Zawgyi Version
လီဗာပူးလ္နည္းျပ ဂ်ာဂင္ကေလာ့ပ္က သူဟာ အန္ဖီးဒ္သို႔ ေရာက္မလာခင္ ေဒါ့မြန္မွာ နည္းျပလုပ္ကတည္းက ဆာဒီယိုမာေနးကို ေခၚယူခြင့္ရွိရဲ႕သားနဲ႔ မေခၚခဲ့တာဟာ သူ႕အတြက္ ဧရာမမဟာအမွားႀကီးပဲလို႔ ထုတ္ေျပာလိုက္ပါတယ္။
လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္တုန္းက အဆိုပါဂ်ာမန္နည္းျပဟာ Salzburg ေတာင္ပံကစားသမား မာေနးကို ေခၚယူခြင့္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ၀ယ္ယူမယ့္ကိစၥမွာ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုပါတယ္။
ေနာက္ ၂ ႏွစ္ ၾကာၿပီးမွာ မာေနးဟာ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္မႈေကာင္မြန္တဲ့ ကစားသမားတစ္ဦး ျဖစ္လာခဲ့ၿပီး ေဆာက္သမ္တန္အသင္းမွာ ေအာင္ျမင္တဲ့ကစားသမားဘ၀ကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ မာေနးကို ေခၚယူဖို႔ ဒုတိယအႀကိမ္ အခြင့္အေရးရခဲ့ၿပီး ေခၚယူခဲ့တယ္လိုပ ဆိုပါတယ္။
“ကၽြန္ေတာ့္ဘ၀မွာ အမွားေတြ ေတာ္ေတာ္မ်ားမ်ား ရွိခဲ့တယ္။ အႀကီးမားဆံုးအမွားတစ္ခုကေတာ့ ကၽြန္ေတာ္ ေဒါ့မြန္မွာ ရွိစဥ္ကတည္းက ဆာဒီယိုကို မေခၚယူခဲ့တာပဲ” လို႔ ကေလာ့ပ္က Liverpool Echo ကို ေျပာပါတယ္။
“ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ ရံုးခန္းထဲမွာ အတူတူ စကားေတြ ေျပာခဲ့ၾကတာ။ ဒါေပမဲ့ မေခၚျဖစ္ခဲ့ဘူး။ ဒါဟာ ကၽြန္ေတာ့္အမွားပဲ။ သူက ထူးခၽြန္တဲ့ေကာင္ေလးပါ။ သူနဲ႔အတူ အလုပ္လုပ္ဖို႔ ကၽြန္ေတာ့္ကို ေနာက္တစ္ႀကိမ္အခြင့္အေရးေပးခဲ့တယ္” လို႔ ကေလာ့ပ္က ေျပာပါတယ္။
ယခုဆိုရင္ မာေနးဟာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစံု ၁၀၀ ျပည့္ ကစားခဲ့ၿပီး ၄၂ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။
ဆက္လက္ၿပီး ကေလာ့ပ္က “ဆာဒီယိုမာေနးနဲ႔ အခ်ိန္ေတြကုန္ဆံုးရတာဟာ ကၽြန္ေတာ့္အတြက္ အက်ဳိးရွိပါတယ္။ သူ႕ကို ကၽြန္ေတာ္ခ်စ္တယ္” လို႔ ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။
Unicode version
မာနေးနဲ့ ပတ်သက်ပြီး ဧရာမအမှားကြီးရှိခဲ့တယ်လို့ ထုတ်ပြောလိုက်တဲ့ ကလော့ပ်
လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က သူဟာ အန်ဖီးဒ်သို့ ရောက်မလာခင် ဒေါ့မွန်မှာ နည်းပြလုပ်ကတည်းက ဆာဒီယိုမာနေးကို ခေါ်ယူခွင့်ရှိရဲ့သားနဲ့ မခေါ်ခဲ့တာဟာ သူ့အတွက် ဧရာမမဟာအမှားကြီးပဲလို့ ထုတ်ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက အဆိုပါဂျာမန်နည်းပြဟာ Salzburg တောင်ပံကစားသမား မာနေးကို ခေါ်ယူခွင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝယ်ယူမယ့်ကိစ္စမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
နောက် ၂ နှစ် ကြာပြီးမှာ မာနေးဟာ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်မှုကောင်မွန်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ဆောက်သမ်တန်အသင်းမှာ အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မာနေးကို ခေါ်ယူဖို့ ဒုတိယအကြိမ် အခွင့်အရေးရခဲ့ပြီး ခေါ်ယူခဲ့တယ်လိုပ ဆိုပါတယ်။
“ကျွန်တော့်ဘဝမှာ အမှားတွေ တော်တော်များများ ရှိခဲ့တယ်။ အကြီးမားဆုံးအမှားတစ်ခုကတော့ ကျွန်တော် ဒေါ့မွန်မှာ ရှိစဉ်ကတည်းက ဆာဒီယိုကို မခေါ်ယူခဲ့တာပဲ” လို့ ကလော့ပ်က Liverpool Echo ကို ပြောပါတယ်။
“ကျွန်တော်တို့ နှစ်ယောက် ရုံးခန်းထဲမှာ အတူတူ စကားတွေ ပြောခဲ့ကြတာ။ ဒါပေမဲ့ မခေါ်ဖြစ်ခဲ့ဘူး။ ဒါဟာ ကျွန်တော့်အမှားပဲ။ သူက ထူးချွန်တဲ့ကောင်လေးပါ။ သူနဲ့အတူ အလုပ်လုပ်ဖို့ ကျွန်တော့်ကို နောက်တစ်ကြိမ်အခွင့်အရေးပေးခဲ့တယ်” လို့ ကလော့ပ်က ပြောပါတယ်။
ယခုဆိုရင် မာနေးဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၀ ပြည့် ကစားခဲ့ပြီး ၄၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ကလော့ပ်က “ဆာဒီယိုမာနေးနဲ့ အချိန်တွေကုန်ဆုံးရတာဟာ ကျွန်တော့်အတွက် အကျိုးရှိပါတယ်။ သူ့ကို ကျွန်တော်ချစ်တယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။