လာလီဂါသမိုင္းမွာ ဂိုး ၄၀၀ ေျမာက္ သြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမား မက္ဆီ

လာလီဂါသမိုင္းမွာ ဂိုး ၄၀၀ ေျမာက္ သြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမား မက္ဆီ

Zawgyi Version

ဘာစီလိုနာတိုက္စစ္မွဴး လီယြန္နယ္မက္ဆီကေတာ့ တနဂၤေႏြေန႔က အီဘာအသင္းကို အိမ္ကြင္းမွာ ၃-၀ နဲ႔ အႏိုင္ရတဲ့ပြဲမွာ ဂိုးသြင္းႏိုင္ၿပီးေနာက္ လာလီဂါမွာ ဂိုး ၄၀၀ ေျမာက္ သြင္းယူႏိုင္တဲ့ ပထမဆံုး ကစားသမား ျဖစ္လာခဲ့ပါတယ္။ ဒါဟာ စပိန္ေဘာလံုးသမိုင္းမွာ မွတ္တမ္းေရးထိုးႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါ အာဂ်င္တီးနားသားဟာ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကတည္းက လာလီဂါသမိုင္းမွာ အခ်ိန္တိုင္းဂိုးသြင္းရွင္အျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာေတာ့ ဘာစီလိုနာအသင္းအတြက္ ၂ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး လူး၀စ္ဆြာရက္ဇ္ရဲ႕ ဖန္တီးမႈကေန သြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

၂၀၀၄ ခုႏွစ္ကတည္းက ဘာစီလိုနာအသင္းႀကီးမွာ စတင္ပြဲထြက္ခြင့္ရခဲ့တဲ့ မက္ဆီဟာ ယခုႏွစ္ေဘာလံုးရာသီမွာေတာ့ အသင္းေခါင္းေဆာင္အျဖစ္ စတင္တာ၀န္ယူခဲ့ၿပီး ကစားသမားဘ၀တစ္ေလွ်ာက္လံုး ၄၃၅ ပြဲအထိ ပါ၀င္ခြင့္ရတာ ျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္ ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ယခုႏွစ္လာလီဂါဖလားၿပိဳင္ပြဲမွာ သြင္းဂိုးေပါင္း ၁၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး အသင္းကိုလည္း ကပ္လ်က္ အက္သလက္တီကိုမက္ဒရစ္ကို ၅ မွတ္ျဖတ္ကာ ထိပ္ဆံုးအဆင့္ထိ ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ လာလီဂါဖလား ၉ လံုး ဆြတ္ခူးႏိုင္ခဲ့ၿပီး ၁၀ လံုးေျမာက္ ဆြတ္ခူးႏိုင္မယ့္ အေနအထားမွာရွိေနပါေတာ့တယ္။

Unicode version

လာလီဂါမှာ ဂိုး ၄၀၀ မြောက်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား မက်ဆီ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီကတော့ တနင်္ဂနွေနေ့က အီဘာအသင်းကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ပြီးနောက် လာလီဂါမှာ ဂိုး ၄၀၀ မြောက် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါဟာ စပိန်ဘောလုံးသမိုင်းမှာ မှတ်တမ်းရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ အာဂျင်တီးနားသားဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက လာလီဂါသမိုင်းမှာ အချိန်တိုင်းဂိုးသွင်းရှင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ ဘာစီလိုနာအသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့ ဖန်တီးမှုကနေ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်ကတည်းက ဘာစီလိုနာအသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာတော့ အသင်းခေါင်းဆောင်အဖြစ် စတင်တာဝန်ယူခဲ့ပြီး ကစားသမားဘဝတစ်လျှောက်လုံး ၄၃၅ ပွဲအထိ ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ မက်ဆီဟာ ယခုနှစ်လာလီဂါဖလားပြိုင်ပွဲမှာ သွင်းဂိုးပေါင်း ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းကိုလည်း ကပ်လျက် အက်သလက်တီကိုမက်ဒရစ်ကို ၅ မှတ်ဖြတ်ကာ ထိပ်ဆုံးအဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ လာလီဂါဖလား ၉ လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၁၀ လုံးမြောက် ဆွတ်ခူးနိုင်မယ့် အနေအထားမှာရှိနေပါတော့တယ်။

Check Also

အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္ေခတ္ပဲ

“ဘာစီလိုနာကို ႏိုင္ပြဲေတြရေအာင္ လုပ္ေပးသူက မက္ဆီ မဟုတ္ဘူး၊ ကၽြန္ေတာ္ပါ” – အီတူး

ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္း အီတူးကေတာ့ နည္းျပ ပပ္ဂြာဒီယိုလာရဲ႕ နည္းစနစ္ ခ်ဳပ္ကိုင္မႈေတြကို အျပစ္တင္ ရံႈ႕ခ်လိုက္ၿပီး ဘာစီလိုနာကို အႏိုင္ရေအာင္ စြမ္းေပးခဲ့သူက မက္ဆီမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ အီတူးဟာ …