lloris-spurs-ready-fight-titles-without-kane

ဟယ္ရီကိန္း မပါလည္း ဖလားေတြ ဆြတ္ခူးဖို႔ အဆင္သင့္ပဲဆိုတဲ့ လိုရစ္

Zawgyi Version

စပါးစ္ ဂိုးသမား ဟူဂိုလိုရစ္က ၿပီးခဲ့တဲ့ မန္ယူနဲ႔ ပြဲမွာတိုက္စစ္မွဴး ဟယ္ရီကိန္း ဒဏ္ရာရခဲ့တာေၾကာင့္ ေနာက္ပြဲေတြမွာ မပါႏိုင္တာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ စိုးရိမ္ေနၾကလို႔ “စပါးစ္အသင္းက ကိန္းမပါလည္း ဖလားေတြဆြတ္ခူးဖို႔ အဆင္သင့္ပဲ” ဆိုၿပီး အားေပးေျဖေလွ်ာ့စကား ေျပာလိုက္ပါတယ္။

စပါးစ္အသင္းဟာ အဂၤလန္တိုက္စစ္မွဴး ကိန္မပါဘဲ တစ္လေလာက္ ခရီးဆက္ရေတာ့မွာပါ။ ကိန္းဟာ စပါးစ္အတြက္ ႏိုင္ပြဲေတြရေအာင္ သြင္းဂိုးေတြ ကူညီေပးေနတဲ့ အားထားရဆံုး တိုက္စစ္မွဴးတစ္ေယာက္ ျဖစ္ပါတယ္။

ဒါေပမဲ့ လိုရစ္ကေတာ့ ကိန္းမပါလို႔ စိတ္ပ်က္ေနမယ့္အစား အသင္းရဲ႕ စည္းလံုးမႈျဖင့္ ဆုဖလားေတြ ရေအာင္ ႀကိဳစားသြားမွာျဖစ္ေၾကာင္း ေျပာလိုက္ပါတယ္။

“ကိန္းက အသင္းမွာ ဘယ္လိုအေရးပါတယ္လို႔ ကၽြန္ေတာ္တို႔အားလံုးသိတယ္။ ဒါေပမဲ့ သူက ကၽြန္ေတာ္တို႔အသင္းရဲ႕အားလံုးမဟုတ္ဘူး” လို႔ လိုရစ္က ေျပာပါတယ္။

“ေဘာလံုးကစားတယ္ဆိုရင္ အသင္းလိုက္ကစားရတာပါ။ အသင္းကိုကူညီေပးဖို႔ ကစားသမားတိုင္းက အဆင္သင့္ပဲ။ အေရးႀကီးဆံုးက ကိုယ့္စိတ္ထဲမွာ ဖလားရဖို႔ႀကိဳးစားရမယ္ဆိုတာသိရမယ္။ အသင္းကို ကူညီေပးရမယ္ဆိုတာ သိရမယ္။ ကိုယ့္ရဲ႕အေကာင္းဆံုးကစားသမားေတြ ကြင္းထဲမွာရွိေနရင္ ဒါက ပိုေကာင္းတာေပါ့။ ဒါေပမဲ့ အေကာင္းဆံုးကစားသမားေတြလည္း ထိခိုက္ဒဏ္ရာ ရတတ္ပါတယ္။ ဒီျပႆနာက တျခားကလပ္ေတြမွာလည္း ျဖစ္ပါတယ္”

“ရာသီတိုင္းက မတူသလို ကစားသမားတိုင္းကလည္း မတူပါဘူး။ ကိန္း ပါသည္ျဖစ္၊ မပါသည္ျဖစ္ေစ ကၽြန္ေတာ္တို႔ ဘယ္လိုလုပ္မလဲဆိုတာ ျမင္ၾကရမွာပါ။ အေရးႀကီးဆံုးအရာက ေနာက္ပြဲအတြက္ တတ္ႏိုင္သေလာက္ ႀကိဳတင္ျပင္ဆင္ထားဖို႔ပဲ။ လာမယ့္ ဖူဟမ္နဲ႔ပြဲမွာ သိရမွာပါ” လို႔ လိုရစ္က ေျပာလိုက္ပါတယ္။

စပါးအသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူးလ္အသင္းနဲ႔ ၉ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။

Unicode version

ဟယ်ရီကိန်း မပါလည်း စပါးစ်က ဖလားတွေ ဆွတ်ခူးနိုင်ဖို့ အဆင်သင့်ပဲလို့ ပြောလိုက်တဲ့ လိုရစ်

စပါးစ် ဂိုးသမား ဟူဂိုလိုရစ်က ပြီးခဲ့တဲ့ မန်ယူနဲ့ ပွဲမှာတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရခဲ့တာကြောင့် နောက်ပွဲတွေမှာ မပါနိုင်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်နေကြလို့ “စပါးစ်အသင်းက ကိန်းမပါလည်း ဖလားတွေဆွတ်ခူးဖို့ အဆင်သင့်ပဲ” ဆိုပြီး အားပေးဖြေလျှော့စကား ပြောလိုက်ပါတယ်။

စပါးစ်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ကိန်မပါဘဲ တစ်လလောက် ခရီးဆက်ရတော့မှာပါ။ ကိန်းဟာ စပါးစ်အတွက် နိုင်ပွဲတွေရအောင် သွင်းဂိုးတွေ ကူညီပေးနေတဲ့ အားထားရဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမဲ့ လိုရစ်ကတော့ ကိန်းမပါလို့ စိတ်ပျက်နေမယ့်အစား အသင်းရဲ့ စည်းလုံးမှုဖြင့် ဆုဖလားတွေ ရအောင် ကြိုစားသွားမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

“ကိန်းက အသင်းမှာ ဘယ်လိုအရေးပါတယ်လို့ ကျွန်တော်တို့အားလုံးသိတယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့အသင်းရဲ့အားလုံးမဟုတ်ဘူး” လို့ လိုရစ်က ပြောပါတယ်။

“ဘောလုံးကစားတယ်ဆိုရင် အသင်းလိုက်ကစားရတာပါ။ အသင်းကိုကူညီပေးဖို့ ကစားသမားတိုင်းက အဆင်သင့်ပဲ။ အရေးကြီးဆုံးက ကိုယ့်စိတ်ထဲမှာ ဖလားရဖို့ကြိုးစားရမယ်ဆိုတာသိရမယ်။ အသင်းကို ကူညီပေးရမယ်ဆိုတာ သိရမယ်။ ကိုယ့်ရဲ့အကောင်းဆုံးကစားသမားတွေ ကွင်းထဲမှာရှိနေရင် ဒါက ပိုကောင်းတာပေါ့။ ဒါပေမဲ့ အကောင်းဆုံးကစားသမားတွေလည်း ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ဒီပြဿနာက တခြားကလပ်တွေမှာလည်း ဖြစ်ပါတယ်”

“ရာသီတိုင်းက မတူသလို ကစားသမားတိုင်းကလည်း မတူပါဘူး။ ကိန်း ပါသည်ဖြစ်၊ မပါသည်ဖြစ်စေ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲဆိုတာ မြင်ကြရမှာပါ။ အရေးကြီးဆုံးအရာက နောက်ပွဲအတွက် တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားဖို့ပဲ။ လာမယ့် ဖူဟမ်နဲ့ပွဲမှာ သိရမှာပါ” လို့ လိုရစ်က ပြောလိုက်ပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၉ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

Check Also

“ကိုပါအေမရိကဖလား ဆြတ္ခူးႏိုင္ရင္ အနားယူလိုက္မယ္” လို႔ အာဂ်င္တီးနား နည္းျပေျပာ

အာဂ်င္တီးနားနည္းျပခ်ဳပ္ လီယြန္နယ္ စကာလိုနီကေတာ့ ဘရာဇီးႏိုင္ငံ အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ သူတို႔အသင္း ဖလားဆြတ္ခူးႏိုင္ခဲ့ရင္ နည္းျပဘ၀မွ အနားယူလိုက္မယ္လို႔ ေျပာလိုက္ပါတယ္။ ၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိကဖလားၿပိဳင္ပြဲတုန္းက …