Marcus Rashford scored his second goal for England

ကမာၻ႕အဆင့္မီတိုက္စစ္မွဴး ျဖစ္ဖို႔ မန္ယူကေန ရက္ဖို႔ဒ္ ထြက္သြားေတာ့မွာလား

Zawgyi Version

မားကပ္ရက္ဖို႔ဒ္အေနနဲ႔ ကမာၻ႕အဆင့္မီတိုက္စစ္မွဴး ျဖစ္ခ်င္တယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္မွ မျဖစ္မေန ထြက္ခြာသြားရလိမ့္မယ္လို႔ လီဗာပူးလ္ ကစားသမားေဟာင္း ေဂ်မီကာေရဂါက အႀကံျပဳတိုက္တြန္းလိုက္ပါတယ္။

Rashford

အသက္ ၂၀ ရွိတဲ႔ ရက္ဖို႔ဒ္ဟာ အဂၤါေန႔ညက ဆြစ္ဇာလန္ကို အဂၤလန္အသင္း အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုး သြင္းေပးခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ မန္ယူအသင္းမွာေတာ့ သူဟာ နည္းျပေမာ္ရင္ဟိုရဲ႕ ပထမဦးစားေပး တိုက္စစ္မွဴး မျဖစ္ေသးဘဲ လူကာကူရဲ႕ ေနာက္ခ်န္ အရံကစားသမားဘ၀နဲ႔ အရံခံုမွာပဲ အခ်ိန္ကုန္ေနခဲ့ပါတယ္။

Rashford

ကာေရဂါကေတာ့ အိုးထရက္ဖို႔ဒ္မွာ လူကာကူ ရွိေနသေရြ႕ ရက္ဖို႔ဒ္ဟာ အသင္းရဲ႕ အဓိကတိုက္စစ္မွဴး မျဖစ္ႏိုင္ေၾကာင္း အခုလို ေျပာပါတယ္။

“ရက္ဖို႔ဒ္အေနနဲ႔ လူကာကူကို ေနရာေပ်ာက္ေအာင္ လုပ္ႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္မျမင္ဘူး။ ခ်ဲလ္ဆီးမွာတုန္းက လူကာကူဟာ ေျခစြမ္္းျပခြင့္မရတာေၾကာင့္ အသင္းကေန ေျပာင္းသြားၿပီး အဲဗာတန္ကို ေရာက္သြားခဲ့တယ္။ အဲဒီမွာပဲ သြင္းဂိုးအမ်ားဆံုး ျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္လာခဲ့တယ္”

Jamie Carragher

“အဲဗာတန္အသင္းဟာ ရက္ဖို႔ဒ္လို ကစားသမားမ်ဳိးအတြက္ ပြဲတိုင္းကစားႏိုင္တဲ့ ကလပ္တစ္ခုပဲ။ ၿပီးခဲ့တဲ့ ရာသီတုန္းက ဘရိုက္တန္နဲ႔ ပြဲမွာ သူ အေကာင္းဆံုးေျခစြမ္းေတြ မျပသႏိုင္ခဲ့ဘူး။ ေမာ္ရင္ဟိုက သူ႕ကို သံုးေနရာကေန ေနာက္ပြဲေတြမွာ လူကာကူကိုပဲ ဆက္တိုက္သံုးသြားတယ္။ ဒါဟာ သူ အျမဲတမ္း ႀကံဳေတြ႕ေနရမယ့္ အဓိက ျပႆနာပဲ”

လူကာကူကို ၿပီးခဲ့တဲ့ ရာသီတုန္းက အဲဗာတန္းအသင္းမွ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၅ သန္းနဲ႔ မန္ယူအသင္းက ေခၚယူလိုက္တာပါ။ လူကာကူဟာ ခ်ဲလ္ဆီးအသင္းမွာ ေတာက္ပခြင့္မရဘဲ ၀က္စ္ဘရြန္းနဲ႔ အဲဗာတန္အသင္းေတြမွာ အငွားခ်ကစားခဲ့ရၿပီး အခ်ိန္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ရာမွ ဒီေန႔ ကမာၻ႕အဆင့္မီတိုက္စစ္မွဴး ျဖစ္လာခဲ့သူ ျဖစ္ပါတယ္။

lukaku-everton

ကာေရဂါကေတာ့ ရက္ဖို႔ဒ္အေနနဲ႔ မန္ယူအသင္းမွ ထြက္ခြာၿပီး လူကာကူရဲ႕ လမ္းစဥ္အတိုင္းလိုက္တာက ပိုၿပီးေတာ့ အက်ဳိးရွိေစမယ္ ျဖစ္ေၾကာင္း အခုလို ေျပာပါတယ္။

“သူ႕အေနနဲ႔ အဂၤလန္အသင္းမွာ ပြဲထြက္ခြင့္ပံုမွန္ ရခ်င္ရင္၊ မန္ယူအသင္းရဲ႕ စစ္မွန္တဲ့ ဗဟိုတိုက္စစ္မွဴး ျဖစ္ခ်င္တယ္ဆိုရင္ လက္တေလာက္ အသင္းမွ ထြက္ခြာသြားတာ အေကာင္းဆံုးပဲ”

rashford-newsdaymyanmar

“သူ႕အေနနဲ႔ ဒီအခ်ိန္မွာ ကမာၻ႕အဆင့္မီတိုက္စစ္မွဴး ျဖစ္ခ်င္ေနမွာပဲ။ ဒါေပမယ့္ မျဖစ္ေသးဘူး။ အသက္ ၂၄ ေလာက္မွ ျဖစ္လိမ့္မယ္။ အခုဆိုရင္ လူကာကူဟာ ကမာၻ႕အဆင့္မီတိုက္စစ္မွဴးေတြထဲက တစ္ေယာက္ ျဖစ္ေနၿပီ။ ရက္ဖို႔ဒ္လည္း ဒီကေန ထြက္ခြာၿပီးမွ အသင္းႀကီးတစ္သင္းဆီ ျပန္လာသင့္တယ္” လို႔ ကာေရဂါက အႀကံျပဳေျပာၾကားလိုက္ပါတယ္။

Unicode version

ကမ္ဘာ့အဆင့်မီတိုက်စစ်မှူး ဖြစ်ဖို့ မန်ယူကနေ ရက်ဖို့ဒ် ထွက်သွားတော့မှာလား

မားကပ်ရက်ဖို့ဒ်အနေနဲ့ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူး ဖြစ်ချင်တယ်ဆိုရင် မန်ချက်စတာယူနိုက်တက်မှ မဖြစ်မနေ ထွက်ခွာသွားရလိမ့်မယ်လို့ လီဗာပူးလ် ကစားသမားဟောင်း ဂျေမီကာရေဂါက အကြံပြုတိုက်တွန်းလိုက်ပါတယ်။

အသက် ၂၀ ရှိတဲ့ ရက်ဖို့ဒ်ဟာ အင်္ဂါနေ့ညက ဆွစ်ဇာလန်ကို အင်္ဂလန်အသင်း အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းမှာတော့ သူဟာ နည်းပြမော်ရင်ဟိုရဲ့ ပထမဦးစားပေး တိုက်စစ်မှူး မဖြစ်သေးဘဲ လူကာကူရဲ့ နောက်ချန် အရံကစားသမားဘဝနဲ့ အရံခုံမှာပဲ အချိန်ကုန်နေခဲ့ပါတယ်။

ကာရေဂါကတော့ အိုးထရက်ဖို့ဒ်မှာ လူကာကူ ရှိနေသရွေ့ ရက်ဖို့ဒ်ဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး မဖြစ်နိုင်ကြောင်း အခုလို ပြောပါတယ်။

“ရက်ဖို့ဒ်အနေနဲ့ လူကာကူကို နေရာပျောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မမြင်ဘူး။ ချဲလ်ဆီးမှာတုန်းက လူကာကူဟာ ခြေစွမ်းပြခွင့်မရတာကြောင့် အသင်းကနေ ပြောင်းသွားပြီး အဲဗာတန်ကို ရောက်သွားခဲ့တယ်။ အဲဒီမှာပဲ သွင်းဂိုးအများဆုံး ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို ရောက်လာခဲ့တယ်”

“အဲဗာတန်အသင်းဟာ ရက်ဖို့ဒ်လို ကစားသမားမျိုးအတွက် ပွဲတိုင်းကစားနိုင်တဲ့ ကလပ်တစ်ခုပဲ။ ပြီးခဲ့တဲ့ ရာသီတုန်းက ဘရိုက်တန်နဲ့ ပွဲမှာ သူ အကောင်းဆုံးခြေစွမ်းတွေ မပြသနိုင်ခဲ့ဘူး။ မော်ရင်ဟိုက သူ့ကို သုံးနေရာကနေ နောက်ပွဲတွေမှာ လူကာကူကိုပဲ ဆက်တိုက်သုံးသွားတယ်။ ဒါဟာ သူ အမြဲတမ်း ကြုံတွေ့နေရမယ့် အဓိက ပြဿနာပဲ”

လူကာကူကို ပြီးခဲ့တဲ့ ရာသီတုန်းက အဲဗာတန်းအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ မန်ယူအသင်းက ခေါ်ယူလိုက်တာပါ။ လူကာကူဟာ ချဲလ်ဆီးအသင်းမှာ တောက်ပခွင့်မရဘဲ ဝက်စ်ဘရွန်းနဲ့ အဲဗာတန်အသင်းတွေမှာ အငှားချကစားခဲ့ရပြီး အချိန်ပေါင်းများစွာ ပေးဆပ်ခဲ့ရာမှ ဒီနေ့ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ကာရေဂါကတော့ ရက်ဖို့ဒ်အနေနဲ့ မန်ယူအသင်းမှ ထွက်ခွာပြီး လူကာကူရဲ့ လမ်းစဉ်အတိုင်းလိုက်တာက ပိုပြီးတော့ အကျိုးရှိစေမယ် ဖြစ်ကြောင်း အခုလို ပြောပါတယ်။

“သူ့အနေနဲ့ အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်ပုံမှန် ရချင်ရင်၊ မန်ယူအသင်းရဲ့ စစ်မှန်တဲ့ ဗဟိုတိုက်စစ်မှူး ဖြစ်ချင်တယ်ဆိုရင် လက်တလောက် အသင်းမှ ထွက်ခွာသွားတာ အကောင်းဆုံးပဲ”

“သူ့အနေနဲ့ ဒီအချိန်မှာ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူး ဖြစ်ချင်နေမှာပဲ။ ဒါပေမယ့် မဖြစ်သေးဘူး။ အသက် ၂၄ လောက်မှ ဖြစ်လိမ့်မယ်။ အခုဆိုရင် လူကာကူဟာ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတွေထဲက တစ်ယောက် ဖြစ်နေပြီ။ ရက်ဖို့ဒ်လည်း ဒီကနေ ထွက်ခွာပြီးမှ အသင်းကြီးတစ်သင်းဆီ ပြန်လာသင့်တယ်” လို့ ကာရေဂါက အကြံပြုပြောကြားလိုက်ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …