neymar-mbappe-newsday-myanmar


Zawgyi code


neymar-brazil-2018


mbappe-world-cup





Unicode version

“အမ်ဘက်ပီနဲ့ နေမာ ဘယ်သူ့ကို ခေါ်မလဲမေးရင် နေမာကိုပဲ ခေါ်မယ်” လို့ ပြောလိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂိုဆီမြွန်နီက သူ့အနေနဲ့ နေမာနဲ့ အမ်ဘက်ပီကို ခေါ်ယူပိုင်ခွင့်ရှိရင် အလုပ်ပိုလုပ်နိုင်တဲ့ နေမာကိုပဲ ခေါ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နေမာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကောင်းစွာခြေစွမ်းမပြနိုင်တဲ့ အပြင် ဟန်ဆောင်လဲချတတ်တာကြောင့် ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ် ရှိတဲ့ အဆိုပါ ဘရာဇီးသားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက် ဖြစ်တယ်ဆိုတာကတော့ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း လီဂူးဝမ်းပြိုင်ပွဲမှာ ပွဲ ၂၀ ကစားပြီး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Neymar Signs For PSG

အမ်ဘက်ပီတော့ အသက် ၁၉ နှစ်သာ ရှိသေးတယ်ဆိုပေမယ့် PSG အသင်းနဲ့အတူ ကောင်းမွန်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်နိုင်ခဲ့သလို ပြင်နိုင်ငံအသင်းကိုလည်း ကမ္ဘာ့ဖလားသိမ်းပိုက်နိုင်အောင် ကူညီနိုင်ခဲ့တာကြောင့် နောင်အနာဂတ် ဘောလုံးလောကမှာ လင်းလက်တောက်ပလာနိုင်တယ်လို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်း ခံနေရသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဆီမြွန်နီကိုတော့ နေမာကိုပဲ သဘောကျကြောင်း အခုလို ပြောပါတယ်။

“နေမာက အလုပ်ပိုလုပ်နိုင်တယ်။ ဒါ့ကြောင့် သူ့ကိုပဲ ခေါ်ချင်တယ်” လို့ ဆီမြွန်နီက ပြောပါတယ်။

“လူးဝစ်အင်းနရစ်ရဲ့ ဘာစီလိုနာအသင်းမှာ ရှိစဉ်တုန်းကလည်း သူဟာ အလုပ်တွေ အများကြီး ကြိုးစားပြီး အလုပ်လုပ်ခဲ့တယ်။ အမ်ဘက်ပီကတော့ ဂရိတ်ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူက တစ်ကိုယ်ကောင်းဆန်လွန်းတယ်” လို့ ဆီမြွန်နီက ပြောလိုက်ပါတယ်။

Check Also

antoine-griezmann-world-cup-newsday myanmar

အကောင်းဆုံးဆု ဆန်ကာတင် ၃ ဦးထဲမှာ ဂရေ့ဇ်မန်းမပါလို့ ဒေါသထွက်နေတဲ့ ဆီမြွန်နီ

Zawgyi Version The Best ဆုအတွက် FIFA မှ ရွေးချယ်ထုတ်ပြန်လိုက်တဲ့ ဆန်ကာတင်လူစာရင်း ၃ ဦးထဲမှာ တိုက်စစ်မှူး ဂရေ့ဇ်မန်း မပါဝင်ခဲ့တာကြောင့် အက်သလက်တီကိုမက်ဒရစ်နည်းပြ …