“ကော်တင်ဟိုနဲ့ သူ့ကြား အားလုံးအိုကေတယ်”လို့ ပြောလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ကလော့ပ်က သူနဲ့ ကော်တင်ဟို အကြား ဆက်ဆံရေး အဆင်မပြေမှုတွေ မရှိဘူးလို့ ပြောလိုက်ပြီး၊ ကော်တင်ဟိုဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာသည်နှင့် တပြိုင်နက် အသင်းနဲ့ ပြန်လည် ပူးပေါင်းတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

“အမှန်တကယ်တော့ သူနဲ့ ကျွန်တော်ကြား အရာအားလုံးက အိုကေတယ်။ လုံးဝ ၁၀၀ ရာခိုင်နှုန်းအပြည့်ပဲ” လို့ ကလော့ပ်က ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် ၃ ကြိမ်တိတိ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းပိုင်ရှင်တွေက လုံးဝ မရောင်းနိုင်ဘူးလို့ အပြတ်ငြင်းထားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က ကော်တင်ဟိုဟာ ရာသီကြိုခြေစမ်းပွဲတွေ နောက်ကျောဒဏ်ရာ ရရှိခဲ့သလို၊ ဖျားနာ နေတာကြောင့်  ဟော်ဖန်ဟိမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ပါဝင်ကစားဦးမည်မဟုတ်ကြောင်း အခုလို ပြောပါတယ်။

“သူ မနက်ဖြန်ညပွဲမှာ စတင် မပါဝင်နိုင်လောက်သေးဘူး။ ဘာလို့လဲဆိုတော့ သူ နေမကောင်းဖြစ်နေတယ်။ နောက်ပြီး အဖျားတက်နေတယ်” လို့ ပြောကြားလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …