Lionel-Messi-makes-family-time-international-break

ႏိုင္ငံလက္ေရြးစင္ပြဲေတြ က်င္းပခ်ိန္မွာ မိသားစုအတြက္ အခ်ိန္ေပးျဖစ္ေနတဲ့ မက္ဆီ

Zawgyi Font Version

မက္ဆီဟာ ႏိုင္ငံပြဲစဥ္ေတြအတြက္ အာဂ်င္တီးနားလူစာရင္းမွ ထြက္ခြာခဲ့ၿပီးေနာက္ သူ႕မိသားစုဘက္ကို အခ်ိန္ေပးၿပီး ေပ်ာ္ရႊင္ၾကည္ႏူးေနတာကို ေတြ႕ရပါတယ္။

ယခုႏွစ္ေႏြရာသီတုန္းက က်င္းပခဲ့တဲ့ ကမာၻ႕ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းမွ ၁၆ သင္း ရံႈး/ထြက္အဆင့္မွ ထြက္ခြာခဲ့ၿပီးေနာက္ မက္ဆီဟာ ႏိုင္ငံအသင္းမွ ထြက္ခြာၿပီး အနားယူဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ တရား၀င္ဆံုးျဖတ္ခ်က္ မထြက္ေပၚလာေသးပါဘူး။

messi fail in international

ဂြာတီမာလာနဲ႔ ကိုလံဘီယာႏိုင္ငံနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ပြဲစဥ္ေတြအတြက္ အသင္းလူစာရင္းမွာ ပါ၀င္ပမယ့္အစား အသက္ ၃၁ ႏွစ္ ရွိတဲ့ မက္ဆီဟာ အသက္ ၅ ႏွစ္အရြယ္ တီယာဂို၊ ၃ ႏွစ္အရြယ္ မာတီယိုနဲ႔ ၁၁ လသားအရြယ္ ဆိုင္ရိုတို႔နဲ႔ အခ်ိန္ေတြ ကုန္ဆံုးေစခဲ့ပါတယ္။

ၾကာသပေတးေန႔တုန္းကလည္း မက္ဆီဟာ သားႏွစ္ေယာက္ကို ေက်ာင္းပို႔ေပးတဲ့ပံု တင္ခဲ့ပါေသးတယ္။

messi with family - newsday myanmar photo

မက္ဆီဟာ UEFA Best Player ဆုနဲ႔ လြဲေခ်ာ္ခဲ့သလို ဖီဖာမွ ေပးအပ္မယ့္ The Best ဆုအတြက္ စံကာတင္ ၃ ေယာက္ေယာက္   စာရင္းထဲမွာ ပါ၀င္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ မက္ဆီဟာ ယခုႏွစ္ ေဘာလံုးရာသီမွာ ဘာစီလိုနာအသင္းအတြက္ ၄ ဂိုး သြင္းယူေပးထားၿပီး ဖန္တီး၂ ႀကိမ္ ျပဳလုပ္ထားကာ ရာသီသစ္ကို အေကာင္းဆံုး ဖြင့္လွစ္ထားႏိုင္သူ ျဖစ္ပါတယ္။

Unicode version

နိုင်ငံလက်ရွေးစင်ပွဲတွေ ကျင်းပချိန်မှာ မိသားစုအတွက် အချိန်ပေးဖြစ်နေတဲ့ မက်ဆီ

မက်ဆီဟာ နိုင်ငံပွဲစဉ်တွေအတွက် အာဂျင်တီးနားလူစာရင်းမှ ထွက်ခွာခဲ့ပြီးနောက် သူ့မိသားစုဘက်ကို အချိန်ပေးပြီး ပျော်ရွှင်ကြည်နူးနေတာကို တွေ့ရပါတယ်။

ယခုနှစ်နွေရာသီတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းမှ ၁၆ သင်း ရှုံး/ထွက်အဆင့်မှ ထွက်ခွာခဲ့ပြီးနောက် မက်ဆီဟာ နိုင်ငံအသင်းမှ ထွက်ခွာပြီး အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ တရားဝင်ဆုံးဖြတ်ချက် မထွက်ပေါ်လာသေးပါဘူး။

ဂွာတီမာလာနဲ့ ကိုလံဘီယာနိုင်ငံနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေအတွက် အသင်းလူစာရင်းမှာ ပါဝင်ပမယ့်အစား အသက် ၃၁ နှစ် ရှိတဲ့ မက်ဆီဟာ အသက် ၅ နှစ်အရွယ် တီယာဂို၊ ၃ နှစ်အရွယ် မာတီယိုနဲ့ ၁၁ လသားအရွယ် ဆိုင်ရိုတို့နဲ့ အချိန်တွေ ကုန်ဆုံးစေခဲ့ပါတယ်။

ကြာသပတေးနေ့တုန်းကလည်း မက်ဆီဟာ သားနှစ်ယောက်ကို ကျောင်းပို့ပေးတဲ့ပုံ တင်ခဲ့ပါသေးတယ်။

မက်ဆီဟာ UEFA Best Player ဆုနဲ့ လွဲချော်ခဲ့သလို ဖီဖာမှ ပေးအပ်မယ့် The Best ဆုအတွက် စံကာတင် ၃ ယောက်ယောက်   စာရင်းထဲမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ၄ ဂိုး သွင်းယူပေးထားပြီး ဖန်တီး၂ ကြိမ် ပြုလုပ်ထားကာ ရာသီသစ်ကို အကောင်းဆုံး ဖွင့်လှစ်ထားနိုင်သူ ဖြစ်ပါတယ်။

Check Also

အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္ေခတ္ပဲ

“ဘာစီလိုနာကို ႏိုင္ပြဲေတြရေအာင္ လုပ္ေပးသူက မက္ဆီ မဟုတ္ဘူး၊ ကၽြန္ေတာ္ပါ” – အီတူး

ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္း အီတူးကေတာ့ နည္းျပ ပပ္ဂြာဒီယိုလာရဲ႕ နည္းစနစ္ ခ်ဳပ္ကိုင္မႈေတြကို အျပစ္တင္ ရံႈ႕ခ်လိုက္ၿပီး ဘာစီလိုနာကို အႏိုင္ရေအာင္ စြမ္းေပးခဲ့သူက မက္ဆီမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ အီတူးဟာ …