ရပ္တန္႔ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာလိုက္ပါတယ္။
မန္ယူအသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ စပိန္ကလပ္ ဘာစီလိုနာအသင္းနဲ႔ ထိပ္တိုက္ ရင္ဆိုင္ေတြ႕ခဲ့ၿပီး မနက္ျဖန္ အိုးထရက္ဖို႔ဒ္ ကြင္းႀကီးထဲမွာ ပထမအေက်ာ့ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
ယေန႔ ပြဲႀကိဳသတင္းစားရွင္းလင္းပြဲမွာေတာ့ ဆိုးရွားက ဘာစီလုိနာအသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္မႈေတြ ေပးစြမ္းေနတဲ့ မက္ဆီနဲ႔ ပတ္သက္ၿပီး အခုလို ေျပာလိုက္ပါတယ္။

” မက္ဆီက ထူးျခားတဲ့ ကစားသမားတစ္ေယာက္ပါ။ ေနာက္ၿပီး တစ္ကိုယ္ရည္စြမ္းေဆာင္မႈ အေကာင္းဆံုး ကစားသမားတစ္ေယာက္အျဖစ္ သမိုင္းမွာ ထင္က်န္ရစ္ေနပါလိမ့္မယ္။ သူ႕ကို ရပ္တန္႔ဖို႔ ခက္ခဲေကာင္း ခက္ခဲပါလိမ့္မယ္။ ဒါေပမဲ့ မက္ဆီကို ရပ္တန္႔ဖို႔ မျဖစ္ႏိုင္ဘူးဆိုေတာ့ မရွိပါဘူး။ ေနာက္ၿပီး သူတစ္ေယာက္တည္းကိုပဲ ကၽြန္ေတာ္တို႔ အားရံုစိုက္သြားမွာလည္း မဟုတ္ပါဘူး။ ကစားပြဲက ၁၁ ေယာက္ခ်င္း ကစားရမွာပါ” လို႔ ဆုိးရွားက ေျပာလိုက္ပါတယ္။
မက္ဆီဟာ ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစံု ပြဲေပါင္း ၄၀ ကစားထားၿပီး ၄၃ ဂိုး သြင္းယူကာ ၁၈ ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။
မန္ယူအသင္းဟာ ေနာက္ဆံုးယွဥ္ၿပိဳင္ထားတဲ့ ၄ ပြဲမွာ ၃ ပြဲ ရံႈးနိမ့္ထားၿပီး ေပးဂိုး ၇ ဂိုးအထိ ေပးခဲ့ရတဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။

ဆက္လက္ၿပီး ဆိုးရွားက PSG အသင္းကို အႏိုင္ယူခဲ့သလိုမ်ဳိး ဘာစီလိုနာအသင္းကို အႏိုင္ယူၿပီး အႀကိဳဗိုလ္လုပြဲအဆင့္ တက္လွမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း ေျပာလိုက္ပါတယ္။

Ref: Man Utd

Unicode version

မက်ဆီကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်တဲ့ ဆိုးရှား

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဘာစီလိုနာ သူရဲကောင်း မက်ဆီကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ စပိန်ကလပ် ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ပြီး မနက်ဖြန် အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ပထမအကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယနေ့ ပွဲကြိုသတင်းစားရှင်းလင်းပွဲမှာတော့ ဆိုးရှားက ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်မှုတွေ ပေးစွမ်းနေတဲ့ မက်ဆီနဲ့ ပတ်သက်ပြီး အခုလို ပြောလိုက်ပါတယ်။
” မက်ဆီက ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ နောက်ပြီး တစ်ကိုယ်ရည်စွမ်းဆောင်မှု အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် သမိုင်းမှာ ထင်ကျန်ရစ်နေပါလိမ့်မယ်။ သူ့ကို ရပ်တန့်ဖို့ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မက်ဆီကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ မရှိပါဘူး။ နောက်ပြီး သူတစ်ယောက်တည်းကိုပဲ ကျွန်တော်တို့ အားရုံစိုက်သွားမှာလည်း မဟုတ်ပါဘူး။ ကစားပွဲက ၁၁ ယောက်ချင်း ကစားရမှာပါ” လို့ ဆိုးရှားက ပြောလိုက်ပါတယ်။
မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားထားပြီး ၄၃ ဂိုး သွင်းယူကာ ၁၈ ကြိမ် ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားပြီး ပေးဂိုး ၇ ဂိုးအထိ ပေးခဲ့ရတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။
ဆက်လက်ပြီး ဆိုးရှားက PSG အသင်းကို အနိုင်ယူခဲ့သလိုမျိုး ဘာစီလိုနာအသင်းကို အနိုင်ယူပြီး အကြိုဗိုလ်လုပွဲအဆင့် တက်လှမ်းနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ပြောလိုက်ပါတယ်။

Ref: Man Utd

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …