liverpools-xherdan-shaqiri-hopes-bayern-munich-experience-will-help-end-trophy-drought-newsday-myanmar

“လီဗာပူးလ္အသင္းရဲ႕ ဖလားမိုးေခါင္မႈကို အဆံုးသတ္ေပးခ်င္တယ္” လို႔ ေျပာလိုက္တဲ့ ရွာကူရီ

Zawgyi version

လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံကစားသမားသစ္ ရွာကူရီက သူဟာ ယခင္ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ဖလားေတြအမ်ားႀကီး ဆြတ္ခူးႏိုင္ခဲ့တဲ့ အေတြ႕အႀကံဳေတြကို ယခု ဖလားမိုးေခါင္ေနတဲ့ လီဗာပူးလ္အသင္းအတြက္ ျပန္လည္အသံုးခ်င္တယ္လို႔ ေျပာလိုက္ပါတယ္။

ရွာကူရီဟာ ဘိုင္ယန္ျမဴးနစ္မွာ ၂ ႏွစ္ခြဲ ကစားၿပီး ခ်န္ပီယံလိဂ္ဖလား၊ ဘြန္ဒက္ဇ္လီဂါဖလား ၂ ႀကိမ္နဲ႔ ကမာၻ႕ကလပ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ယခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕တုန္းက စတုတ္စီးတီးအသင္းမွ အန္ဖီးလ္သို႔ ေျပာင္းေရႊ႕လာၿပီး နည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္ေအာက္မွာ ဖလားေတြအမ်ားႀကီး ဆြတ္ခူးသြားခ်င္ေၾကာင္း အခုလို ေျပာပါတယ္။

"လီဗာပူးလ္အသင္းရဲ႕ ဖလားမိုးေခါင္မႈကို အဆံုးသတ္ေပးခ်င္တယ္" လို႔ ေျပာလိုက္တဲ့ ရွာကူရီ

“ကၽြန္ေတာ္တို႔အသင္းရဲ႕ ရည္မွန္းခ်က္က ဖလားတစ္ခုခု ဆြတ္ခူးႏိုင္ဖို႔ပဲ” လို႔ ရွာကူရီက ကလပ္ရဲ႕ တရား၀င္မဂၢဇင္မွာ ေျပာပါတယ္။

“ပြဲတိုင္းကို အႏိုင္ရေအာင္ ႀကိဳးစားမယ္။ ပြဲတိုင္းကို အႏိုင္ရေနရင္ ဖလားေတြအမ်ားႀကီး သိမ္းပိုက္ႏိုင္ဖို႔ နီးစပ္ေနတာနဲ႔ အတူတူပဲ။ ဒီႏွစ္မွာ ကၽြန္ေတာ္တို႔ လုပ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတယ္”

“ကၽြန္ေတာ္ဟာ ကစားသမားအသစ္ ျဖစ္တာေၾကာင့္ ေျခစြမ္းေတြကို အားလံုးသိေအာင္ ျပသခ်င္တယ္။ ပရီးမီးယားလိဂ္နဲ႔ ဘိုင္ယန္ျမဴးနစ္မွာရွိတဲ႔ ကစားသမားအမ်ားစုကေတာ့ ကၽြန္ေတာ့္ေျခစြမ္းေတြ သိၿပီးသားပါ။ ကၽြန္ေတာ့္မွာ အေတြ႕အႀကံဳေကာင္းေတြ အမ်ားႀကီး ရွိေနၿပီ”

Xherdan Shaqiri Borussia Dortmund FC Bayern newsday myanmar

“ကၽြန္ေတာ္ဟာ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ဖလားေတြအမ်ားႀကီး ဆြတ္ခူးႏိုင္ခဲ့တယ္။ အဲဒီအေတြ႕အႀကဳံေတြကို ဒီမွာ အသံုးခ်ခ်င္တယ္” လို႔ ရွာကူရီက ေျပာလိုက္ပါတယ္။

Unicode version

“လီဗာပူးလ်အသင်းရဲ့ ဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးချင်တယ်” လို့ ပြောလိုက်တဲ့ ရှာကူရီ

လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမားသစ် ရှာကူရီက သူဟာ ယခင် ဘိုင်ယန်မြူးနစ်အသင်းမှာ ဖလားတွေအများကြီး ဆွတ်ခူးနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယခု ဖလားမိုးခေါင်နေတဲ့ လီဗာပူးလ်အသင်းအတွက် ပြန်လည်အသုံးချင်တယ်လို့ ပြောလိုက်ပါတယ်။

ရှာကူရီဟာ ဘိုင်ယန်မြူးနစ်မှာ ၂ နှစ်ခွဲ ကစားပြီး ချန်ပီယံလိဂ်ဖလား၊ ဘွန်ဒက်ဇ်လီဂါဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ယခုနှစ်နွေရာသီအပြောင်းအရွှေ့တုန်းက စတုတ်စီးတီးအသင်းမှ အန်ဖီးလ်သို့ ပြောင်းရွှေ့လာပြီး နည်းပြဂျာဂင်ကလော့ပ်ရဲ့ နည်းစနစ်အောက်မှာ ဖလားတွေအများကြီး ဆွတ်ခူးသွားချင်ကြောင်း အခုလို ပြောပါတယ်။

“ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်က ဖလားတစ်ခုခု ဆွတ်ခူးနိုင်ဖို့ပဲ” လို့ ရှာကူရီက ကလပ်ရဲ့ တရားဝင်မဂ္ဂဇင်မှာ ပြောပါတယ်။

“ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားမယ်။ ပွဲတိုင်းကို အနိုင်ရနေရင် ဖလားတွေအများကြီး သိမ်းပိုက်နိုင်ဖို့ နီးစပ်နေတာနဲ့ အတူတူပဲ။ ဒီနှစ်မှာ ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်”

“ကျွန်တော်ဟာ ကစားသမားအသစ် ဖြစ်တာကြောင့် ခြေစွမ်းတွေကို အားလုံးသိအောင် ပြသချင်တယ်။ ပရီးမီးယားလိဂ်နဲ့ ဘိုင်ယန်မြူးနစ်မှာရှိတဲ့ ကစားသမားအများစုကတော့ ကျွန်တော့်ခြေစွမ်းတွေ သိပြီးသားပါ။ ကျွန်တော့်မှာ အတွေ့အကြုံကောင်းတွေ အများကြီး ရှိနေပြီ”

“ကျွန်တော်ဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဖလားတွေအများကြီး ဆွတ်ခူးနိုင်ခဲ့တယ်။ အဲဒီအတွေ့အကြုံတွေကို ဒီမှာ အသုံးချချင်တယ်” လို့ ရှာကူရီက ပြောလိုက်ပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …