အီဟီနာချိုကို ပေါင် ၂၅သန်းနဲ့ လက်စတာစီးတီး ကမ်းလှမ်း

လက်စတာစီးတီးအသင်းဟာ မန်စီးတီးတိုက်စစ်ကစားသမား အီဟီနာချိုကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး အောင်မြင်စွာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အီဟီနာချိုဟာ ဒီနွေမှာ လက်စတာစီးတီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ကလပ်နှစ်ခု သဘောတူညီမှု ရထားတယ်လို့ Independent မှာ ဖော်ပြထားပါတယ်။

လက်စတာစီးတီးနည်းပြသစ်ဟာ ဒီနွေမှာ ဟားစီးတီးအသင်းမှ ဟယ်ရီမစ်ဂွိုင်းယားကို ပေါင် ၁၇သန်းနဲ့ ခေါ်ယူခဲ့သလို၊ ဆီဗီးလားအသင်းခေါင်းဆောင် အီဘော်ရာကိုလည်း ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ယခု မန်စီးတီးတိုက်စစ်ကစားသမား အီဟီနာချိုက လက်စတာစီးတီးအသင်း တတိယမြောက် ခေါ်ယူနိုင်တဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ Sky Sports မှာလည်း ဖော်ပြထားပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …