Marcus Rashford has been compared to Cristiano Ronaldo Newsday Myanmar

ရပ္ဖုိ႔ဒ္ကို ကမာၻ႕ထိပ္တန္းတိုက္စစ္မွဴးနဲ႔ ခိုင္းႏိႈင္းေျပာဆိုသြားတဲ့ ေဆာက္ဂိတ္

Zawgyi Version

အဂၤလန္အသင္းနည္းျပ ဂါးရက္ေဆာက္ဂိတ္က ရပ္ဖို႔ဒ္ဟာ ေပၚတူဂီတိုက္စစ္မွဴး ခရစၥတီယာႏိုေရာ္နယ္ဒိုလိုပဲ အဂၤလန္ႏိုင္ငံအသင္းအတြက္ တကယ့္ကို အားကိုးအားထားျပဳရမယ့္ တိုက္စစ္မွဴးတစ္ေယာက္ ျဖစ္လာႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။

ရပ္ဖို႔ဒ္ဟာ အဂၤါေန႔က King Power အားကစားကြင္းႀကီးထဲမွာ ဆြစ္ဇာလန္အသင္းကို ၁-၀ နဲ႔ အဂၤလန္အသင္း အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ အေရးပါတဲ့ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့သူ ျဖစ္ပါတယ္။

Marcus Rashford scored his second goal for England

ဒါဟာ ရပ္ဖို႔ဒ္အတြက္ ႏိုင္ငံပြဲ အိမ္ကြင္း ၃ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္း ျဖစ္ၿပီး အဂၤလန္နည္းျပ ေဆာက္ဂိတ္ကေတာ့ အသက္ ၂၀ အရြယ္ရွိေသးတဲ့ အဂၤလန္ႏိုင္ငံသားေလးဟာ ေနာင္တစ္ခ်ိန္မွာ အသင္းရဲ႕ မရွိမျဖစ္တိုက္စစ္မွဴး တစ္ေယာက္ ျဖစ္လာႏိုင္ေၾကာင္း အခုလို ယံုၾကည္စြာ ေျပာလိုက္ပါတယ္။

“သူက ပင္ကိုယ္အရည္အခ်င္းျပည့္စံုတဲ့သူပဲ။ ဟယ္ရီကိန္းလည္း အဲဒီအရြယ္တုန္းက စပါးအသင္းအတြက္ ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့တာကို သြားသတိရတယ္” လို႔ ေဆာက္ဂိတ္က ေျပာပါတယ္။

football-gossip-rashford-southgate-terry-fabinho-ranieri-newsday myanmar

“ရပ္ဖို႔ဒ္ကို တျခားထိပ္တန္းကစားသမားေတြနဲ႔ ႏိႈင္းယွဥ္ခ်င္ရင္ ယွဥ္လို႔ရႏိုင္ေသးတယ္။ ဥပမာ ခရစၥတီယာႏို္ေရာ္နယ္ဒိုနဲ႔ေပါ့။ သူ အသက္ ၂၀ အရြယ္တုန္းက ရပ္ဖို႔ဒ္လိုပါပဲ။ ဒါေပမယ့္ သူလည္း ပြဲတိုင္းလိုလို ဂိုးမသြင္းႏိုင္ပါဘူး”

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ အသက္ ၂၀ အရြယ္မွာ ေပၚတူဂီႏိုင္ငံအသင္းအတြက္ ၂၇ ပြဲအထိ ကစားခဲ့ရၿပီး ၉ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ရပ္ဖို႔ဒ္ကေတာ့ ၂၇ ပြဲမွာ ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ သြင္းဂိုးအေရအတြက္ခ်င္း ႏိႈင္းယွဥ္ရင္ ေရာ္နယ္ဒိုက ပိုၿပီးေတာ့ အထင္ႀကီးစရာေကာင္းေနပါတယ္။

Juventus Training Session

“ဒါ့ေၾကာင့္ ရပ္ဖို႔ဒ္ ဒီထက္ပိုတိုးတက္ေကာင္းမြန္လာေအာင္ ကၽြန္ေတာ္တို႔ အခ်ိန္ေပးရမယ္” လို႔ ေဆာက္ဂိတ္က ေျပာလိုက္ပါတယ္။

Unicode version

ရပ်ဖို့ဒ်ကို ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးနဲ့ ခိုင်းနှိုင်းပြောဆိုသွားတဲ့ ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြ ဂါးရက်ဆောက်ဂိတ်က ရပ်ဖို့ဒ်ဟာ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုလိုပဲ အင်္ဂလန်နိုင်ငံအသင်းအတွက် တကယ့်ကို အားကိုးအားထားပြုရမယ့် တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ရပ်ဖို့ဒ်ဟာ အင်္ဂါနေ့က King Power အားကစားကွင်းကြီးထဲမှာ ဆွစ်ဇာလန်အသင်းကို ၁-၀ နဲ့ အင်္ဂလန်အသင်း အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ဒါဟာ ရပ်ဖို့ဒ်အတွက် နိုင်ငံပွဲ ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ အသက် ၂၀ အရွယ်ရှိသေးတဲ့ အင်္ဂလန်နိုင်ငံသားလေးဟာ နောင်တစ်ချိန်မှာ အသင်းရဲ့ မရှိမဖြစ်တိုက်စစ်မှူး တစ်ယောက် ဖြစ်လာနိုင်ကြောင်း အခုလို ယုံကြည်စွာ ပြောလိုက်ပါတယ်။

“သူက ပင်ကိုယ်အရည်အချင်းပြည့်စုံတဲ့သူပဲ။ ဟယ်ရီကိန်းလည်း အဲဒီအရွယ်တုန်းက စပါးအသင်းအတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာကို သွားသတိရတယ်” လို့ ဆောက်ဂိတ်က ပြောပါတယ်။

“ရပ်ဖို့ဒ်ကို တခြားထိပ်တန်းကစားသမားတွေနဲ့ နှိုင်းယှဉ်ချင်ရင် ယှဉ်လို့ရနိုင်သေးတယ်။ ဥပမာ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပေါ့။ သူ အသက် ၂၀ အရွယ်တုန်းက ရပ်ဖို့ဒ်လိုပါပဲ။ ဒါပေမယ့် သူလည်း ပွဲတိုင်းလိုလို ဂိုးမသွင်းနိုင်ပါဘူး”

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသက် ၂၀ အရွယ်မှာ ပေါ်တူဂီနိုင်ငံအသင်းအတွက် ၂၇ ပွဲအထိ ကစားခဲ့ရပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရပ်ဖို့ဒ်ကတော့ ၂၇ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သွင်းဂိုးအရေအတွက်ချင်း နှိုင်းယှဉ်ရင် ရော်နယ်ဒိုက ပိုပြီးတော့ အထင်ကြီးစရာကောင်းနေပါတယ်။

“ဒါ့ကြောင့် ရပ်ဖို့ဒ် ဒီထက်ပိုတိုးတက်ကောင်းမွန်လာအောင် ကျွန်တော်တို့ အချိန်ပေးရမယ်” လို့ ဆောက်ဂိတ်က ပြောလိုက်ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …