လူကာကူအတွက် အဲဗာတန်နဲ့ သဘောတူညီမှုရပြီလို့ မန်ယူ တရားဝင်ကြေညာ

မန်ယူအသင်းဟာ လူကာကူ၏ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သတ်ပြီး အဲဗာတန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ဘယ်လ်ဂျီယံသားဟာ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြန်လည်ပူးပေါင်းဖို့ အိုးထရက်ဖို့ဒ်၌ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်မှ တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်မှာ –

“လူကာကူ၏ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာ အင်မတန်ဝမ်းသာပါတယ်။ ပုဂ္ဂိုလ်ရေးရာအချက်အလက်တွေနဲ့ ဆေးစစ်မှုတွေကို ဆက်လက် လုပ်ဆောင်သွားပါမည်” လို့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …