“၀ိန်းဟာ အသိဥာဏ်ကောင်းလွန်းပြီး ဖလားဆွတ်ခူးနိုင်တဲ့ နည်းလမ်းသိတယ်”လို့ ကိုးမန်း ချီးကျူး

အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းက ပရီးမီးယားလိဂ်ဂိုး ၂၀၀ သွင်းယူနိုင်တဲ့ တိုက်စစ်မှူး ၀ိန်းရွန်းနီဟာ လူငယ်ကစားသမားတွေအတွက် စံပြကစားသမားတစ်ယောက်ဖြစ်ပြီး ဖလားဆွတ်ခူးနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ သိတယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

“သူက နည်းပြတိုင်းအလိုရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်နေဆဲပဲ” လို့ ရွန်းနီနဲ့ ပတ်သတ်ပြီး ကိုးမန်းက ပြောပါတယ်။

“ကျွန်တော်တို့မှာ လူငယ်ကစားသမားတွေ ရှိပါတယ်။ အဲဒီလူငယ်ကစားသမားလေးတွေရဲ့ ဆရာ သူပေါ့။ ကျွန်တော်တို့ ဖလားတွေ ဆွတ်ခူးချင်တယ်။ ဖလားရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သူသိတယ်။ ဒါဟာ လူငယ်ကစားသမားတွေအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်။ စတုတ်နဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး ကျွန်တော် အရမ်းကျေနပ်ခဲ့တယ်။ ဒီညမှာလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ သူ့ရဲ့ အသိဥာဏ်ကောင်းပုံတွေကို မြင်တွေ့ခဲ့ရတယ်” လို့ ကိုးမန်းက ပြောပါတယ်။

ရွန်းနီဟာ ယနေ့မနက် မန်စီးတီးအသင်းနဲ့ ၁-၁ သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၁ ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ ပြည့်မြောက်ခဲ့ပြီး နယူးကာဆယ်တိုက်စစ်မှူး အလန်ရှီးယားရဲ့ သွင်းဂိုးမှတ်တမ်း ၂၆၀ ပြီးရင် ဒုတိယသွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …