man utd pogba score penalty newsday myanmar

“ကၽြန္ေတာ္တုိ႔မွာ အႏိုင္ရလိုစိတ္ မရွိဘူး” လို႔ ၀န္ခံလုိက္တဲ့ ေပါ့ဘာ

မေန႔က ဘရိုက္တန္အသင္း အိမ္ကြင္းမွာ မန္ယူအသင္း ၃-၂ နဲ႔ ရံႈးနိမ့္ခဲ့ၿပီးေနာက္ မန္ယူ အသင္းေခါင္းေဆင္ ေပါ့ဘာက သူတို႔အသင္းဟာ ဘရိုက္တန္အသင္းကို အႏိုင္ရလိုစိတ္ မရွိခဲ့ဘူးလို႔ ၀န္ခံေျပာၾကားလုိက္ပါတယ္။

"ကၽြန္ေတာ္တုိ႔မွာ အႏိုင္ရလိုစိတ္ မရွိဘူး" လို႔ ၀န္ခံလုိက္တဲ့  ေပါ့ဘာ

ပရီးမီးယားလိဂ္ ပြဲစဥ္ (၂)မွာ မန္ယူအသင္းဟာ ဘရိုက္တန္အသင္းကို ေနာက္ကေန ဂိုးေတြ လိုက္သြင္းေနရတဲ့ အေနအထားမ်ဳိးမွ ျဖစ္ခဲ့ၿပီး ၃-၂ နဲ႔ ရႈံးနိမ့္သြားခဲ့ရပါတယ္။ တိုက္စစ္မွဴး လူကာကူက ပြဲခ်ိန္ ၃၄ မိနစ္မွာ တစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေပါ့ဘာက ပင္နယ္တီမွ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ ဘရိုက္တန္အသင္းက ကၽြန္ေတာ္တို႔ထက္ေတာင္ ႏိုင္ပြဲေတြ ဆာေလာင္ေနတဲ့ပံုပဲ။ ကၽြန္ေတာ္တို႔ ဒီပြဲမွာ ဘရိုက္တန္ကို အႏိုင္ကစားမယ္ဆိုတဲ့ စိတ္မ်ဳိးမရွိဘူး။ ဒါ့ေၾကာင့္ အႏိုင္ရဖို႔လည္း မထိုက္တန္ခဲ့ဘူး” လို႔ ေပါ့ဘာက ေျပာပါတယ္။

"ကၽြန္ေတာ္တုိ႔မွာ အႏိုင္ရလိုစိတ္ မရွိဘူး" လို႔ ၀န္ခံလုိက္တဲ့  ေပါ့ဘာ

“အရင္ဆံုး ကၽြန္ေတာ္ ကိုယ္တိုင္ မွားခဲ့တယ္လို႔ ၀န္ခံခ်င္ပါတယ္၊ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ အဆင္သင့္ ျဖစ္မေနခဲ့ဘူး။ ဒါေၾကာင့္ ဒီပြဲကေန သင္ခန္းစာေကာင္းေတြ ရယူျပီး၊ ေနာက္လာမယ့္ ပြဲေတြ အႏိုင္ရေအာင္  ၾကိဳးစားသြားရမယ္” လို႔ ေပါ့ဘာက ေျပာလိုက္ပါတယ္။

မန္ယူအသင္းဟာ လာမယ့္ တနလၤာေန႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၃)ကို စပါးစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

Unicode version

“ကျွန်တော်တို့မှာ အနိုင်ရလိုစိတ် မရှိဘူး” လို့ ဝန်ခံလိုက်တဲ့ အသင်းခေါင်းဆောင် ပေါ့ဘာ

မနေ့က ဘရိုက်တန်အသင်း အိမ်ကွင်းမှာ မန်ယူအသင်း ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူ အသင်းခေါင်းဆေင် ပေါ့ဘာက သူတို့အသင်းဟာ ဘရိုက်တန်အသင်းကို အနိုင်ရလိုစိတ် မရှိခဲ့ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၂)မှာ မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို နောက်ကနေ ဂိုးတွေ လိုက်သွင်းနေရတဲ့ အနေအထားမျိုးမှ ဖြစ်ခဲ့ပြီး ၃-၂ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ တိုက်စစ်မှူး လူကာကူက ပွဲချိန် ၃၄ မိနစ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပေါ့ဘာက ပင်နယ်တီမှ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ဘရိုက်တန်အသင်းက ကျွန်တော်တို့ထက်တောင် နိုင်ပွဲတွေ ဆာလောင်နေတဲ့ပုံပဲ။ ကျွန်တော်တို့ ဒီပွဲမှာ ဘရိုက်တန်ကို အနိုင်ကစားမယ်ဆိုတဲ့ စိတ်မျိုးမရှိဘူး။ ဒါ့ကြောင့် အနိုင်ရဖို့လည်း မထိုက်တန်ခဲ့ဘူး” လို့ ပေါ့ဘာက ပြောပါတယ်။

“အရင်ဆုံး ကျွန်တော် ကိုယ်တိုင် မှားခဲ့တယ်လို့ ဝန်ခံချင်ပါတယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အဆင်သင့် ဖြစ်မနေခဲ့ဘူး။ ဒါကြောင့် ဒီပွဲကနေ သင်ခန်းစာကောင်းတွေ ရယူပြီး၊ နောက်လာမယ့် ပွဲတွေ အနိုင်ရအောင်  ကြိုးစားသွားရမယ်” လို့ ပေါ့ဘာက ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ လာမယ့် တနင်္လာနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃)ကို စပါးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Check Also

“ကိုပါအေမရိကဖလား ဆြတ္ခူးႏိုင္ရင္ အနားယူလိုက္မယ္” လို႔ အာဂ်င္တီးနား နည္းျပေျပာ

အာဂ်င္တီးနားနည္းျပခ်ဳပ္ လီယြန္နယ္ စကာလိုနီကေတာ့ ဘရာဇီးႏိုင္ငံ အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ သူတို႔အသင္း ဖလားဆြတ္ခူးႏိုင္ခဲ့ရင္ နည္းျပဘ၀မွ အနားယူလိုက္မယ္လို႔ ေျပာလိုက္ပါတယ္။ ၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိကဖလားၿပိဳင္ပြဲတုန္းက …