ဘန်ဂျမင်မန်ဒီကိုလည်း ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ မန်စီးတီး

သောကြာနေ့က စပါးညာနောက်ခံကစားသမား ကိုင်လီဝေါ်ကာကို ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ ခေါ်ယူလိုက်တဲ့ မန်စီးတီးအသင်းဟာ ဗဟိုခံစစ်နေရာအတွက် ဘန်ဂျမင်မန်ဒီကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ပေါင် သန်း ၄၀ သတ်မှတ်ထားတဲ့ ဗဟိုခံစစ်မှူး မန်ဒီဟာ မိုနာကိုအသင်း၏ ဆွစ်ဇာလန်ခရီးမှာ လိုက်ပါမသွားဘူးလို့ သိရပါတယ်။

မန်စီးတီးအသင်ဟာ အသက် ၂၂ နှစ်ရှိတဲ့ အဆိုပါပြင်သစ်သားကို ယခင်ကတည်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အမေရိကန်ခရီးစဉ်မတိုင်မီ သဘောတူညီမှုရအောင် ကြိုးစားနေတယ်လို့လည်း Daily Mail မှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် (၁၃၀၀၀၀) နဲ့ အသစ်ခေါ်ယူလိုက်တဲ့ ဝေါ်ကာ (အသက် ၂၇ နှစ်) ဟာ ဂွာဒီယိုလာရဲ့နည်းစနစ်အောက် ကစားရမှာ စိတ်လှုပ်ရှားနေကာ၊ ဒီပြောင်းရွှေ့မှုဟာ ကစားသမားဘ၀မှာ ထိပ်ဆုံးအဆင့်ထိ သတ်မှတ်ထားပြီး ညာနောက်ခံနေရာ တာဝန်ယူမှုနဲ့ ပတ်သတ်၍ ဇာဘလက်တာ ကစားပုံတွေကို Youtube မှ ကြည့်ရှုလေ့လာခဲ့ဖူးတယ်လို့ ပြောပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …