Mbappe can become the new Pele

ဘာေပဟာ ပီလီလက္သစ္ ျဖစ္လာႏိုင္တယ္လို႔ ေျပာလိုက္တဲ့ ပီလီ

Zawgyi version

ကမာၻ႕ဖလားကို ၃ ႀကိမ္တိတိ ဆြတ္ခူးႏိုင္ခဲ့သူ ဘရာဇီးလ္ဂႏၱင္ကစားသမား ပီလီက ျပင္သစ္လူငယ္တိုက္စစ္မွဴး ဘာေပဟာ သူ႔အတိုင္းပဲ ေျပာင္ေျမာက္တဲ့ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

mbappe-world-cup

ပီလီဟာ ၁၉၆၈ ကမာၻ႕ဖလားၿပိဳင္ပြဲတုန္းက အသက္ ၁၇ ႏွစ္အရြယ္မွာေတာင္ ဘရာဇီးႏိုင္ငံအသင္းကို ကမာၻ႕ဖလားရေအာင္ ကူညီႏိုင္ခဲ့လို႔ အခ်ိန္တိုင္းအေကာင္းဆံုးကစားသမားတစ္ဦးလို႔ သတ္မွတ္ျခင္းခံထားရသူ ျဖစ္ပါတယ္။ ၁၉၆၂၊ ၁၉၇၀ ခုႏွစ္မ်ားမွာ ဆက္လက္ဆြတ္ခူးႏိုင္ၿပီး ကမာၻ႕ဖလားကို ၃ ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္တဲ့ ပထမဆံုးကစားမား ျဖစ္လာခဲ့ပါတယ္။ ထို႔အျပင္ ပီလီဟာ ႏိုင္ငံအသင္းမွာ သြင္းဂိုးအေရအတြက္ ၇၇ ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆံုးစာရင္းမွာ ထိပ္ဆံုးကရပ္တည္ေနပါတယ္။

pele - brazil

ေဘာလံုးသမားဘ၀ ၁၈ ႏွစ္တာ ကာလအတြင္းမွာ အဓိကဆုလား ၂၅ လံုး ဆြတ္ခူးႏိုင္ခဲ့တဲ့ ပီလီက ျပင္သစ္ေဘာလံုးမဂၢဇင္းနဲ႔ ေတြ႕ဆံုခိုက္ PSG တိုက္စစ္မွဴ ဘာေပနဲ႔ ပတ္သက္ၿပီး အခုလို ေျပာခဲ့ပါတယ္။

“သူက အသက္ ၁၉ ႏွစ္မွာ ကမာၻ႕ဖလား ဆြတ္ခူးႏိုင္တယ္။ ကၽြန္ေတာ္က ၁၇ ႏွစ္မွာ ဆြတ္ခူးႏိုင္ခဲ့တာ” လို႔ ပီလီက France Football မွာ ေျပာပါတယ္။

“သူဟာ ကၽြန္ေတာ္နဲ႔ ညီတူညီမွ် ရွိတယ္လို႔ေတာင္ က်ီစယ္ဖူးတယ္။ ကၽြန္ေတာ္ထင္ပါတယ္။ သူဟာ ပီလီလက္သစ္ ျဖစ္လာႏိုင္ပါတယ္။ ကၽြန္ေတာ္ ဒီလိုေျပာလိုက္ရင္ လူေတာ္ေတာ္မ်ားမ်ားက ရယ္ပါလိမ့္မယ္။ ဒါေပမဲ့ ဒါက ဟာသေျပာေနတာ မဟုတ္ဘူး” လို႔ ပီလီက ေျပာလိုက္ပါတယ္။

Unicode version

ဘာပေဟာ ပီလီလက်သစ် ဖြစ်လာနိုင်တယ်လို့ ပြောလိုက်တဲ့ ပီလီ

ကမ္ဘာ့ဖလားကို ၃ ကြိမ်တိတိ ဆွတ်ခူးနိုင်ခဲ့သူ ဘရာဇီးလ်ဂန္တင်ကစားသမား ပီလီက ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေဟာ သူ့အတိုင်းပဲ ပြောင်မြောက်တဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပီလီဟာ ၁၉၆၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အသက် ၁၇ နှစ်အရွယ်မှာတောင် ဘရာဇီးနိုင်ငံအသင်းကို ကမ္ဘာ့ဖလားရအောင် ကူညီနိုင်ခဲ့လို့ အချိန်တိုင်းအကောင်းဆုံးကစားသမားတစ်ဦးလို့ သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။ ၁၉၆၂၊ ၁၉၇၀ ခုနှစ်များမှာ ဆက်လက်ဆွတ်ခူးနိုင်ပြီး ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားမား ဖြစ်လာခဲ့ပါတယ်။ ထို့အပြင် ပီလီဟာ နိုင်ငံအသင်းမှာ သွင်းဂိုးအရေအတွက် ၇၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေပါတယ်။

ဘောလုံးသမားဘ၀ ၁၈ နှစ်တာ ကာလအတွင်းမှာ အဓိကဆုလား ၂၅ လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ပီလီက ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ တွေ့ဆုံခိုက် PSG တိုက်စစ်မှူ ဘာပေနဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

Mbappe can become the new Pele

“သူက အသက် ၁၉ နှစ်မှာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်တယ်။ ကျွန်တော်က ၁၇ နှစ်မှာ ဆွတ်ခူးနိုင်ခဲ့တာ” လို့ ပီလီက France Football မှာ ပြောပါတယ်။

“သူဟာ ကျွန်တော်နဲ့ ညီတူညီမျှ ရှိတယ်လို့တောင် ကျီစယ်ဖူးတယ်။ ကျွန်တော်ထင်ပါတယ်။ သူဟာ ပီလီလက်သစ် ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ဒီလိုပြောလိုက်ရင် လူတော်တော်များများက ရယ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ဟာသပြောနေတာ မဟုတ်ဘူး” လို့ ပီလီက ပြောလိုက်ပါတယ်။

Check Also

PSGs-Kylian-Mbappe-admits-open-Real-Madrid-scoring-hat-trick-Guingamp-win

ရီးရဲလ္မက္ဒရစ္နဲ႔ ပူးေပါင္းမယ့္ကိစၥ ထုတ္ေျပာလိုက္တဲ့ ဘာေပ

တိုက္စစ္မွဴး တိုက္စစ္မွဴး ကိုင္လီယန္ဘာေပက ခ်န္ပီယံလိဂ္ဖလား ၁၃ ႀကိမ္ ရရွိထားတဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ပူးေပါင္းဖို႔ ကမ္းလွမ္းမႈတစ္ခုခု ရွိလာခဲ့ရင္ ေျပာင္းေရႊ႕ျဖစ္လိမ့္မယ္လို႔ ၀န္ခံေျပာၾကားလိုက္ပါတယ္။ အဆုိပါ ျပင္သစ္ႏိုင္သားေလးဟာ …