ကစားသမား (၅)ယောက်လောက် မခေါ်နိုင်ရင် မန်ယူ ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်နိုင်

မန်ယူအသင်းအနေနဲ့ ပရီမီးယားလိဂ်ချန်ပီယံဖြစ်ချင်ပါက ကစားသမား ၄၊ ၅ယောက်လောက် ခေါ်ဖို့ လိုအပ်တယ်လို့ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ လာမယ့်နှစ်မှာ ပရီမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းပေးပြီး ခေါ်ယူခဲ့သလို လင်ဒီလော့ဖ်ကိုလည်း ခံစစ်အားမြင့်တင်သည့်အနေဖြင့် ခေါ်ယူခဲ့ပါတယ်။ နောက်ထပ် တောင်ပံကစားသမား ပါရီဆစ်ကိုလည်း ပေါင် သန်း ၄၀ နဲ့ သဘောတူညီမှု ရရှိထားပါတယ်။

ဒါပေမယ့် မန်ယူအသင်းအနေနဲ့ အင်္ဂလန်မှာ ချန်ပီယံဖြစ်ပြီး ဥရောပဘောလုံးလောကကို ပြန်လည် စိုးမိုးချင်တယ်ဆိုရင် နောက်ထပ် အရည်အချင်းရှိကစားသမားတွေ ခေါ်ဖို့ လိုအပ်ကြောင်း ဂယ်ရီနဗီးလ်က အခုလို ပြောပါတယ်။

“တောင့်တင်းခိုင်မာအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့အားလုံး လူခေါ်တဲ့နေရာမှာ အတော်လေးအားနည်းတယ်” လို့ ပရီမီးယားလိဂ်ဖလား (၈)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၂)ကြိမ် ဆွတ်ခူးပေးခဲ့သူ ဂယ်ရီနဗီးလ်က ပြောပါတယ်။

“ပရီမီးယားလိဂ်ဖလားတစ်ခုတည်း စဉ်းစားရမှာ မဟုတ်ဘူး။ ဥရောပပြိုင်ပွဲအတွက်ကိုပါ စဉ်းစားရမှာ။ အသင်းကြီးတိုင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးချင်ကြတယ်”

“သိသိသာသာ မြှင့်တင်မှု မရှိရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ယူနိုက်တက်အနေနဲ့ ကစားသမား ၄ယောက်၊ ၅ယောက်လောက် ခေါ်ဖို့ လိုအပ်တယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …