“ကိုပါအေမရိကဖလား ဆြတ္ခူးႏိုင္ရင္ အနားယူလိုက္မယ္” လို႔ အာဂ်င္တီးနား နည္းျပေျပာ

အာဂ်င္တီးနားနည္းျပခ်ဳပ္ လီယြန္နယ္ စကာလိုနီကေတာ့ ဘရာဇီးႏိုင္ငံ အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ သူတို႔အသင္း ဖလားဆြတ္ခူးႏိုင္ခဲ့ရင္ နည္းျပဘ၀မွ အနားယူလိုက္မယ္လို႔ ေျပာလိုက္ပါတယ္။

၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိကဖလားၿပိဳင္ပြဲတုန္းက ဒုတိယအျဖစ္ ေက်နပ္ခဲ့ရတဲ့ အာဂ်င္တီးနားအသင္းဟာ ဒီေန႔မွာေတာ့ ကိုလံဘီယာအသင္းနဲ႔ ယွဥ္ၿပိဳင္ဖို႔ ရွိေနပါတယ္။ ၂၀၁၈ ကမာၻ႕ဖလားၿပိဳင္ပြဲတုန္းကလည္း ျပင္သစ္အသင္းနဲ႔ ရင္ဆိုင္ၿပီး ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရတဲ့ အာဂ်င္တီးနားအသင္းဟာ ၁၉၉၃ ခုႏွစ္က ကိုပါအေမရိကဖလား ဆြတ္ခူးၿပီးေနာက္ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈႀကီးႀကီးမားမား မရရွိေသးပါဘူး။ ယေန႔ယွဥ္ၿပိဳင္ရမယ့္ အုပ္စု(B) အဖြင့္ပြဲစဥ္နဲ႔ ပတ္သက္ၿပီး နည္းျပ စကာလိုနီက အခုလို ေျပာပါတယ္။

“ကၽြန္ေတာ္တို႔အသင္း ကိုပါအေမရိကဖလား ဆြတ္ခူးႏို္င္ခဲ့ရင္ အနားယူလိုက္မယ္” လို႔ ဆိုပါတယ္။

“ဒီအသင္းဟာ ကိုပါအေမရိကဖလားၿပိဳင္ပြဲကို ဗိုလ္လုပြဲအဆင့္အထိ ႏွစ္ႀကိမ္တိုင္တိုင္ တက္လွမ္းႏိုင္ခဲ့တယ္။ ဒါက အရမ္းခက္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔အသင္း ဘာမွမဆြတ္ခူးႏိုင္ခဲ့ဘူး။ ဒါက အရမ္းခက္သလို ရႈပ္ေထြးတဲ့ ကိစၥရပ္တစ္ခုလည္း ျဖစ္တယ္”

“အခု ပြဲစဥ္ေတြအားလံုး ကစားဖို႔ ကၽြန္ေတာ္တို႔ ေရာက္လာၿပီ။ ကၽြန္ေတာ္တို႔ ကစားသမားေတြရဲ႕ အရည္အခ်င္းေတြ ျပသရေတာ့မယ္” လို႔ စကာလိုနီက ဆိုပါတယ္။

၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိကဖလားဗိုလ္လုပြဲနဲ႔ ၂၀၁၄ ကမာၻ႕ဖလားဗိုလ္လုပြဲေတြမွာ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ့တဲ့ မက္ဆီဟာ ဒီတစ္ခ်ိန္မွာလည္း ႏိုင္ငံအသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ပခံုထမ္းရြက္ဖို႔ အခ်ိန္က်ေရာက္လာပါၿပီ။ မက္ဆီဟာ ႏိုင္ငံအသင္းရဲ႕ သြင္းဂိုးအမ်ားဆံုးကစားျဖစ္ေပမဲ့ စီနီယာကစားသမားဘ၀မွာ ဖလားေအာင္ျမင္မႈ တစ္ႀကိမ္မွ မရရွိေသးပါဘူး။ ဒါေပမဲ့ နည္းျပစကာလိုနီကေတာ့ မက္ဆီကို အခုလို ခ်ီးမြမ္းေျပာဆိုသြားပါတယ္။

“မက္ဆီရဲ႕ ေဘာလံုးကစားခ်င္စိတ္ကိုေတာ့ ေလးစားတယ္။ သူဟာ ေဘာလံုးကစားဖို႔ နဲ႔ အႏိုင္ရဖို႔ ေမြးဖြားလာတဲ့သူ ျဖစ္တယ္။ ကၽြန္ေတာ္တို႔ေတြ ေပ်ာ္ရႊင္ေအာင္ လုပ္ေပးဖို႔ သူ ဒီမွာ ရွိေနၿပီ” လို႔ ေျပာလိုက္ပါတယ္။

Unicode version

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘဝမှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။

၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက ဒုတိယအဖြစ် ကျေနပ်ခဲ့ရတဲ့ အာဂျင်တီးနားအသင်းဟာ ဒီနေ့မှာတော့ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ အာဂျင်တီးနားအသင်းဟာ ၁၉၉၃ ခုနှစ်က ကိုပါအမေရိကဖလား ဆွတ်ခူးပြီးနောက် လက်ရှိအချိန်အထိ အောင်မြင်မှုကြီးကြီးမားမား မရရှိသေးပါဘူး။ ယနေ့ယှဉ်ပြိုင်ရမယ့် အုပ်စု(B) အဖွင့်ပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြ စကာလိုနီက အခုလို ပြောပါတယ်။

“ကျွန်တော်တို့အသင်း ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ခဲ့ရင် အနားယူလိုက်မယ်” လို့ ဆိုပါတယ်။

“ဒီအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲကို ဗိုလ်လုပွဲအဆင့်အထိ နှစ်ကြိမ်တိုင်တိုင် တက်လှမ်းနိုင်ခဲ့တယ်။ ဒါက အရမ်းခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်း ဘာမှမဆွတ်ခူးနိုင်ခဲ့ဘူး။ ဒါက အရမ်းခက်သလို ရှုပ်ထွေးတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်တယ်”

“အခု ပွဲစဉ်တွေအားလုံး ကစားဖို့ ကျွန်တော်တို့ ရောက်လာပြီ။ ကျွန်တော်တို့ ကစားသမားတွေရဲ့ အရည်အချင်းတွေ ပြသရတော့မယ်” လို့ စကာလိုနီက ဆိုပါတယ်။

၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားဗိုလ်လုပွဲနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မက်ဆီဟာ ဒီတစ်ချိန်မှာလည်း နိုင်ငံအသင်းရဲ့ မျှော်လင့်ချက်တွေကို ပခုံထမ်းရွက်ဖို့ အချိန်ကျရောက်လာပါပြီ။ မက်ဆီဟာ နိုင်ငံအသင်းရဲ့ သွင်းဂိုးအများဆုံးကစားဖြစ်ပေမဲ့ စီနီယာကစားသမားဘဝမှာ ဖလားအောင်မြင်မှု တစ်ကြိမ်မှ မရရှိသေးပါဘူး။ ဒါပေမဲ့ နည်းပြစကာလိုနီကတော့ မက်ဆီကို အခုလို ချီးမွမ်းပြောဆိုသွားပါတယ်။

“မက်ဆီရဲ့ ဘောလုံးကစားချင်စိတ်ကိုတော့ လေးစားတယ်။ သူဟာ ဘောလုံးကစားဖို့ နဲ့ အနိုင်ရဖို့ မွေးဖွားလာတဲ့သူ ဖြစ်တယ်။ ကျွန်တော်တို့တွေ ပျော်ရွှင်အောင် လုပ်ပေးဖို့ သူ ဒီမှာ ရှိနေပြီ” လို့ ပြောလိုက်ပါတယ်။

Check Also

skysports-jose-mourinho-man-united_4478147

ေမာ္ရင္ဟိုကို လာလီဂါက ျပန္လည္ႀကိဳဆိုေနမယ္လို႔ လာလီဂါဥကၠ႒ ေျပာ

Zawgyi Version ယခင္က ရီးရဲလ္မက္ဒရစ္အသင္းမွာ နည္းျပလုပ္ခဲ့ဖူးတဲ့ ေမာ္ရင္ဟိုအေနနဲ႔ လာလီဂါသို႔ တစ္ေက်ာ့ျပန္လာခဲ့မယ္ဆိုရင္ သိပ္ေကာင္းတဲ့ျပပြဲတစ္ခု ျဖစ္လာမွာပဲလို႔ လာလီဂါဥကၠ႒ Javier Tebasက ေျပာလိုက္ပါတယ္။ ေမာ္ရင္ဟိုဟာ …