sadio-mane-liverpool-crystal-palace-newsday myanmar

“မိဘေတြက ကၽြန္ေတာ့္ကို ေက်ာင္းဆရာပဲ ျဖစ္ေစခ်င္တာ” လို႔ ထုတ္ေဖာ္ေျပာလိုက္တဲ့ မာေနး

Zawgyi Version

လီဗာပူးလ္ၾကယ္ပြင့္ ဆာဒီယိုမာေနးဟာ သူ႕မိဘေတြက သူ႕ကို ေက်ာင္းဆရာတစ္ေယာက္သာ ျဖစ္ေစခ်င္ၿပီး ကမာၻေက်ာ္ေဘာလံုးသမား ျဖစ္လိမ့္မယ္လို႔ လံုး၀မယံုၾကည္ခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဆာလက္၊ ဖာမီႏိုတို႔နဲ႔အတူ လီဗာပူးလ္အသင္းရဲ႕ ေၾကာက္စရာေကာင္းေသာ တိုက္္စစ္အတြဲအျဖစ္ ေက်ာ္ၾကားလာတဲ့ အသက္ ၂၆ ႏွစ္ အရြယ္ရွိတဲ့ မာေနးဟာ ငယ္စဥ္မွာ သူ႕မိဘေတြက ေက်ာင္းဆရာျဖစ္ေစခ်င္ခဲ့ေၾကာင္း အခုလို ေျပာပါတယ္။

Sadio-Mane Firmino-Mohamed-Salah-newsday myanmar

“ကၽြန္ေတာ္ဟာ ေဘာလံုးသမားေတြ မထြန္းကားတဲ့ ေက်းရြာေလးတစ္ရြာမွာ ေမြးဖြားလာခဲ့သူ ျဖစ္တယ္” လို႔ မာေနးက သူ႔ငယ္ဘ၀အေၾကာင္း ေျပာပါတယ္။

“ကၽြန္ေတာ္ မွတ္မိေသးတယ္။ ကၽြန္ေတာ္ငယ္ငယ္ေလးတုန္းက မိဘေတြက ေက်ာင္းဆရာျဖစ္ဖို႔ကိုပဲ စာေတြ တစိုက္စိုက္မက္မက္ေလ့လာခိုင္းတယ္။ သူတုိ႔အေတြးထဲမွာ ေဘာလံုးကစားျခင္းက အခ်ိန္ျဖဳန္းျခင္းပဲလို႔ ထင္ေနတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ျဖစ္ခ်င္တာကို ဘယ္ေတာ့မွ ေနာက္မဆုတ္ခဲ့ဘူး”

2015 Nelson Mandela Challenge: South Africa v Senegal

“‘ဒီအလုပ္က အေဖနဲ႔အေမကို လုပ္ေကၽြးႏိုင္မယ့္ အေကာင္းဆံုးအလုပ္တစ္ခုပဲ’ လို႔ ကၽြန္ေတာ္က ျပန္ေျပာခဲ့တယ္။ ေနာက္ၿပီး ကၽြန္ေတာ့္မွာ ကမာၻေက်ာ္ေဘာလံုးသမားျဖစ္ဖို႔ အခြင့္အေရးဆိုတာ ရွိမွာပဲလို႔လည္း ေတြးခဲ့တယ္”

“သူတို႔ကေတာ့ ကၽြန္ေတာ့္ကို ျဖစ္မယ္မထင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ရြာက ၿမိဳ႕နဲ႔ ေတာ္ေတာ္ေလး အလွမ္းေ၀းကိုး။ ဒီမွာရွိတဲ့ လူတိုင္းကလည္း မေအာင္ျမင္ၾကဘူးေလ။ ဒါနဲ႔ သူတို႔က ကၽြန္ေတာ့္စိတ္ကူးကို လံုး၀ဆန္႔က်င္ၾကတယ္။ မယံုၾကည္ၾကဘူး။ ေနာက္ၿပီး ေၾကးစားေဘာလံုးသမားအျဖစ္ ပထမဆံုးစာခ်ဳပ္ ခ်ဳပ္တဲ့ေန႔တိုင္ေအာင္ သူတို႔ ကၽြန္ေတာ့္ကို မယံုၾကည္ေသးဘူး”

Liverpool complete deal for Sadio Mane

မာေနးဟာ ေၾကးစားေဘာလံုးသမားအျဖစ္ Metz အသင္းနဲ႔ ပထမဆံုး စာခ်ဳပ္ခဲ့ၿပီး Red Bull Salzburg နဲ႔ ေဆာက္သမ္တန္အသင္းတို႔မွာ ကစားခဲ့ၿပီးေနာက္ ၂၀၁၁ ခုႏွစ္တြင္ လီဗာပူးလ္အသင္းႀကီးမွာ ကစားခြင့္ရတဲ့သူ ျဖစ္လာခဲ့ပါတယ္။

ေနာက္ဆံုးမွာေတာ့ မိဘေတြက သူ႕ဆံုးျဖတ္ခ်က္ကို လက္ခံသြားၿပီး သူတို႔အေတြးေတြ မွားတယ္ဆိုတာကို လက္ခံခဲ့ေၾကာင္း အခုလို ေျပာျပပါတယ္။

“သူတို႔အတြက္ေတာ့ ဒါက မျဖစ္ႏိုင္ဘူးေပါ့။ သူတို႔ လံုး၀မွားခဲ့တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ရြာမွာ ဒီလိုမ်ဳိး ထြန္းေပါက္တဲ့သူဆိုတာ ရွိမွမရွိတာ။ ဒါေပမယ့္ ေဘာလံုးသမားျဖစ္ရမယ္ဆုိတဲ့ ကၽြန္ေတာ့္အိပ္မက္ေတြကေတာ့ အျမဲတမ္းရွင္သန္ခဲ့တယ္။ ျဖစ္ဖို႔လည္း အရာရာေပးဆပ္ခဲ့တယ္။ အခုဆိုရင္ သူတုိ႔ေတြ ကၽြန္ေတာ့္ကို အားေပးေထာက္ခံေနၿပီ။ ဒီေန႔ဒီအခ်ိန္မွာ သူတို႔အားလံုး ကၽြန္ေတာ့္အတြက္နဲ႔ ဂုဏ္ယူေနၾကတယ္”  လို႔ မာေနးက ေျပာလိုက္ပါတယ္။

Unicode version

“မိဘတွေက ကျွန်တော့်ကို ကျောင်းဆရာပဲ ဖြစ်စေချင်တာ” လို့ ထုတ်ဖော်ပြောလိုက်တဲ့ မာနေး

လီဗာပူးလ်ကြယ်ပွင့် ဆာဒီယိုမာနေးဟာ သူ့မိဘတွေက သူ့ကို ကျောင်းဆရာတစ်ယောက်သာ ဖြစ်စေချင်ပြီး ကမ္ဘာကျော်ဘောလုံးသမား ဖြစ်လိမ့်မယ်လို့ လုံးဝမယုံကြည်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆာလက်၊ ဖာမီနိုတို့နဲ့အတူ လီဗာပူးလ်အသင်းရဲ့ ကြောက်စရာကောင်းသော တိုက်စစ်အတွဲအဖြစ် ကျော်ကြားလာတဲ့ အသက် ၂၆ နှစ် အရွယ်ရှိတဲ့ မာနေးဟာ ငယ်စဉ်မှာ သူ့မိဘတွေက ကျောင်းဆရာဖြစ်စေချင်ခဲ့ကြောင်း အခုလို ပြောပါတယ်။

Sadio Mane and farmino

“ကျွန်တော်ဟာ ဘောလုံးသမားတွေ မထွန်းကားတဲ့ ကျေးရွာလေးတစ်ရွာမှာ မွေးဖွားလာခဲ့သူ ဖြစ်တယ်” လို့ မာနေးက သူ့ငယ်ဘဝအကြောင်း ပြောပါတယ်။

“ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်ငယ်ငယ်လေးတုန်းက မိဘတွေက ကျောင်းဆရာဖြစ်ဖို့ကိုပဲ စာတွေ တစိုက်စိုက်မက်မက်လေ့လာခိုင်းတယ်။ သူတို့အတွေးထဲမှာ ဘောလုံးကစားခြင်းက အချိန်ဖြုန်းခြင်းပဲလို့ ထင်နေတယ်။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာကို ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး”

“‘ဒီအလုပ်က အဖေနဲ့အမေကို လုပ်ကျွေးနိုင်မယ့် အကောင်းဆုံးအလုပ်တစ်ခုပဲ’ လို့ ကျွန်တော်က ပြန်ပြောခဲ့တယ်။ နောက်ပြီး ကျွန်တော့်မှာ ကမ္ဘာကျော်ဘောလုံးသမားဖြစ်ဖို့ အခွင့်အရေးဆိုတာ ရှိမှာပဲလို့လည်း တွေးခဲ့တယ်”

“သူတို့ကတော့ ကျွန်တော့်ကို ဖြစ်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရွာက မြို့နဲ့ တော်တော်လေး အလှမ်းဝေးကိုး။ ဒီမှာရှိတဲ့ လူတိုင်းကလည်း မအောင်မြင်ကြဘူးလေ။ ဒါနဲ့ သူတို့က ကျွန်တော့်စိတ်ကူးကို လုံးဝဆန့်ကျင်ကြတယ်။ မယုံကြည်ကြဘူး။ နောက်ပြီး ကြေးစားဘောလုံးသမားအဖြစ် ပထမဆုံးစာချုပ် ချုပ်တဲ့နေ့တိုင်အောင် သူတို့ ကျွန်တော့်ကို မယုံကြည်သေးဘူး”

မာနေးဟာ ကြေးစားဘောလုံးသမားအဖြစ် Metz အသင်းနဲ့ ပထမဆုံး စာချုပ်ခဲ့ပြီး Red Bull Salzburg နဲ့ ဆောက်သမ်တန်အသင်းတို့မှာ ကစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် လီဗာပူးလ်အသင်းကြီးမှာ ကစားခွင့်ရတဲ့သူ ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မိဘတွေက သူ့ဆုံးဖြတ်ချက်ကို လက်ခံသွားပြီး သူတို့အတွေးတွေ မှားတယ်ဆိုတာကို လက်ခံခဲ့ကြောင်း အခုလို ပြောပြပါတယ်။

“သူတို့အတွက်တော့ ဒါက မဖြစ်နိုင်ဘူးပေါ့။ သူတို့ လုံးဝမှားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရွာမှာ ဒီလိုမျိုး ထွန်းပေါက်တဲ့သူဆိုတာ ရှိမှမရှိတာ။ ဒါပေမယ့် ဘောလုံးသမားဖြစ်ရမယ်ဆိုတဲ့ ကျွန်တော့်အိပ်မက်တွေကတော့ အမြဲတမ်းရှင်သန်ခဲ့တယ်။ ဖြစ်ဖို့လည်း အရာရာပေးဆပ်ခဲ့တယ်။ အခုဆိုရင် သူတို့တွေ ကျွန်တော့်ကို အားပေးထောက်ခံနေပြီ။ ဒီနေ့ဒီအချိန်မှာ သူတို့အားလုံး ကျွန်တော့်အတွက်နဲ့ ဂုဏ်ယူနေကြတယ်”  လို့ မာနေးက ပြောလိုက်ပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …