နောက်တန်း(၃)ယောက်လောက် ၀ယ်ရအုံးမယ်လို့ ဂွါဒီယိုလာပြော

မန်စီးတီးနည်းပြ ပပ်ဂွါဒီယိုလာဟာ ကိုလာရော့ဗ်က အသင်းမှ ထွက်ခွာချင်တယ်လို့ တောင်းဆိုနေတာကြောင့် နောက်ထပ် ရွေးချယ်စရာ ခံစစ်ကစားသမား ၃ယောက်လောက် ၀ယ်ရအုံးမယ်လို့ ပြောပါတယ်။

“မနေချင်တဲ့ ကစားသမားတွေနဲ့ အလုပ်အတူတူ တွဲမလုပ်ချင်ဘူး” လို့ ဂွါဒီယိုလာက ပြောပါတယ်။

“ကိုလာက ကျွန်တော့်ကို အတော်လေးကူညီပြီးပြီ။ ဒါပေမယ့် သူ့မှာ ရိုးမားထံသွားဖို့ အခွင့်ကောင်းတစ်ခု ရထားတယ်။ အရင်တုန်းကလည်း ကလပ်မှ ထွက်ချင်တယ်လို့ သူကျွန်တော့်ကို တောင်းဆိုဖူးတယ်”

“မနေချင်တဲ့ ကစားသမားတွေ ဆက်နေတာမျိုးလည်း မဖြစ်ချင်ဘူး။ လူတိုင်းအတွက် အကောင်းဆုံးရွေးချယ်မှုဆိုတာ ရှိတယ်။ သူက ကစားသမားကောင်းဖြစ်လို့ အကောင်းဆုံးဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ သူနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းမွန်သလို၊ သူ့ကို နည်းပြလမ်းညွှန်ပေးရလို့ ကျေနပ်ဝမ်းသာပါတယ်”

“ကျွန်တော်တို့မှာ နောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူး။ ညာနောက်ခံကစားသမား တစ်ယောက်လောက် ၀ယ်ရအုံးမယ်။ ကိုင်လီနဲ့တင် မပြည့်စုံသေးဘူး။ ဘာလို့လဲဆိုတော့ နောက်ခံကစားသမား (၃)ယောက်လောက်က စာချုပ်သက်တမ်း မတိုးရသေးလို့ပဲ”

“ဒါကြောင့် ဖြစ်နိုင်သလောက် ကစားသမားတွေ ခေါ်ရအုံးမယ်။ အပြောင်းအရွှေ့ဈေးကွက်က ဘယ်လိုရှုပ်ထွေးလဲဆိုတာ ကျွန်တော်တို့ သိထားပြီး အကောင်းဆုံးအဖြေကို ရှာဖွေသွားမယ်။ ခံစစ်ကစားသမား ၂ယောက်၊ ၃ယောက်လောက် လိုသေးတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …