“ပရီးမီးယားလိဂ်ဖလားကို အညံ့ခံလိုက်ပြီ” လို့ ကလော့ပ် ပြောဆို

လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကတော့ ပရီးမီးယားလိဂ်ဖလားကို လက်လျှော့ အညံ့ခံလိုက်ပြီလို့ ပြောလိုက်ပြီး နောက်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်နိုင်ရေးကိုသာ ကြိုးစားတော့မယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းနဲ့ အမှတ် ၂၀ ကွာဟနေပြီး အဆင့် ၄ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

“ဒီနှစ်တော့ မန်ချက်စတာစီးတီးကို ဘယ်အသင်းမှ အမှီလိုက်နိုင်လိမ့်မယ် မထင်ဘူး” လို့ ကလော့ပ်က ပြောပါတယ်။

“ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးဖို့ အများကြီး တွက်ဆလို့ ရသေးတယ်”

“ကျွန်တော်တို့ကတော့ နောက်နှစ် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ ၀င်နိုင်အောင်ပဲ ကြိုးစားတော့မယ်။ အတက်နိုင်ဆုံး အမြင့်ဆုံးအဆင့် ရောက်အောင် ကြိုးစားသွားမယ်”

“အခုအနေအထားရဆိုရင် အဆင့် ၂၊ ၃၊ ၄ အတွင်း ၀င်နိုင်ပါတယ်” လို့ ကလော့ပ်က ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …