“ကော်တင်ဟိုရဲ့ အနာဂတ်က သူ့လက်ထဲမှာ မရှိတော့ဘူး”လို့ ပြောလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ကလော့ပ်က ကော်တင်ဟိုရဲ့ အနာဂတ်က သူ့လက်ထဲမှာ မရှိတော့ဘူးလို့ ပြောလိုက်ပြီး အပြောင်းအရွှေ့ကိစ္စက ဘုတ်အဖွဲ့တွေ ဆုံးဖြတ်ချက်ဖြစ်သွားပြီလို့ ပြောလိုက်ပါတယ်။

ဘာစီလိုနာအသင်းက ကော်တင်ဟိုအတွက် ပေါင် သန်း ၉၀ ပေးပြီး ကမ်းလှမ်းပေမယ့် လီဗာပူးလ်အသင်းက မရောင်းနိုင်ဘူးလို့ အပြတ်ငြင်းပြီးနောက် ကစားသမားကိုယ်တိုင်က ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။

ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး ကလော့ပ်ကို မေးကြည့်တော့ –

“ဒီထက် ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုခုကိုပဲ ကျွန်တော် ပြောတော့မယ်” လို့ ကလော့ပ်က ၀က်ဖို့ဒ်ကို ၃-၃ သရေဖြစ်တဲ့ ပွဲအပြီးမှာ ပြောပါတယ်။

“ကျွန်တော်က ကလပ်တစ်ခုရဲ့ နည်းပြတစ်ဦးသာ ဖြစ်တယ်။ ကျွန်တော့်မှာ အကြီးအကဲတွေ ရှိတယ်။ သူတို့ ကစားသမားကို ရောင်းသည်ဖြစ်စေ၊ မရောင်းသည်ဖြစ်စေ ကျွန်တော်ကတော့ လက်ခံရမှာပဲ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …