lack-of-support-system-wilfried-zaha-reveals-why-he-flopped

“မန္ယူမွာ ေနခဲ့တဲ့ အခုိက္အတန္႔ကာလဟာ ငရဲျပည္ႀကီးမွာ ေနခဲ့ရသလိုပဲ” – ဇာဟာ

Zawgyi Version

၀ဲလ္ဖီးဇာဟာက မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေထာက္ပံ့မႈကင္းမဲ့လြန္းၿပီး ငရဲျပည္မွာေနေနရသလို ခံစားရတာေၾကာင့္ အသင္းကေန ထြက္ခြာခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

wilfriedzaha1009

မန္ယူအသင္းဟာ အသက္ ၂၅ ႏွစ္ အရြယ္ရွိတဲ့ ဇာဟာကို နည္းျပႀကီး ဖာဂူဆန္ အနားမယူခင္ ေနာက္ဆံုးေခၚယူခဲ့တာ ျဖစ္ပါတာယ္။ ဒါေပမယ့္ သူဟာ နည္းျပသစ္ မိုယက္စ္ရဲ႕ နည္းစနစ္ေအာက္မွာ ပြဲထြက္ကစားခ်ိန္ လံုေလာက္စြာ မရရွိဘဲ ကာဒစ္စီးတီးအသင္းနဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔မွာ အငွားျဖင့္ ေျပာင္းေရႊ႕ကစားခဲ့ရၿပီးေနာက္ ေနာက္ဆံုး ခရစၥတယ္ပဲေလ့စ္အသင္းထံ အျပီးတိုင္ ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

Wilfried Zaha opens up on his time

ဒါေပမယ့္ ဇာဟာဟာ ခရစၥတယ္ပဲေလ့စ္အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာခဲ့ၿပီး မႏွစ္ကလည္း အသင္းကို တန္းမဆင္းေအာင္ ကူညီေပးႏိုင္တဲ့အျပင္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၁ ေနရာေရာက္ေအာင္ပါ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

Crystal Palace v West Ham United - Premier League - Selhurst Park

ဒီရာသီမွာလည္း ၄ ပြဲကစားၿပီး ၃ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ဇာဟာက သူ အခုလို ပိုသန္မာလာတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာရတာဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ရရွိခဲ့တဲ့ အေတြ႕အႀကံဳေတြေၾကာင့္ ဆိုၿပီး အခုလို ရင္ဖြင့္လာပါတယ္။

“ယူႏိုက္တက္မွာ ေနရာရဖို႔ဆိုတာ အရမ္းခက္ပါတယ္။ ေနရာ မေပးခ်င္ၾကဘူး” လို႔ ဇာဟာက ေျပာပါတယ္။

Wilfried Zaha opens up on his time

“ယူႏိုက္တက္ကေန ထြက္ခြာခဲ႔ရလို႔လည္း ဘာေနာင္တမွ မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက ကၽြန္ေတာ့္ကို ပိုၿပီး သန္မာေစလို႔ပဲ။ အသက္ ၁၉ ႏွစ္ အရြယ္မွာ ကၽြန္ေတာ္ မန္ခ်က္စတာကို ေရာက္သြားခဲ့တယ္။ သူတို႔ ကၽြန္ေတာ့္ကို တျခားကစားသမားေတြလို ကားတစ္စင္းမေပးဘူး။ ဘာမွကို မပံ့ပိုးဘူး။ ကၽြန္ေတာ္ဟာ မိသားစုေတြနဲ႔ အေ၀ႀကီးမွာ တစ္ေယာက္တည္း အဲဒီငရဲျပည္ႀကီးထဲမွာ ေနခဲ့ရတယ္။ ေနာက္ၿပီး ကၽြန္ေတာ္ေတြးလိုက္တယ္ ‘ဒါေတြက ငါ့ကို ပိုၿပီးသန္မာေအာင္ မလုပ္ႏိုင္ရင္ ဘယ္ဟာက လုပ္ႏိုင္မွာလဲ?’ လို႔ေပါ့ ” ဆိုၿပီး ဇာဟာက ရင္ဖြင့္ ေျပာလိုက္ပါတယ္။

Unicode version

“မန်ယူမှာ နေခဲ့တဲ့ အခိုက်အတန့်ကာလဟာ ငရဲပြည်ကြီးမှာ နေခဲ့ရသလိုပဲ” လို့ ထုတ်ဖော်ပြောလိုက်တဲ့ ဇာဟာ

ဝဲလ်ဖီးဇာဟာက မန်ချက်စတာယူနိုက်တက်အသင်းဟာ ထောက်ပံ့မှုကင်းမဲ့လွန်းပြီး ငရဲပြည်မှာနေနေရသလို ခံစားရတာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းဟာ အသက် ၂၅ နှစ် အရွယ်ရှိတဲ့ ဇာဟာကို နည်းပြကြီး ဖာဂူဆန် အနားမယူခင် နောက်ဆုံးခေါ်ယူခဲ့တာ ဖြစ်ပါတာယ်။ ဒါပေမယ့် သူဟာ နည်းပြသစ် မိုယက်စ်ရဲ့ နည်းစနစ်အောက်မှာ ပွဲထွက်ကစားချိန် လုံလောက်စွာ မရရှိဘဲ ကာဒစ်စီးတီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့မှာ အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့ရပြီးနောက် နောက်ဆုံး ခရစ္စတယ်ပဲလေ့စ်အသင်းထံ အပြီးတိုင် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး မနှစ်ကလည်း အသင်းကို တန်းမဆင်းအောင် ကူညီပေးနိုင်တဲ့အပြင် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာရောက်အောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ၄ ပွဲကစားပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဇာဟာက သူ အခုလို ပိုသန်မာလာတဲ့ ကစားသမားတစ်ယောက် ဖြစ်လာရတာဟာ မန်ချက်စတာယူနိုက်တက်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဆိုပြီး အခုလို ရင်ဖွင့်လာပါတယ်။

“ယူနိုက်တက်မှာ နေရာရဖို့ဆိုတာ အရမ်းခက်ပါတယ်။ နေရာ မပေးချင်ကြဘူး” လို့ ဇာဟာက ပြောပါတယ်။

“ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရလို့လည်း ဘာနောင်တမှ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်တော့်ကို ပိုပြီး သန်မာစေလို့ပဲ။ အသက် ၁၉ နှစ် အရွယ်မှာ ကျွန်တော် မန်ချက်စတာကို ရောက်သွားခဲ့တယ်။ သူတို့ ကျွန်တော့်ကို တခြားကစားသမားတွေလို ကားတစ်စင်းမပေးဘူး။ ဘာမှကို မပံ့ပိုးဘူး။ ကျွန်တော်ဟာ မိသားစုတွေနဲ့ အဝေကြီးမှာ တစ်ယောက်တည်း အဲဒီငရဲပြည်ကြီးထဲမှာ နေခဲ့ရတယ်။ နောက်ပြီး ကျွန်တော်တွေးလိုက်တယ် ‘ဒါတွေက ငါ့ကို ပိုပြီးသန်မာအောင် မလုပ်နိုင်ရင် ဘယ်ဟာက လုပ်နိုင်မှာလဲ?’ လို့ပေါ့ ” ဆိုပြီး ဇာဟာက ရင်ဖွင့် ပြောလိုက်ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …