ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ ခီတာနဲ႔ ဖာမီႏိုရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒါဟာ ဆီမီးဖိုင္နယ္အဆင့္ တက္လွမ္းႏိုင္ဖို႔အတြက္ အေကာင္းဆံုးအေျခအေနတစ္ခု ျဖစ္ခဲ့ပါတယ္။

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

“ပြဲစကတည္းက သူတို႔ဟာ တစ္ဖက္အသင္းကို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ခဲ့တယ္။ ေနာက္ၿပီး ဂိုးေတြ ထပ္သြင္းႏိုင္တဲ့ အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့တယ္” လို႔ မိုက္ကယ္အို၀င္က ဆိုပါတယ္။
“ကေလာ့ပ္လက္ထက္ ၃ ႏွစ္အတြင္းမွာ ဥေရာပဖလားၿပိဳင္ပြဲဖိုင္နယ္အဆင့္ ၂ ႀကိမ္ တက္လွမ္းႏိုင္ခဲ့တာ အထင္ေသးလို႔ေတာ့မရဘူး။ အခု သူတို႔က ကြာတားဖိုင္နယ္အဆင့္ ေရာက္ေနၿပီ။ ဒါဟာ ဆီမီးဖိုင္နယ္အဆင့္ တက္လွမ္းဖို႔ အေကာင္းဆံုးအေနအထားပဲ”
ဒါေပမဲ့ လီဗာပူးလ္အသင္းဟာ ေနာက္တစ္ပတ္ ဗုဒၶဟူးေန႔ ေပၚတိုအိမ္ကြင္းမွာ သြားေရာက္မယွဥ္ၿပိဳင္ခင္ ခ်ဲလ္ဆီးအသင္းနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပဲြစဥ္တစ္ခုလည္း ရွိေနပါတယ္။ ဒီပြဲဟာ ပရီးမီးယားခ်န္ပီယံျဖစ္ေျမာက္ေရးအတြက္ အႏိုင္ကစားရမယ့္ ပြဲႀကီးတစ္ပြဲပါ။ ပြဲေတြပန္းၿပီး ေပၚတိုအိမ္ကြင္းမွာ အေရးမလွလို႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ ထြက္ခြာသြားရရင္ ဒါဟာ ကပ္ဆိုက္တာပဲ ျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားထားပါတယ္။

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

“ဒီပံုစံမ်ဳိးနဲ႔ ထြက္သြားလို႔ရွိရင္ လီဗာပူးလ္အသင္းက ကပ္ဆိုက္တာပဲ ျဖစ္မယ္။ ကၽြန္ေတာ္ကေတာ့ သူတို႔ေတြ ဆီမီးဖိုင္နယ္အဆင့္ တက္လွမ္းႏိုင္မယ္လို႔ အျပည့္အ၀ ေမွ်ာ္လင့္ထားတယ္။ အန္ဖီးလ္ကြင္းထဲမွာဆိုရင္ သူတို႔က အရမ္းအားေကာင္းၿပီး ထိန္းခ်ဳပ္မႈအျပည့္နဲ႔ ကစားႏိုင္တယ္။ ဒီမွာလာၿပီး ႀကီးစိုးမယ့္အသင္းဆိုလို႔ ကၽြန္ေတာ္ေတာ့ မျမင္မိေသးဘူး။ ပရိသတ္ေတြနဲ႔ ကစားသမားေတြက တစ္ေသြးတစ္သားတည္းပဲ” လို႔ အို၀င္က ေျပာလိုက္ပါတယ္။
နည္းျပ ဂ်ာဂင္ကေလာ့ပ္ကလည္း ပထမအေက်ာ့မွာ အႏိုင္ရခဲ့ေပမဲ့ ေပၚတိုအိမ္ကြင္းမွာ ယွဥ္ၿပိဳင္ရမယ့္ပြဲက ခက္ခဲႏိုင္ေၾကာင္း ကစားသမားေတြကို သတိေပးေျပာၾကားလိုက္ပါတယ္။

Unicode version

ပေါ်တိုကို ၂-၀ နဲ့ နိုင်ပြီးမှ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ရရင် လီဗာပူးလ်အသင်း ကပ်ဆိုက်တာပဲလို့ မိုက်ကယ်အိုဝင် သုံးသပ်

လီဗာပူးလ်အသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကတော့ ပထမအကျော့ရလဒ်အရ ကွာတားဖိုင်နယ်အဆင့်က လီဗာပူးလ်အသင်း ထွက်ခွာသွားရရင် ကပ်ဆိုက်တာဖြစ်မယ်ဆိုပြီး သုံးသပ်ပြောကြားလိုက်ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမကျော့ကို လီဗာပူးလ်အသင်းဟာ ပေါ်တိုအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရာ ခီတာနဲ့ ဖာမီနိုရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းနိုင်ဖို့အတွက် အကောင်းဆုံးအခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။
“ပွဲစကတည်းက သူတို့ဟာ တစ်ဖက်အသင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တယ်။ နောက်ပြီး ဂိုးတွေ ထပ်သွင်းနိုင်တဲ့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တယ်” လို့ မိုက်ကယ်အိုဝင်က ဆိုပါတယ်။
“ကလော့ပ်လက်ထက် ၃ နှစ်အတွင်းမှာ ဥရောပဖလားပြိုင်ပွဲဖိုင်နယ်အဆင့် ၂ ကြိမ် တက်လှမ်းနိုင်ခဲ့တာ အထင်သေးလို့တော့မရဘူး။ အခု သူတို့က ကွာတားဖိုင်နယ်အဆင့် ရောက်နေပြီ။ ဒါဟာ ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းဖို့ အကောင်းဆုံးအနေအထားပဲ”
ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ပေါ်တိုအိမ်ကွင်းမှာ သွားရောက်မယှဉ်ပြိုင်ခင် ချဲလ်ဆီးအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုလည်း ရှိနေပါတယ်။ ဒီပွဲဟာ ပရီးမီးယားချန်ပီယံဖြစ်မြောက်ရေးအတွက် အနိုင်ကစားရမယ့် ပွဲကြီးတစ်ပွဲပါ။ ပွဲတွေပန်းပြီး ပေါ်တိုအိမ်ကွင်းမှာ အရေးမလှလို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာသွားရရင် ဒါဟာ ကပ်ဆိုက်တာပဲ ဖြစ်မယ်ဆိုပြီး သုံးသပ်ပြောကြားထားပါတယ်။
“ဒီပုံစံမျိုးနဲ့ ထွက်သွားလို့ရှိရင် လီဗာပူးလ်အသင်းက ကပ်ဆိုက်တာပဲ ဖြစ်မယ်။ ကျွန်တော်ကတော့ သူတို့တွေ ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းနိုင်မယ်လို့ အပြည့်အ၀ မျှော်လင့်ထားတယ်။ အန်ဖီးလ်ကွင်းထဲမှာဆိုရင် သူတို့က အရမ်းအားကောင်းပြီး ထိန်းချုပ်မှုအပြည့်နဲ့ ကစားနိုင်တယ်။ ဒီမှာလာပြီး ကြီးစိုးမယ့်အသင်းဆိုလို့ ကျွန်တော်တော့ မမြင်မိသေးဘူး။ ပရိသတ်တွေနဲ့ ကစားသမားတွေက တစ်သွေးတစ်သားတည်းပဲ” လို့ အိုဝင်က ပြောလိုက်ပါတယ်။
နည်းပြ ဂျာဂင်ကလော့ပ်ကလည်း ပထမအကျော့မှာ အနိုင်ရခဲ့ပေမဲ့ ပေါ်တိုအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲက ခက်ခဲနိုင်ကြောင်း ကစားသမားတွေကို သတိပေးပြောကြားလိုက်ပါတယ်။

Check Also

“ခရစၥတယ္ပဲေလ့စ္ကို ရံႈးမယ္လို႔ေတာင္ ထင္ခဲ့ၾကတာ” ဆိုတဲ့ ကေလာ့ပ္

လီဗာပူးလ္အသင္း မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲကို လူေတြက ရံႈးၿပီလို႔ ထင္ခဲ့ၾကေၾကာင္း ဂ်ာဂင္ကေလာ့ပ္က ေျပာလိုက္ပါတယ္။ လီဗာပူးလ္အသင္းဟာ ပထမပိုင္းမွာ ၁-၀ ျဖင့္ ရံႈးနိမ့္ေနၿပီး ဒုတိယပိုင္း …