messi-newsday-myanmar-champion-league-1

“ခ်န္ပီယံလိဂ္ဖလားႀကီး ေနာက္တစ္ႀကိမ္ ဆြတ္ခူးေပးပါ့မယ္” လို႔ ကတိေပးလိုက္တဲ့ မက္ဆီ

ဘာစီလိုနာ အသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီကေတာ့ သူဟာ ပရိသတ္ေတြအတြက္ ခ်န္ပီယံလိဂ္ဖလား မဆြတ္ခူးေပးႏိုင္လို႔ အရမ္းနာက်င္ေနရတယ္လို႔ ေျပာလုိက္ၿပီး ႀကီးက်ယ္ခမ္းနားတဲ့ ဒီဖလားႀကီးကို ေနာက္တစ္ႀကိမ္ ဆြတ္ခူးေပးပါ့မယ္လို႔ ကတိေပးေျပာဆိုိလိုက္ပါတယ္။

“ခ်န္ပီယံလိဂ္ဖလားႀကီး ေနာက္တစ္ႀကိမ္ ဆြတ္ခူးေပးပါ့မယ္” လို႔ ကတိေပးလိုက္တဲ့ မက္ဆီ

ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္ဖလား ၂၀၁၄-၁၅ ေဘာလံုးရာသီတုန္းက ၅ ႀကိမ္ေျမာက္ ေနာက္ဆံုးအႀကိမ္ ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆံုး ၃ ရာသီဆက္တိုက္ ကြာတားဖိုင္နယ္အဆင့္မွ ႏုတ္ထြက္သြားခဲ့ရတာ ျဖစ္ပါတယ္။ ဒီအတြက္ အရမ္းနာက်င္ခံစားေနရၿပီး ေနာက္တစ္ႀကိမ္ ဆြတ္ခူးႏိုင္ေအာင္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း မက္ဆီက အခုလို ေျပာပါတယ္။

” ဒီရာသီအတြက္ ကၽြန္ေတာ္တို႔ကေတာ့ ေတာ္ေတာ့္ကို စိတ္လႈပ္ရွားေနၿပီ။ ကစားသမားအသစ္ေတြက ကၽြန္ေတာ္တို႔ကို အရင္တုန္းကထက္ ပိုေကာင္းေအာင္ အမ်ားႀကီး ကူညီေပးႏိုင္မယ္” လို႔ မက္ဆီက ရာသီသစ္မိတ္ဆက္ပြဲမွာ ေျပာပါတယ္။

“ခ်န္ပီယံလိဂ္ဖလားႀကီး ေနာက္တစ္ႀကိမ္ ဆြတ္ခူးေပးပါ့မယ္” လို႔ ကတိေပးလိုက္တဲ့ မက္ဆီ

”က်ြန္ေတာ္တုိ႔အသင္းဟာ မႏွစ္က လာလီဂါနဲ႔ စပိန္ဘုရင့္ဖလားကိုပဲ ဆြတ္ခူးႏိုင္ခဲ့တယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အားလံုး နာက်င္ေနရပါတယ္”

”ဒီလွပတဲ့ ဆုဖလားၾကီးကို ႏူးကမ့္ကြင္းၾကီးထဲ ေနာက္တစ္ႀကိမ္ ျပန္လည္ သယ္ယူလာနိုင္ဖုိ႔ တက္ႏိုင္သမွ် အရာရာေပးဆပ္သြားပါ့မယ္။ ဒါကို ကတိေပးပါတယ္ ” လို႔ မက္ဆီက ေျပာလုိက္ပါတယ္။

“ခ်န္ပီယံလိဂ္ဖလားႀကီး ေနာက္တစ္ႀကိမ္ ဆြတ္ခူးေပးပါ့မယ္” လို႔ ကတိေပးလိုက္တဲ့ မက္ဆီ

မက္ဆီဟာ ယခုႏွစ္ ေဘာလံုးရာသီတစ္ေလွ်ာက္လံုး ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူသြားမည္ျဖစ္ၿပီး ဒီလက္ပတ္ကို ဆင္ျမန္းခြင့္ရတဲ့အတြက္ ဂုဏ္ယူမိေၾကာင္း ဆက္လက္ေျပာၾကားသြားခဲ့ပါတယ္။

Unicode version

ဘာစီလိုနာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကတော့ သူဟာ ပရိသတ်တွေအတွက် ချန်ပီယံလိဂ်ဖလား မဆွတ်ခူးပေးနိုင်လို့ အရမ်းနာကျင်နေရတယ်လို့ ပြောလိုက်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဒီဖလားကြီးကို နောက်တစ်ကြိမ် ဆွတ်ခူးပေးပါ့မယ်လို့ ကတိပေးပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဖလား ၂၀၁၄-၁၅ ဘောလုံးရာသီတုန်းက ၅ ကြိမ်မြောက် နောက်ဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၃ ရာသီဆက်တိုက် ကွာတားဖိုင်နယ်အဆင့်မှ နုတ်ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအတွက် အရမ်းနာကျင်ခံစားနေရပြီး နောက်တစ်ကြိမ် ဆွတ်ခူးနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း မက်ဆီက အခုလို ပြောပါတယ်။

” ဒီရာသီအတွက် ကျွန်တော်တို့ကတော့ တော်တော့်ကို စိတ်လှုပ်ရှားနေပြီ။ ကစားသမားအသစ်တွေက ကျွန်တော်တို့ကို အရင်တုန်းကထက် ပိုကောင်းအောင် အများကြီး ကူညီပေးနိုင်မယ်” လို့ မက်ဆီက ရာသီသစ်မိတ်ဆက်ပွဲမှာ ပြောပါတယ်။

”ကျွန်တော်တို့အသင်းဟာ မနှစ်က လာလီဂါနဲ့ စပိန်ဘုရင့်ဖလားကိုပဲ ဆွတ်ခူးနိုင်ခဲ့တယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အားလုံး နာကျင်နေရပါတယ်”

”ဒီလှပတဲ့ ဆုဖလားကြီးကို နူးကမ့်ကွင်းကြီးထဲ နောက်တစ်ကြိမ် ပြန်လည် သယ်ယူလာနိုင်ဖို့ တက်နိုင်သမျှ အရာရာပေးဆပ်သွားပါ့မယ်။ ဒါကို ကတိပေးပါတယ် ” လို့ မက်ဆီက ပြောလိုက်ပါတယ်။

မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီတစ်လျှောက်လုံး ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဒီလက်ပတ်ကို ဆင်မြန်းခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

Check Also

အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္ေခတ္ပဲ

“ဘာစီလိုနာကို ႏိုင္ပြဲေတြရေအာင္ လုပ္ေပးသူက မက္ဆီ မဟုတ္ဘူး၊ ကၽြန္ေတာ္ပါ” – အီတူး

ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္း အီတူးကေတာ့ နည္းျပ ပပ္ဂြာဒီယိုလာရဲ႕ နည္းစနစ္ ခ်ဳပ္ကိုင္မႈေတြကို အျပစ္တင္ ရံႈ႕ခ်လိုက္ၿပီး ဘာစီလိုနာကို အႏိုင္ရေအာင္ စြမ္းေပးခဲ့သူက မက္ဆီမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ အီတူးဟာ …