မန်ယူမှာ နောက် ၁၅ နှစ်လောက် နေချင်တယ်လို့ မော်ရင်ဟိုပြော

မော်ရင်ဟိုဟာ နောက် ၁၅ နှစ်လောက် အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့ ဆန္ဒရှိနေပြီး မိုရက်၊ ဗန်ဂါးတို့လက်ထပ် (၃)နှစ်လောက် ဆိုးဝါးခဲ့တဲ့ မန်ယူအသင်းကို ဖာဂူဆန် ရှိစဉ်ကပုံစံတိုင်း တည်ငြိမ်အောင် ပြန်လည်ပြုပြင်ပေးချင်တယ်လို့ ပြောလိုက်ပါတယ်။

“ကျွန်တော် မန်ယူမှာ နောက်ထပ် ၁၅ နှစ်လောက် နေဖို့ အဆင်သင့်ပဲ” လို့ မော်ရင်ဟိုက  ESPN FC မှာ ပြောပါတယ်။

“ဒီကလပ်မှာ နှစ်ပေါင်းများစွာ ဆရာအလက်စ် ရှိခဲ့တယ်။ သူ့လက်ထပ်မှာ အသင်းက အေးဆေးတည်ငြိမ်တယ်ဆိုတာ လူတိုင်းသိတယ်။ ဒေးဗစ်မိုရက်နဲ့ ဗန်ဂါးပြီးတော့ ကျွန်တော်ရောက်လာခဲ့တယ်။ ဒုတိယနှစ်မှာတော့ ကလပ်လိုချင်တဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့ ကျွန်တော် ကြိုးစားရလိမ့်မယ်”

“ဆရာအလက်စ်ရဲ့ နည်းပြဘ၀က ပြိုင်စံရှားပဲ။ သူ့ကိုတုပြိုင်လို့ ရနိုင်မယ် မထင်ဘူး။ ကလပ်တစ်ခုတည်းမှာ  နှစ်ပေါင်းများစွာ နေနိုင်တဲ့သူ မရှိသေးဘူး။  ဒီသမိုင်းမှာ ၀င်းဂါးက နောက်ဆုံးဖြစ်လိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

မော်ရင်ဟိုက ကလပ်မှာ နောက် ၁၅ နှစ်လောက် နေချင်ပေမယ့် အခုခေတ်ဘောလုံးလောကဟာ ပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ နားလည်ထားပြီး အောင်မြင်မှုရှိမှသာ ဆက်နေလို့ရမယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …