ေထာင္ဒဏ္၄လ က်ခံႏိုင္တဲ့ အခြန္လိမ္လည္မႈ က်ဴးလြန္မိေၾကာင္း ၀န္ခံလိုက္တဲ့ မာဆယ္လို

ေထာင္ဒဏ္၄လ က်ခံႏိုင္တဲ့ အခြန္လိမ္လည္မႈ က်ဴးလြန္မိေၾကာင္း ၀န္ခံလိုက္တဲ့ မာဆယ္လို

Zawgyi Version

ရီးရဲလ္မက္ဒရစ္ ေနာက္ခံကစားသမား မာဆယ္လိုက သူဟာ ေထာင္ဒဏ္ေလးလ က်ခံႏိုင္မယ့္ အခြန္လိမ္လည္မႈတစ္ခု က်ဴးလြန္မိခဲ့ေၾကာင္း ယေန႔ ၀န္ခံေျပာၾကားလိုက္တယ္လို႔ စပိန္သတင္းဌာနေတြမွာ ေဖာ္ျပေနၾကပါတယ္။

မာဆယ္လိုဟာ စပိန္အာဏာပိုင္မ်ားကို ေပးေဆာင္ရမယ့္ ယူရို ၄၉၀၀၀၀ ကို မေပးေဆာင္ဘဲ လိမ္လည္ထားၿပီး ႏိုင္ငံျခားစီးပြားေရးေတြမွာ ရင္းႏွီးျမဳပ္ႏွံထားတာေၾကာင့္ ဒဏ္ေငြ ယူရို ၇၅၀၀၀၀ ေပးေဆာင္ရလိမ့္မယ္လို႔ သိရပါတယ္။

marcelo-realmadrid

အကယ္၍ ဒဏ္ေငြမေဆာင္ပါက မာဆယ္လိုဟာ ေထာင္ဒဏ္ ေလးလ က်ခံႏိုင္ဖြယ္ ရွိေနပါတယ္။  ဒါေပမယ့္ စပိန္ဥပေဒမွာ ေထာင္ဒဏ္(၂)ႏွစ္ေအာက္ ျပစ္မႈဆိုင္ရာ ထင္ရွားျခင္းမရွိတဲ႔ ျပစ္မႈက်ဴးလြန္သူမ်ားက ခံ၀င္ကတိနဲ႔ ပံုမွန္ဆက္လက္ေနထိုင္ခြင့္ရွိတာေၾကာင့္ မာဆယ္လိုဟာ ေထာင္ထဲမွာ ေနရမယ့္ အေျခအေနမွာေတာ့ မဟုတ္ေသးပါဘူး။

စပိန္အစိုးရဟာ မၾကာေသးခင္ကလည္း အခြန္ေငြေရွာင္ရွားခဲ႔တဲ႔ နာမည္ၾကီး ေဘာလံုးသမားေတြျဖစ္ၾကတဲ့ မက္ဆီ၊ ေရာ္နယ္ဒို၊ ဒီမာရီယာနဲ႔ ေနမာတို႔ကိုလည္း ႏွိမ္ႏွင္းခဲ႔ျပီးျပီ ျဖစ္ပါတယ္။

Unicode version

ထောင်ဒဏ်၄လ ကျခံနိုင်တဲ့ အခွန်လိမ်လည်မှု ကျူးလွန်မိကြောင်း ဝန်ခံလိုက်တဲ့ မာဆယ်လို

ရီးရဲလ်မက်ဒရစ် နောက်ခံကစားသမား မာဆယ်လိုက သူဟာ ထောင်ဒဏ်လေးလ ကျခံနိုင်မယ့် အခွန်လိမ်လည်မှုတစ်ခု ကျူးလွန်မိခဲ့ကြောင်း ယနေ့ ဝန်ခံပြောကြားလိုက်တယ်လို့ စပိန်သတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။

မာဆယ်လိုဟာ စပိန်အာဏာပိုင်များကို ပေးဆောင်ရမယ့် ယူရို ၄၉၀၀၀၀ ကို မပေးဆောင်ဘဲ လိမ်လည်ထားပြီး နိုင်ငံခြားစီးပွားရေးတွေမှာ ရင်းနှီးမြုပ်နှံထားတာကြောင့် ဒဏ်ငွေ ယူရို ၇၅၀၀၀၀ ပေးဆောင်ရလိမ့်မယ်လို့ သိရပါတယ်။

marcelo-realmadrid

အကယ်၍ ဒဏ်ငွေမဆောင်ပါက မာဆယ်လိုဟာ ထောင်ဒဏ် လေးလ ကျခံနိုင်ဖွယ် ရှိနေပါတယ်။  ဒါပေမယ့် စပိန်ဥပဒေမှာ ထောင်ဒဏ်(၂)နှစ်အောက် ပြစ်မှုဆိုင်ရာ ထင်ရှားခြင်းမရှိတဲ့ ပြစ်မှုကျူးလွန်သူများက ခံဝင်ကတိနဲ့ ပုံမှန်ဆက်လက်နေထိုင်ခွင့်ရှိတာကြောင့် မာဆယ်လိုဟာ ထောင်ထဲမှာ နေရမယ့် အခြေအနေမှာတော့ မဟုတ်သေးပါဘူး။

စပိန်အစိုးရဟာ မကြာသေးခင်ကလည်း အခွန်ငွေရှောင်ရှားခဲ့တဲ့ နာမည်ကြီး ဘောလုံးသမားတွေဖြစ်ကြတဲ့ မက်ဆီ၊ ရော်နယ်ဒို၊ ဒီမာရီယာနဲ့ နေမာတို့ကိုလည်း နှိမ်နှင်းခဲ့ပြီးပြီ ဖြစ်ပါတယ်။

Check Also

real-madrid-nothing-impossible-solari-refuses-give-title-race

ရီးရဲလ္မက္ဒရစ္အတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္တဲ့ ဆိုလာရီ

ရီးရဲလ္မက္ဒရစ္အသင္းဟာ မေန႔က ဆီဗီးလားအသင္းကို ၂-၀ အႏိုင္ရၿပီးေနာက္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၃ ေနရာသို႔ ေရာက္လာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပ ဆန္တီယာဂီုဆိုလာရီကေတာ့ သူတို႔အသင္းအတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ …