“ခရစၥတယ္ပဲေလ့စ္ကို ရံႈးမယ္လို႔ေတာင္ ထင္ခဲ့ၾကတာ” ဆိုတဲ့ ကေလာ့ပ္

လီဗာပူးလ္အသင္း မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲကို လူေတြက ရံႈးၿပီလို႔ ထင္ခဲ့ၾကေၾကာင္း ဂ်ာဂင္ကေလာ့ပ္က ေျပာလိုက္ပါတယ္။

လီဗာပူးလ္အသင္းဟာ ပထမပိုင္းမွာ ၁-၀ ျဖင့္ ရံႈးနိမ့္ေနၿပီး ဒုတိယပိုင္း အခ်ိန္တိုအတြင္းမွာ ဂိုးေတြအျပန္အလွန္သြင္းယူၿပီး ၄-၃ နဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဒီလို အႏိုင္ရေအာင္ လူကစားသမားေတြရဲ႕ စိတ္ထဲကို အႏိုင္ရလိုစိတ္ ရိုက္သြင္းခဲ့ေၾကာင္း ကေလာ့ပ္က အခုလို ေျပာပါတယ္။

“ဒီလုိႀကိဳးစားတဲ့ ကစားသမားေတြကို ဘယ္သူက မအံ့ၾသဘဲ ေနႏိုင္မွာလဲ” လို႔ ဂ်ာဂင္ကေလာ့ပ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“သူတို႔ရဲ႕ ကစားႏႈန္းက တကယ့္ကို မယံုႏိုင္စရာပဲ။ ဒီလိုခက္ခဲတဲ့ ပြဲမ်ဳိးက ဒီရာသီမွာ ဒါပထမဆံုးမဟုတ္ဘူး။ အရင္ပြဲေတြလည္း ဒီအတိုင္း ခက္ခက္ခဲခဲနဲ႔ လုပ္ႏုိင္ခဲ့တယ္။ ဒါေပမဲ့ ဒီေန႕ကေတာ့ တကယ့္စပါယ္ရွယ္ပါ။ တကယ္ကို သေဘာက်ပါတယ္”

“ပထမပိုင္း ရလဒ္က ပရိသတ္ေတြအတြက္ အရမ္းစိတ္ပ်က္ေစခဲ့တယ္။ ၁-၀ နဲ႔ ရံႈးနိမ့္ရာကေန ျပန္လာႏိုင္ခဲ့တယ္။ လူေတာ္ေတာ္မ်ားမ်ားက ဒီပြဲကို ရံႈးၿပီလို႔ ထင္ခဲ့ၾကတာ။ သူတို႔ထင္သလို ျဖစ္မလာခဲ့ဘူး။ ကၽြန္ေတာ္ကေတာ့ ကစားသမားေတြ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဆက္လက္ကစားဖို႔ပဲ ေျပာၾကားခဲ့တယ္။ ဒီလိုခက္ခဲတဲ့ပြဲမွာ အႏိုင္ ၃ မွတ္ ရခဲ့တာဟာ တကယ့္ကိုထိုက္တန္လြန္းပါတယ္” လို႔ ဂ်ာဂင္ကေလာ့ပ္က ေျပာလိုက္ပါတယ္။

ယခုဆိုရင္ တိုက္စစ္မွဴး မိုဟာမက္ဆာလက္ဟာ ပရီးမီးယားလိဂ္ သြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့ၿပီး ဂိုးသြင္းအမ်ားဆံုးသမိုင္းမွာ နစၥတယ္ရြိဳင္း (၆၈)၊ အလန္ရွီးယား(၆၆)၊ အန္ဒီကိုး (၆၄) ၿပီးရင္း စတုတၳေျမာက္ သြင္းဂိုးအမ်ားဆံုး ျဖစ္လာခဲ့ပါတယ္။ သြင္းဂိုး ၅၀ အတြက္ ဆာလက္ဟာ ပရီးမီးယားလိဂ္ပြဲအေရအတြက္ ၇၂ ပြဲသာ ကစားခဲ့ရတယ္လို႔ ဆိုပါတယ္။

နည္းျပ ဂ်ာဂင္ကေလာ့ပ္ကေတာ့ ဆာလက္ဟာ မယံုႏိုင္ေလာက္တဲ့ ကမာၻ႕ထိပ္တန္းကစားသမားတစ္ဦး ျဖစ္တယ္လို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

Unicode version

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးမယ်လို့တောင် ထင်ခဲ့ကြတာလို့ ပြောလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်အသင်း မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို လူတွေက ရှုံးပြီလို့ ထင်ခဲ့ကြကြောင်း ဂျာဂင်ကလော့ပ်က ပြောလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ ၁-၀ ဖြင့် ရှုံးနိမ့်နေပြီး ဒုတိယပိုင်း အချိန်တိုအတွင်းမှာ ဂိုးတွေအပြန်အလှန်သွင်းယူပြီး ၄-၃ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီလို အနိုင်ရအောင် လူကစားသမားတွေရဲ့ စိတ်ထဲကို အနိုင်ရလိုစိတ် ရိုက်သွင်းခဲ့ကြောင်း ကလော့ပ်က အခုလို ပြောပါတယ်။

“ဒီလိုကြိုးစားတဲ့ ကစားသမားတွေကို ဘယ်သူက မအံ့သြဘဲ နေနိုင်မှာလဲ” လို့ ဂျာဂင်ကလော့ပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သူတို့ရဲ့ ကစားနှုန်းက တကယ့်ကို မယုံနိုင်စရာပဲ။ ဒီလိုခက်ခဲတဲ့ ပွဲမျိုးက ဒီရာသီမှာ ဒါပထမဆုံးမဟုတ်ဘူး။ အရင်ပွဲတွေလည်း ဒီအတိုင်း ခက်ခက်ခဲခဲနဲ့ လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ကတော့ တကယ့်စပါယ်ရှယ်ပါ။ တကယ်ကို သဘောကျပါတယ်”

“ပထမပိုင်း ရလဒ်က ပရိသတ်တွေအတွက် အရမ်းစိတ်ပျက်စေခဲ့တယ်။ ၁-၀ နဲ့ ရှုံးနိမ့်ရာကနေ ပြန်လာနိုင်ခဲ့တယ်။ လူတော်တော်များများက ဒီပွဲကို ရှုံးပြီလို့ ထင်ခဲ့ကြတာ။ သူတို့ထင်သလို ဖြစ်မလာခဲ့ဘူး။ ကျွန်တော်ကတော့ ကစားသမားတွေ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ကစားဖို့ပဲ ပြောကြားခဲ့တယ်။ ဒီလိုခက်ခဲတဲ့ပွဲမှာ အနိုင် ၃ မှတ် ရခဲ့တာဟာ တကယ့်ကိုထိုက်တန်လွန်းပါတယ်” လို့ ဂျာဂင်ကလော့ပ်က ပြောလိုက်ပါတယ်။

ယခုဆိုရင် တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီး ဂိုးသွင်းအများဆုံးသမိုင်းမှာ နစ္စတယ်ရွိုင်း (၆၈)၊ အလန်ရှီးယား(၆၆)၊ အန်ဒီကိုး (၆၄) ပြီးရင်း စတုတ္ထမြောက် သွင်းဂိုးအများဆုံး ဖြစ်လာခဲ့ပါတယ်။ သွင်းဂိုး ၅၀ အတွက် ဆာလက်ဟာ ပရီးမီးယားလိဂ်ပွဲအရေအတွက် ၇၂ ပွဲသာ ကစားခဲ့ရတယ်လို့ ဆိုပါတယ်။

နည်းပြ ဂျာဂင်ကလော့ပ်ကတော့ ဆာလက်ဟာ မယုံနိုင်လောက်တဲ့ ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦး ဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …