အမ်ဘက်ပီမရလျှင် PSG ၏ ပစ်မှတ် ကော်တင်ဟို ဖြစ်လာနိုင်

PSG အသင်းဟာ မိုနာကိုတိုက်စစ်မှူး အမ်ဘက်ပီကို ခေါ်ယူဖို့ ကြိုးစားနေပြီး အကယ်၍ မအောင်မြင်ခဲ့လျှင် လီဗာပူးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူနိုင်အောင် ကြိုးစားသွားလိမ့်မယ်လို့ ပြင်သစ်သတင်းမီဒီယာများက ဖော်ပြနေကြပါတယ်။

ပြင်သစ်သတင်းမီဒီယာ L’Equipe ၏ ရှေ့စာမျက်နှာအဆိုအရ ဘရာဇီးသား ကော်တင်ဟိုက PSG အသင်းရဲ့ နောက်ထပ်ပစ်မှတ်ကစားသမားတစ်ဦး ဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။

အမ်ဘက်ပီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အကြီအကျယ်ဆက်သွယ်မှုတွေ ရှိနေတာကြောင့် အဆိုပါ ဆယ်ကျော်သက်ကစားသမားလေးကို ခေါ်နိုင်ဖို့ PSG အသင်းအတွက် အရမ်းခက်ခဲလိမ့်မယ်လို့ Daily Mail မှာ ဖော်ပြထားပါတယ်။

အကယ်၍ L’Equipe ၏ သတင်းသာ မှန်ခဲ့မယ်ဆိုရင် ဒီနွေအပြောင်းအရွှေ့မှာ PSG အသင်းက ကော်တင်ဟိုအတွက် လီဗာပူးလ်အသင်းထံ ကမ်းလှမ်းမှုတွေ မလွဲမသွေ ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းက ကော်တင်ဟိုကို ပြီးခဲ့တဲ့ရာသီကတည်းက စာချုပ်ဖြတ်သိမ်းကြေးမပါ၊ (၅)နှစ်စာချုပ် ချုပ်ဆိုထားတာကြောင့် သူတို့၏ ကစားသမားကို PSG ခေါ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေကြောင်း သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …